တရားထိုင်ခြင်း၏ကုသိုလ်အကျိုးများ

တရားထိုင်သူတိုင်းဖတ်သင့်သောတရားထိုင်ခြင်း၏ကုသိုလ်အကျိုးများ

တရားထိုင်ဖို့… မလှုပ်မပြင်ပဲထိုင်လိုက်တာနဲ့ ကာယကံသီလကုသိုလ်ရနေပါပြီ.. နုတ်ကိုဘာမှမပြောပဲဆိတ်ဆိတ်နေတာနဲ့ ၀စီကံသီလကုသိုလ်ရနေပါပြီ..

စိတ်ကို ၀င်လေသိ,ထွက်လေသိထားတာနဲ့မနောကံသီလကုသိုလ်ရနေပါပြီ.. ၀င်လေသိထွက်လေသိနေအောင်ဝီရိယစိုက်နေတာဟာ သမ္မာဝါယမဂ္ဂင်ကုသိုလ်ရနေပါပြီ

၀င်လေထွက်လေကိုအမြဲသိနေတာက,သမ္မာသတိမဂ္ဂင်ကုသိုလ်ရနေပါပြီ ၀င်လေထွက်လေမှာစိတ်တည်နေတာက, သမ္မာသမာဓိမဂ္ဂင်ကသိုလ်ရနေပါပြီ

အဲ့ဒီသမာဓိနဲ့ ခန္ဓာ မှာဖောက်ပြန်ပေါ်လာတာကရုပ်,သိလိုက်တာကနာမ်, ကို မြင်နေတာ သမ္မာဒိဌိမဂ္ဂင်ကုသိုလ်ရနေပါပြီအဲ့ဒီရုပ်နာမ်ဟာပျက်သွားပါလားလို့ သိကြံလိုက်တာက,သမ္မာသင်္ကပ္ပမဂ္ဂင် ကုသိုလ်ရနေပါပြီ

ပျက်သွားပြီ ပြန်အစားထိုးပြန်ပြီးပျက်ပြန်ပြီ ကြိမ်ဖန်များစွာဖြစ်ပျက်နေတာဟာ,ဒုက္ခသစ္စာဆိုက်နေတာပါ။

အဲ့ဒီ,ဒုက္ခသစ္စာ ဖြစ်လာအောင်ပျက်သွားအောင် ငါမလုပ်ဘဲသူ့သဘောသူဆောင်ဖြစ်ပျက်နေတဲ့ရုပ်နာမ်ဒုက္ခသစ္စာသဘော သိသွားချိန်မှာ, ဖြစ်ပျက်မုန်းလာပြီး ဖြစ်ပျက် မရှိတာကိုမြင်သွားရင်, ကောင်းစွာပြောဆိုတဲ့ သမ္မာဝါစာမဂ္ဂင်ကုသိုလ်ရနေပါပြီ

ကောင်းစွာပြုလုပ်တဲ့သမ္မာကမ္မန္တ ကုသိုလ်ရနေပါပြီ။ကောင်းစွာအသက် မွေးတဲ့ သမ္မာအာဇီ၀မဂ္ဂင်ကုသိုလ်ရနေပါပြီတရားထိုင်တဲ့ပုဂ္ဂိုလ်တိုင်းမှာမဂ္ဂင်ရှစ်ပါးကုသိုလ်နဲ့ပြည့်စုံတော့တာပါပဲ။

ပစ္စုပ္ပန်တည့်တည့်ကိုသာမြင်အောင်ရှုပါပြုပြီးသည့် အကုသိုလ်မပြုရသေးသည့်ကုသိုလ်အပေါ်ပူပန်ကြောင့်ကြ ကုက္ကုစ္စဝင်ခြင်းသည်မဂ်တားဖိုရ်တားထဲမှ တစ်ခုဖြစ်သည်..

တရားမှတ်စဉ် သတိ အသိ သဒ်ဓါ ပညာဝီရိယ ညီမျှစွာ အားထုတ်ပါ..လွန်လျှင်မရပါ..မဇ္ဈိမပဋိပဌာ အလယ်လမ်းဖြစ်ရပါမည်..

အာရုံပြန့်လွင့်မှု တတ်နိုင်သမျှ နည်းစေရန်နှင့်အမှတ်ကြား ကိလေသာမဝင်ရန်မှာတရားရှုသူ၏အရေးအကြီးဆုံးတာဝန်သာ ဖြစ်ပါသည်..မူရင်းရေးသေားပေးသောဆရာအားရိုသေစွာဦးခိုက်ပါ၏။

တရားကုသိုလ်အဖြစ်ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့်???

ဝိပဿနာဆရာကြီးဦးဂိုအင်ကာ
Credit Original Uploader.

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *