ဆံပင်ဖြောင့်စက်မလိုဘဲသဘာဝအတိုင်းဆံကေသာဖြောင့်နည်း

ဆံပင်ဖြောင့်စက်မလိုဘဲသဘာဝအတိုင်းဆံကေသာဖြောင့်နည်း

သဘာဝအလျောက် ဆံပင်မဖြောင့်တဲ့ အမျိုးသမီးတွေအတွက်တော့ ဆံပင်ဖြောင့်စက်ဆိုတာသူတို့ရဲ့အဖော်ကောင်းပါပဲ။

ဒါပေမယ့်အခုလို ကပ်ရောဂါတွေ ဖြစ်နေတဲ့အချိန်တွေကြောင့် ဆိုင်မသွားနိုင်တဲ့အခါမှာလည်း အရမ်းအသုံး၀င်တဲ့နည်းလမ်းလေးပါ။

ပူစပ်စပ်ရာသီဥတုမျိုးမှာဆိုရင်လည်း ဆံပင်ဖြောင့်စက် ကတော့ နည်းနည်းမှ အဆင်မပြေပါဘူး။ ရာသီဥတုပူရင် ဒါကို ဆက်သုံးဖို့ အခက်အခဲရှိလာပါတယ်။

အပြင်အပူချိန် ၄၀ ဒီဂရီ ရှိနေပြီး အရေးကြီးပွဲတစ်ခုခု မဖြစ်မနေတက်ရမယ့်အချိန်မျိုးမှာဆံပင်ကို ဘယ်လိုလုပ်ရမယ် မသိကြတော့ပါဘူး။

ဆံပင်အဖြောင့်ဆွဲစက် ထည့်စဉ်းစားစရာမလိုဘဲဖြေရှင်းနည်းတစ်ခုရှိပါတယ်။အဲဒီနည်းလမ်းလေးနဲ့ လိုက်လုပ်ကြည့်ရအောင်

လိုအပ်သည်များ

၁။အုန်းနို့ (၁) ခွက်

၂။သံပုယိုသီး တစ်လုံးစာ အရည်

၃။သံလွင်ဆီ ထမင်းစားဇွန်း (၂) ဇွန်း

၄။ပြောင်းမှုန့် ထမင်းစားဇွန်း (၃) ဇွန်း လိုအပ်ပါတယ်

ပြုလုပ်ပုံပြုလုပ်နည်း

ပြောင်းမှုန့်နဲ့ သံပုယိုရည် ရောပြီး တစ်သားတည်း ဖြစ်အောင် ရောမွှေပါ။နောက်ပန်းကန်တစ်ခုထဲမှာအုန်းနို့နဲ့ သံလွင်ဆီရောစပ်ပါ။

ပြီးနောက် ပြောင်းမှုန့်နဲ့ သံပုယိုရည်အရောအနှောကိုပေါင်းထည့်ရပါမယ်။ မလိုင်ကဲ့သို့ မွတ်ညက်တဲ့အပျစ်အကျဲ မရမချင်း အပူပေးပြီး မွှေပေးပါ။

အေးအောင် စောင့်ပြီး ဆံပင်မှာ လိမ်း၊ shower cap လေးနဲ့ အုပ်ထားပေးရမယ်။ ၂ နာရီကြာပြီးနောက် ပုံမှန်အတိုင်း ပုံမှန်လျှော်နေကျအတိုင်း ခေါင်းကိုလျှော်ပေးလိုက်ရုံပါပဲ။

ပြီးရင်တော့အရမ်းကိုလှပပျော့ပြောင်းဖြောင့်ဆင်းနေတဲ့ ဆံကေသာလေးကို ပိုင်ဆိုင်တဲ့သူလေးဖြစ်ပါပြီနော်။အာလုံးပဲအဆင်ပြေကြပါစေ။

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *