“နယ်က ပြည်သူတွေအတွက်ဝမ်းသာစရာသတင်းလေးမျှဝေပေးလိုက်တဲ့ ပရဟိတမင်းသမီးလေးခိုင်နှင်းဝေ”

“နယ်က ပြည်သူတွေအတွက်ဝမ်းသာစရာသတင်းလေးမျှဝေပေးလိုက်တဲ့ ပရဟိတမင်းသမီးလေးခိုင်နှင်းဝေ”

ခိုင်နှင်းဝေကတော့ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီလည်းဘယ်လောက်ဝေးဝေး နီးနီးကိုယ်တိုင် သွားရောက်ကာ အစားအသောက်နဲ့ အလှူငွေတွေကိုတတ်အားသရွေ့ ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

ခုလို ကိုဗစ်ကာလတွေမှာလည်း အောက်ဆီဂျင်မလုံလောက်တဲ့ ပြဿနာတွေကို အတတ်နိုင်ဆုံးကူညီလှူဒါန်းကာဖြေရှင်းပေးလျက်ရှိတာကိုတွေ့ရပါတယ်။

ဒါ့အပြင် ရေဘေးသင့်ဒေသတွေ အတွက်လည်း အသက်ကယ် အင်္ကျီများ ၊ လှေများကိုလည်း လှူဒါန်းခဲ့တာကို လေးစားစွာတွေ့ရပါတယ်။

အခုလည်း လိုအပ်တဲ့ Oxygen Concentrator လေးများ ထပ်ရောက်ပါပြီရှင်…လိုအပ်နေသော အရေးပေါ် လူနာများနှင့် အကူအညီတောင်းခံထားသော နယ်ဘက်များသို့လဲ ပို့ဆောင်လှူဒါန်းထားပါတယ်…

လိုအပ်တဲ့ အချိန်မှာ လှူဒါန်းရတဲ့ အတွက်လဲဝမ်းသာပီတိဖြစ်ရပါတယ်..ခုနှစ်ရက် သားသမီးများ အားလုံး အားလုံး ကုသိုလ် အကျိူးဆက်များ ရရှိခံစားကြ၍ ကပ်ကြီး(၃) ပါးမှ ကျော်လွှားနိုင်ကြပါစေရှင်.

ကူညီပေးပါသော ညီမလေး “မေ” နှင့် မောင်လေး ” Htet Aung”တို့ကို ကျေးဇူး အများကြီး တင်ပါတယ်နော်.

Concentrator (၁၀) လုံး (တန်ဘိုးငွေ သိန်း ၁၆၀ ခန့်) အား လှူဒါန်းပေးပါသော ” LONGFEI”ကုမ္ပဏီကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်..

လှူဒါန်းပေးကြသော ခုနှစ်ရက် သားသမီးများအားလုံးလဲ ထပ်တူထပ်မျှ သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်..???

ဆိုတဲ့အကြောင်းလေးလည်းလူမှုကွန်ယက်မှာမျှဝေပေးထားပြန်ပါတယ်။နယ်ကလိုအပ်တဲ့ ပြည်သူတွေအတွက်ဝမ်းသာစရာသတင်းလေး မို့ မျှဝေပေးလိုက်ရပါတယ်။

“နယ်က ပြည်သူတွေအတွက်ဝမ်းသာစရာသတင်းလေးမျှဝေပေးလိုက်တဲ့ ပရဟိတမင်းသမီးလေးခိုင်နှင်းဝေ”( Zawgyi)





လိုအပ်တဲ့ အချိန်မှာ လှူဒါန်းရတဲ့ အတွက်လဲဝမ်းသာပီတိဖြစ်ရပါတယ်..ခုနှစ်ရက် သားသမီးများ အားလုံး အားလုံး ကုသိုလ် အကျိုးဆက်များ ရရှိခံစားကြ၍ ကပ်ကြီး(၃) ပါးမှ ကျော်လွှားနိုင်ကြပါစေရှင်.





photo by Khaine Hnin Wai

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *