အဆိပ်ရှိသော ကင်းမြီးကောက်နှင့်ကင်းခြေများကိုက်ခံရပါက အဆိပ်ပြေစေမယ့် အလွယ်ဆုံးနည်းလမ်း




ကင်းခြေများ မတော်တဆကိုက်ခံရပါက

သင်္ဘောသီး အစိမ်း အခွံမှအစေးကို ကိုက်ခံရသောနေရာတွင်လိမ်းပေးခြင်းဖြင့် အဆိပ်ချက်ချင်းပြေနိုင်ပါတယ်။




ကင်းမြှီးကောက်ကိုက်ခံ ရပါက

သံပုရာသီးအရည်နှင့်အချိုမှုန့် သမအောင်ရောစပ်၍ရသော အရည်ဖြင့်ကိုက်ခံရသော နေရာအားလိမ်းပေးပါက၁၀ မိနစ် အတွင်း အဆိပ်ပြေ နိုင်သည်။




ကြက်သွန်နီ ၃ လုံးကို မီးဖုတ်ပါ ။မီးဖုတ်ပြီးသော ကြက်သွန်နီကို ထောင်း၍ အရည်ညစ်ယူပါ။




ကြက်သွန် မီးဖုတ် အရည်ကို အကိုက်ခံရသည့် နေရာကို လိမ်းပေးပြီးအဖတ်များ ကိုလည်း အနာပေါ်ကိုအုံ၍အဝတ်ဖြင့်စည်းထားပါ။အဆိပ်ပြေလိမ့်မည်။




မန်ကျည်းသီးအစေ့ကိုသွေး၍အရည်ကိုအနာပေါ် လိမ်းပေးပါ။အဆိပ်ပြေပါလိမ့်မည်။




(ကင်းမြီးကောက် ကိုအလွယ်တကူ သိမြင်နိုင်သော်လည်းအချို့မှာကင်းခြေများနှင့်ရထားကောင်တို့ကိုဆင်တူနေသဖြင့်မှားယွင်းတတ်ကြပါသည်…




သိသူများကတော့ အလွယ်တကူခွဲခြား နိုင်သော်လည်းမသိသူများ မှတ်သားရန်မှာ… လူကို အန္တရာယ် မပေးတတ်သောရထားကောင်မှာ နှေးကွေးလေးလံစွာသွာ သွားသည့်အကောင်မျိုးဖြစ်၍




ကင်းခြေများမှာတော့ သင် ဖမ်းမမီအောင်အသွားမြန်သည့် သတ္တဝါမျိုးဖြစ်ပါသည်။ရထားကောင်က ခန္ဓာကိုယ် လုံးပြီး၊ ကင်းခြေများကတော့ပြားသော ခန္ဓာကိုယ် ရှိပါသည်။




မကြာသေးမီကရထားကောင်ပေါ်ဖိအိပ်မိသောကျောင်းသားလေးတစ်ဦး၏ လည်ပင်းတွင် အညိုအမည်းစွဲသည့် ဒဏ်ရာဖြစ်ကျန်ရစ်သည့် ပို့စ်ကို တင်ပေးခဲ့ပြီးဖြစ်ပါသည်။




ရထားကောင်အား ဖိအိပ်မိပြီး သူ၏ခန္ဓာကိုယ်မှ ထွက်သည့်အရည်များနှင့်အချိန်ကြာစွာ ထိမိ၍ ဤသို့ဖြစ်ရခြင်း ဖြစ်သော်လည်း




သာမန်အားဖြင့်ထိုရထားကောင်များမှာ အန္တရာယ် မပေးသည့် သတ္တဝါ ဖြစ်သည့်အပြင်သူ့အား တို့ထိလိုက်ပါက သင်းခွေချပ်ကဲ့သို့ ခန္ဓာကိုယ်တခုလုံးအားခွေပြီး




နေလိုက်သဖြင့်ကလေးများ၏ဆော့ကစားခြင်းကိုပင်ခံရသည့်သတ္တဝါဖြစ်ပါသည်။ကင်းခြေများနှင့် ကင်းမြီးကောက်ကတော့အဆိပ်ရှိသတ္တဝါဖြစ်ပြီး




မလွဲမရှောင်သာတိုးမိ၍သော်လည်းကောင်း တက်နင်းမိ၍သော်လည်းကောင်း အကိုက်ခံရပါက အဆိပ်တက်နိုင်ပါသဖြင့်ထိုသတ္တဝါများကို ခွဲခြားသိမြင်ရှောင်ရှားနိုင်ကြပါစေ…)
Credit မူရင်း ဆရာကျေးဇူးပါ