ကြက်ကောက်ညှင်း ချက်နည်း

ကြက်ကောက်ညှင်း ချက်နည်း

ကြက်ကောက်ညှင်းက ချက်ရတာလဲလွယ်ပါတယ်။ကောက်ညင်းထဲကို အသားအရသာ အချိုဓာတ်၊အငန်အစိမ့်အကုန်ဝင်နေတော့တခါစားမိရင်၊ငရုတ်သီးဆော့စ်လေးနဲ့တွဲပြီးစားလိုက်လို့ကတော့ အရမ်းကိုစားကောင်းလွန်းလို့ လက်ကမချနိုင်ဖြစ်သွားမယ်နော်။

ပါဝင်ပစ္စည်းများ-ကောက်ညှင်းဆန်၊ကြက်အသေးတကောင်သန့်စင်ပြီး၊ဝက်/ကြက်အူချောင်း အနည်းငယ်၊မှိုခြောက်၊ပုဇွန်ခြောက်အနည်းငယ်၊ဆားဘဲဥ(သို့)ရိုးရိုးဘဲဥနှစ်လုံးလိုအပ်ပါမယ်။

အဆင်သင့်ပြင်ထားရန်- ကောက်ညင်းဆန် ၂လုံးခွဲခန့်ကိုတစ်ညကြိုပြီးရေစိမ်ထားပါ။ကြက်ကိုအသားနယ်ပါမယ်။ပထမဆုံးကင်မယ့်ကြက်ကိုသေသေချာချာဆားနဲ့ပွတ်ဆေး သန့်စင်ထားပြီးတော့မှ light soy sauce၊dark soy sauce၊oyster sauce၊garlic powder၊chicken powder၊ginger powder နဲ့နယ်ပါတယ်။ နာရီဝက်/တနာရီခန့် နှပ်ထားပါ။ကြက်/ဝက်အူချောင်းရှိရင်ကြော်ထားပါ။ဆယ်ပြီးပန်းကန်ထဲထည့်ထားပါ။ဘဲဥကိုပြုတ်ပြီးရေအေးစိမ်၊အခွံနွာ၊တလုံးကို၎ပိုင်းခန့် ပိုင်းထားပါ။မှိုခြောက်ကိုသေသေချာချာရေဆေးပြီး၊ရေစိမ်ထားပါ။မှိုကိုရေစစ်ထည့်ပြီးလျင်၊၎င်းရေကိုပဲပြန်ထည့်ပါမယ်။ပုဇွန်ခြောက်ကိုရေဆေးပြီးစစ်ထားပါ။

ချက်ပြုတ်နည်း

ကြက်အူချောင်းကြော်ထားတဲ့ ဆီထဲမှာပဲကြက်သွန်ဖြူ၊ဂျင်းပါးပါးလှီးဆီသတ်ပါတယ်။နောက်ကြက်တကောင်လုံး အရေတင်းပြီး နဲနဲကျက်အောင်ခဏကြော်၊ ပြန်ဆယ်ထားပါ။နောက်အဲဒီအိုးထဲကိုကောက်ညှင်းထည့်၊light soy sauce+ dark soy sauce+ နှမ်းဆီထည့် ခဏမွှေ။ မှို၊ ပုဇွန်ခြောက်ရေစစ်ထားတာကိုထည့်၊ဘဲဥထည့်မွှေပြီးတော့ မီးပိတ်ပါ။Rice cooker ထဲကောက်ညှင်းကိုအရင်ထည့်၊ကြကိသားကိုအပေါ်ကတင်ပြီးထမင်းချက်သလို ချက်ပါမယ်။ ရေကိုမှိုစိမ်ထားတဲရေကိုပဲထည့်ပါတယ်။ရေနဲ့ ကောက်ညင်းဆန်ဆတူပဲထည့်ပါမယ်။ကောက်ညင်းကတစ်ညရေစိမ်ပြီးမို့ခဏပဲချက်ရပါတယ်။ ကောက်ညင်းအမျိုးအစားကကွာတာမို့ရေကိုချိန်ထည့်ပါ။

ထည့်ပြီးမာနေလျင်ရေထပ်ထည့်၊ထပ်ဖြန်းတာကပို အဆင်ပြေပါတယ်နော်။rice cooker ထဲကကြက်သားကကျက်လာပြီဆို၊၂၀မိနစ်ခန့် 350 ဒီဂရီထားပြီး oven နဲ့ ကင်ပါတယ်။ Ovenနဲ့တောက်လျှောက်မကင်တာကကြက်ကထွက်လာတဲ့ ကြက်အချိုရည်ကိုမခမ်းစေဘဲကောက်ညင်းဆန်ထဲကိုအရသာဝင်စေချင်လို့ပါ။ပုံမှန်ကြက်သားတုံးလေး‌တွေကိုရောချက်မယ်ဆိုကြက်ကင်ရမယ့်အဆင့်မရှိတော့ပါဘူး။ကြက်သား‌အချိုကရောဝင်သွားမှာပါ။ကြက်ကင်ကတော့ကြက်ကင်လေးနဲ့တွဲစားရတာမို့တအိမ်လုံးကြိုက်၊ကလေးတွေပါအကြိုက်ပါ။

ကြက်ကင်တဲ့အခါကိုယ့်အကြိုက်ပေါ်မူတည်ပြီးအချိန်နဲနဲပိုထားလဲရပါတယ်။ပုံမှန်ဒီကြက်‌အမျိုးအစားကကင်မယ်ဆိုအစအဆုံးကိုတနာရီခန့် 350 နဲ့ကင်ရမှာပါ။ကြက်သားရဲ့ဝမ်းဗိုက်ထဲကိုကျက်ပီးသားကောက်ညင်းပြန်ထည့်ပြီး ကင်တဲ့အချိန်မှာထည့်ကင်ပါတယ်။ကြက်သားကိုမကင်ချင်ရင်အတုံးလိုက်တခါတည်းrice cooker ထဲဆီသတ်ပြီးထည့်ချက်ပါနော်။ နူးရင် ရပါပြီ။ နဲနဲအလုပ်ရှုပ်သလို အဆင့်တွေများပေမယ့်ကြက်ကင်နံ့လေးသင်းသင်းမွှေးလာတဲ့အခါ၊ rice cooker ထဲကကောက်ညှင်းကလဲပုဇွန်ခြောက်+မှို+ ကြက်အူချောင်း ပေါင်းစပ်ခြင်းဖြင့် အရမ်းကိုသင်းပျံ့မွှေးဖြစ်နေပါပြီ။

ငရုတ်ဆီလေးကိုထည့်လို့ လဘက်ခြောက် ကောင်းကောင်းရေနွေးကြမ်းလေးနဲ့ ဖြည်းဖြည်းချင်းစားလိုက်တော့နော်။ဆွေမျိုးတွေပါမေ့သွားမယ်ဆိုတာ အာမခံတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *