ကျန်းမာရေးအတွက်များစွာအထောက်အကူပေးသော စူကာသီးနှင့် စူကာညွှန့်

ကျန်းမာရေးအတွက်များစွာအထောက်အကူပေးသော စူကာသီးနှင့် စူကာညွှန့်

ဂေါ်ရခါးသီး(ခ)စူကာသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ ကစီဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ အမိုင်နိုအက်ဆစ်ဓါတ်တို့ဟာ လူသားတို့း၏ကျန်းမာရေးကို ကောင်းစွာ အထောက်အကူပေးနိုင်ပါတယ်။

၁။ဂေါ်ရခါးသီးမှာအမျှင်ဓါတ်များပါဝင်မှုမြင့်မားခြင်းကြောင့်အူနှင့်သက်ဆိုင်သောလမ်းကြောင်းများကိုသန်မာစေပြီး ဝမ်းကိုမှန်စေပါတယ်။

၂။ဓါတ်တိုးဆန့်ကျင်ဓါတ်များပါဝင်ခြင်းကြောင့် ကင်ဆာရောဂါအပါအဝင်လူကိုအိုမင်းရင့်ရော်စေတတ်သောအရာများကိုလည်း တားဆီးပေးပါတယ်။

၃။အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါစိတ်ကျလွယ်ရောဂါတို့ကိုလည်းတားဆီးပေးပါတယ်။

၄။ မဂ္ဂနီစီယမ်ဓါတ် ပါဝင်ခြင်းကြောင့်ခန္ဓာကိုယ်၏ ကြွက်သားများကို သန်မာစေပြီး ခွန်အားကိုလည်း တိုးစေပါတယ်။ အမောကိုလည်း ခံနိုင်စေပါတယ်။

၅။ဖောလစ်ဓါတ်ပါဝင်မှုကြောင့် သွေးကိုလည်း သန့်စင်စေပြီး ကိုယ်ဝန်ဆောင်မိခင်များ စားသုံးလျှင် ကလေးမွေးသည့်အခါ နာကျင်မှုမရှိပဲ လွယ်ကူသက်သာစေပါတယ်။

၆။မဂ္ဂနိစ်ဓါတ်နှင့် ပရိုတင်းဓါတ်တို့ပါဝင်မှုကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။

၇။ဇင့်ဓါတ်ပါဝင်မှုကြောင့်မျက်နှာပေါ်အဆီပြန်ခြင်း၊ဝက်ခြံပေါက်ခြင်းစသည့် အရေပြားဆိုင်ရာဂေါရာတို့ကိုလည်းတားဆီးပေးပါတယ်။

၈။ဂေါ်ရခါးသီးသာမကဂေါ်ရခါးညွန့်၊ဂေါ်ရခါးရွက်တို့ကိုလည်း မကြာခဏ ဟင်းချက်စားခြင်း၊ အခြောက်လန်းထား၍ရေနွေးခတ်သောက်ခြင်းဖြင့်သွေးတိုးရောဂါများတို တားဆီးပေးခြင်း၊

ကျောက်ကပ်ကိုအားကောင်းစေပြီးဆီးရွှင်ခြင်း၊ ဆီးကျောက်တည်ခြင်းကို တားဆီးခြင်း စသည့်ကောင်းကျိုးများကိုရရှိစေပါသည်။ငွေကုန်သက်သာပြီး အစာလည်းဆေးဆေးလည်းအစာဖြစ်စေမည့်ဂေါ်ရခါးသီးကိုဟင်းချက်စားခြင်းဖြင့်ကျန်းမာစွာအသက်ရှည်နိုင်ကြပါစေ။

ဂေါ်ရခါးညွန့်(ခ) စူကာညွှန့်အကျိုးပြုပုံများ

အူလမ်းကြောင်းကိုရှင်းလင်းခြင်း− ကျွန်တော်တို့ရဲ့အူလမ်းကြောင်းဟာ အညစ်အကျေးတွေနဲ့ပြည့်နေလေ့ရှိပါတယ်။

အညစ်အကျေးတွေကအစဉ်အမြဲရှိနေတတ်တော့ အဲဒီ့အညစ်အကျေးတွေကနေဖြစ်လာတဲ့ ချိုးတွေလည်းအူနံရံတွေမှာကပ်နေလေ့ရှိပါတယ်။လူတွေရဲ့အူဟာအမြဲတန်းသန့်နေဖို့လိုအပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သွေးဟာအူတွေကနေစဖြစ်တာမို့လို့ပါ။အစားအသောက်တွေကနေရလာတဲ့ အာဟာရရည်ကို အူတွေကနေစုပ်ယူပြီး သွေးအဖြစ်ပြောင်းလဲပေးတာပဲဖြစ်ပါတယ်။

ဒါကြောင့်အူသန့်ရင်သွေးသန့်မယ်၊အူမသန့်ရင်သွေးမသန့်ဘူးဆိုတာထင်ရှားပါတယ်။အူတွေကိုသန့်ရှင်းပေးတော့မှအဆိပ်တောက်ကင်းတဲ့သွေးသန့်ကိုရမှာပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာကသွေးကအဓိကပဲ။သွေးသန့်ရင်ရောဂါကင်းမယ်၊သွေးညစ်ရင်ရောဂါများမယ်။သွေးသန့်ဖို့အတွက်အူသန့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။အူတွေသန့်ရှင်းအောင်လုပ်ဖို့ကလည်းမခက်ပါဘူး။

စင်ထိုးပြီးစိုက်ရတဲ့အညွန့်အရွက်တွေစားပေးရုံပါပဲ။ဘူးညွန့်၊ဂေါ်ရခါးညွန့်၊ရွှေဖယုံညွန့်စတဲ့အညွန့်အရွက်တွေမှာအမွှေးအမျှင်လေးတွေပါပါတယ်။

အဲဒီ့အရွက်အညွန့်တွေဟာ မျက်နှာသုတ်ပဝါမှာပါတဲ့အမွှေးလေးတွေလိုပဲသုတ်လို့ရှိရင်စင်ကြယ်သွားပါတယ်။အဲဒီအမွှေးအမျှင်ပါတဲ့အညွန့် အရွက်တွေကိုကြော်ပြီးစားပါ။

အစာလမ်းကြောင်းတစ်လျှောက်က အညစ်အကျေးတွေကိုပြောင်အောင်သုတ်သင်ပေးသွားပါလိမ့်မယ်။အစာလမ်းကြောင်းတစ်ခုလုံးသန့်ရှင်းနေတော့အာဟာရကနေရတဲ့ရသရည်ကလည်းသန့်ရှင်းပြီး

သွေးကလည်းသန့်တော့တာပေါ့၊အဲဒီ့အပြင်အူတွေထဲမှာအညစ်အကျေးချိုးကပ်မှုတွေများလို့ ဗိုက်ပူနေတဲ့သူတွေလည်း တဖြည်းဖြည့်နဲ့ဗိုက်ချပ်သွားပါလိမ့်မယ်။

ခရက်ဒစ်

ကိုးကား(မြန်မာ့ဆေးဖက်ဝင်အပင်များမှကောက်နှုတ်ချက်)

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *