အကာအရံမရှိ မလုံခြုံတဲ့ အိမ်လေးနဲ့သားအမိနှစ်ဦးအတွက် လူရွှင်တော်မိုးစက်၏မွန်မြတ်သောအလှူ

အကာအရံမရှိ မလုံခြုံတဲ့ အိမ်လေးနဲ့သားအမိနှစ်ဦးအတွက် လူရွှင်တော်မိုးစက်၏မွန်မြတ်သောအလှူ

“သားအမိနှစ်ဦးရဲ့ အကာအရံမရှိ မလုံခြုံတဲ့အိမ်လေးကိုလုံခြုံသွားအောင်လုပ်ပေးဖို့ စီစဉ်နေတဲ့ လူရွှင်တော်မိုးစက်”

အကာအရံမရှိ မလုံခြုံတဲ့အိမ်လေးမှာ နေထိုင်နေရှာတဲ့ သားအမိနှစ်ယောက် ရဲ့အိမ်လေးကို တတ်နိုင်သလောက်ပြုပြင်ပေးသွားဖို့ လူရွှင်တော်မိုးစက်က စီစဉ်နေပါတယ်။

“ဘယ်အိမ်ကို ဘယ်လိုဆောက်မှာလဲ ၊ပြင်မှာလဲ မေးနေကြလို့ပါ…။ဒါက သူ့တို့ရဲ့ အိမ်လေးပေါ့။သူများမြေမှာမြေဖိုးလေးပေးပြီး ဖြစ်သလို ကာရံပြီး နေနေရတာပေါ့ဗျာ…။

ကျွန်တော် ကာလဒါန လှုရင်းတွေ့ခဲ့တာပေါ့ဗျာ။အမေက နားလေးသလိုသမီးလေးကအပျိုဖော်ဝင်ကာစလေးဆိုတော့ဒီလိုနေရ ထိုင်ရတာ ၊အဆင်မပြေဘူးလို့ မြင်မိပါတယ်။

သူတို့ သားအမိနှစ်ယောက် ပလုံကောက်ကြတယ်၊ရတာလေး ဖြစ်သလို စားကြတယ်။မလုံတဲ့နေရာလေးတွေ စောင်လေးကာပြီးနေတယ်။

ပါတ်ဝန်းကျင်က မနေနိုင်ကြတော့တာလပါတ်လေးတွေ မိုးပေးကာပေးကြတယ်။မိုးအရမ်းရွာတိုင်း ဒီသားအမိအဆင်ပြေပါ့မလားတွေးပူမိတာပေါ့တာဗျာ… ။

မြေရှင်ကိုလဲအခိုင်အမာကြီးမဟုတ်ဘဲဒီထပ်ပိုပြီး လုံခြုံအောင် ကာရံပေးမယ်လို့ညှိုနှိုင်းခဲ့ပါသေးတယ်…။

ဒီရက်ပိုင်းထဲ ကျွန်တော်အားတာနဲ့ဒီထပ် ပိုလုံခြုံအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်…။

အားလုံးအဆင်ပြေ​​စေချင်တဲ့ ဆန္ဒတစ်ခုထဲဖြင့် “လို့ အဆိုပါသားအမိနဲ့ပတ်သက်လို့ လူရွှင်တော်မိုးစက်က လူမူကွန်ယက်မှာရေးသားထားတာကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

အကာအရံမရွိ မလုံၿခဳံတဲ့ အိမ္ေလးနဲ႔သားအမိႏွစ္ဦးအတြက္ လူ႐ႊင္ေတာ္မိုးစက္၏မြန္ျမတ္ေသာအလႉ (Zawgyi)

“သားအမိႏွစ္ဦးရဲ႕ အကာအရံမရွိ မလုံၿခဳံတဲ့အိမ္ေလးကိုလုံၿခဳံသြားေအာင္လုပ္ေပးဖို႔ စီစဥ္ေနတဲ့ လူ႐ႊင္ေတာ္မိုးစက္”

အကာအရံမရွိ မလုံၿခဳံတဲ့အိမ္ေလးမွာ ေနထိုင္ေနရွာတဲ့ သားအမိႏွစ္ေယာက္ ရဲ႕အိမ္ေလးကို တတ္ႏိုင္သေလာက္ျပဳျပင္ေပးသြားဖို႔ လူ႐ႊင္ေတာ္မိုးစက္က စီစဥ္ေနပါတယ္။

“ဘယ္အိမ္ကို ဘယ္လိုေဆာက္မွာလဲ ၊ျပင္မွာလဲ ေမးေနၾကလို႔ပါ…။ဒါက သူ႔တို႔ရဲ႕ အိမ္ေလးေပါ့။သူမ်ားေျမမွာေျမဖိုးေလးေပးၿပီး ျဖစ္သလို ကာရံၿပီး ေနေနရတာေပါ့ဗ်ာ…။

ကြၽန္ေတာ္ ကာလဒါန လႈရင္းေတြ႕ခဲ့တာေပါ့ဗ်ာ။အေမက နားေလးသလိုသမီးေလးကအပ်ိဳေဖာ္ဝင္ကာစေလးဆိုေတာ့ဒီလိုေနရ ထိုင္ရတာ ၊အဆင္မေျပဘူးလို႔ ျမင္မိပါတယ္။

သူတို႔ သားအမိႏွစ္ေယာက္ ပလုံေကာက္ၾကတယ္၊ရတာေလး ျဖစ္သလို စားၾကတယ္။မလုံတဲ့ေနရာေလးေတြ ေစာင္ေလးကာၿပီးေနတယ္။

ပါတ္ဝန္းက်င္က မေနႏိုင္ၾကေတာ့တာလပါတ္ေလးေတြ မိုးေပးကာေပးၾကတယ္။မိုးအရမ္း႐ြာတိုင္း ဒီသားအမိအဆင္ေျပပါ့မလားေတြးပူမိတာေပါ့တာဗ်ာ… ။

ေျမရွင္ကိုလဲအခိုင္အမာႀကီးမဟုတ္ဘဲဒီထပ္ပိုၿပီး လုံၿခဳံေအာင္ ကာရံေပးမယ္လို႔ညႇိဳႏႈိင္းခဲ့ပါေသးတယ္…။

ဒီရက္ပိုင္းထဲ ကြၽန္ေတာ္အားတာနဲ႔ဒီထပ္ ပိုလုံၿခဳံေအာင္ လုပ္ေပးမယ္လို႔ ကတိေပးခဲ့ပါတယ္…။

အားလုံးအဆင္ေျပ​​ေစခ်င္တဲ့ ဆႏၵတစ္ခုထဲျဖင့္ “လို႔ အဆိုပါသားအမိနဲ႔ပတ္သက္လို႔ လူ႐ႊင္ေတာ္မိုးစက္က လူမူကြန္ယက္မွာေရးသားထားတာကို ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

source by moe sat

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *