သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်သေဆုံးတယ်ဆိုတာမဟုတ်ကြောင်း ပြောပြလာတဲ့ ဒါရိုက်တာ မောင်မျိုးမင်း




ယနေ့ သြဂုတ် ၁၄ ရက်တွင် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်ကွယ်လွန်တယ်ဆိုတဲ့သတင်းတွေဟာ သတင်းမှားသာဖြစ်တယ်လို့ သိရပါတယ်။




သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ ခင်ပွန်းဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦးနဲ့အတူ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရတာပါ။




ဒီနေ့ နေ့လည်လောက်မှာ “အင်းစိန်အကျဉ်းထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက် ကွယ်လွန်သွားပြီ”ဆိုတဲ့ Post တစ်ခု




အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပြီးနောက်ပိုင်းမှာတော့ ကွယ်လွန်သွားသူဟာ အိန္ဒြာကျော်ဇင်ဖြစ်တယ်လို့ ဆက်လက် ရေးသားလာခဲ့ကြတာပဲဖြစ်ပါတယ်။




လူမူကွန်ယက်မှာ ပျံ့နေတဲ့ အိန္ဒြာကျော်ဇင် ကွယ်လွန်ပြီဆိုတဲ့သတင်းတွေက သတင်းအမှားတွေသာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ကလည်း




“အူဝဲ ဘာမှမဖြစ်ပါဘူး။ မဟုတ်တာတွေမပြောပါနဲ့ “သူ့ရဲ့ လူမူကွန်ယက်မှာရေးသားထားပါတယ်။ အိန္ဒြာကျော်ဇင် ကျန်းမာကောင်းမွန်ကြောင်းလည်းကြားသိရပါတယ်။




ပရိတ်သတ်အချစ်တော် မင်းသမီးအိန္ဒြာကျော်ဇင်ဘာမှမဖြစ်တဲ့အတွက်စိုးရိမ်မှုတွေမဖြစ်ကြစေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။




သ႐ုပ္ေဆာင္မင္းသမီး အိႁႏၵာေက်ာ္ဇင္ေသဆုံးတယ္ဆိုတာမဟုတ္ေၾကာင္း ေျပာျပလာတဲ့ ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း(Zawgyi)

ယေန႔ ၾသဂုတ္ ၁၄ ရက္တြင္ အြန္လိုင္းလူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ပ်ံ႕ႏွံ႔ေနတဲ့ သ႐ုပ္ေဆာင္မင္းသမီး အိႁႏၵာေက်ာ္ဇင္ကြယ္လြန္တယ္ဆိုတဲ့သတင္းေတြဟာ သတင္းမွားသာျဖစ္တယ္လို႔ သိရပါတယ္။
သ႐ုပ္ေဆာင္ အိႁႏၵာေက်ာ္ဇင္ဟာ ခင္ပြန္းျဖစ္တဲ့ သ႐ုပ္ေဆာင္ ေျပတီဦးနဲ႔အတူ အင္းစိန္အက်ဥ္းေထာင္မွာ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အမႈရင္ဆိုင္ေနရတာပါ။

ဒီေန႔ ေန႔လည္ေလာက္မွာ “အင္းစိန္အက်ဥ္းေထာင္တြင္း ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းသမီးတစ္ေယာက္ ကြယ္လြန္သြားၿပီ”ဆိုတဲ့ Post တစ္ခု
အြန္လိုင္းလူမႈကြန္ရက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔လာခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ကြယ္လြန္သြားသူဟာ အိႁႏၵာေက်ာ္ဇင္ျဖစ္တယ္လို႔ ဆက္လက္ ေရးသားလာခဲ့ၾကတာပဲျဖစ္ပါတယ္။

လူမူကြန္ယက္မွာ ပ်ံ႕ေနတဲ့ အိႁႏၵာေက်ာ္ဇင္ ကြယ္လြန္ၿပီဆိုတဲ့သတင္းေတြက သတင္းအမွားေတြသာျဖစ္ပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ဒါ႐ိုက္တာေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)ကလည္း
“အူဝဲ ဘာမွမျဖစ္ပါဘူး။ မဟုတ္တာေတြမေျပာပါနဲ႔ “သူ႕ရဲ႕ လူမူကြန္ယက္မွာေရးသားထားပါတယ္။ အိႁႏၵာေက်ာ္ဇင္ က်န္းမာေကာင္းမြန္ေၾကာင္းလည္းၾကားသိရပါတယ္။

ပရိတ္သတ္အခ်စ္ေတာ္ မင္းသမီးအိႁႏၵာေက်ာ္ဇင္ဘာမွမျဖစ္တဲ့အတြက္စိုးရိမ္မႈေတြမျဖစ္ၾကေစရန္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။