မင်းသားပိုင်တံခွန်အတွက်၀မ်းသားစရာသတင်းကောင်း

မင်းသားပိုင်တံခွန်ရဲ့ မိခင်အန်တီကြူကိုဗစ်ကူးခံရပြီးနောက် ဝမ်းသာစရာ သတင်းကောင်းချစ်လှစွာသောပရိတ်သတ်ကြီးရေ သရုပ်ဆောင်ပိုင်တံခွန် ကတော့တော်လှန်ရေးကြီးမှာ




ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပါဝင်ပြီး လမ်းထွက်ကာလူထု လှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တဲ့ပါတယ်။ ထိုကြောင့်ပုဒ်မ ၅၀၅ (က) နဲ့မတရားအမှုဖွင့်ထားခြင်းခံရပြီး




နေမကောင်းလို့ အိမ်ပြန်လာချိန်အဖမ်းဆီးထိန်း သိမ်းခံလိုက်ရပါတယ်၊ပိုင်တံခွန်အဖမ်းဆီးခံလိုက်ရတဲ့အတွက်မိသားစုများနဲ့ပရိတ်သတ်များကစိုးရိမ်ပူပန်နေရပါတယ်..။




ပိုင်တံခွန် ရဲ့မိခင်ကြီးကလဲနေမကောင်းဖြစ်ပြီးဆေးရုံတင်ထားရတဲ့အကြောင်းကိုလဲ ပိုင်တံခွန် ရဲ့အစ်မဖြစ်သူကပြောကြားထားပါသေးတယ်။




ယခုတစ်ခါမှာဆိုရင်လဲ ပိုင်တံခွန် ရဲ့မိခင်ကြီးဆေးရုံမဆင်းရေသးကြောင်း ၊အတော်လေးသက်သာလာပြီဖြစ်တဲ့အကြောင်းကို

ပိုင်တံခွန်ရဲ့အစ်မကကူညီပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ကြောင်းအခုလိုပြောကြားထားပါသေးတယ်..။




သူမ ကတော့မေမေဆေးရုံကမဆင်းရသေးပါဘူး၊အတော်လေးတော့ သက်သာလာပါပြီဗျ ၊ကျွန်တော်လဲအရမ်းလှုပ်ရှားမိရင်မောတာနဲ့ ချောင်းဆိုးတာကလွဲရင်နေ ကောင်းသွားပါပြီ။




စိတ်ပူပြီးဖုန်းဆက်သူ ၊စာပို့သူ၊လူကိုယ်တိုင်ရောက်လာပြီးသတင်းမေးကြသူ ၊စားစရာတွေကိုတကူးတကလာပို့ပေးကြသူ ၊ဆေးလိုရင်ဆေး ၊အောက်ဆီဂျင်လိုရင်အောက်ဆီဂျင်ရှာပေးလာပို့ပေးကြသူ၊




အစစအရာရာကူညီပေးခဲ့ကြတဲ့သူ၊ ဂရုစိုက်ပေးခဲ့တဲ့သူတစ်ဦးတစ်ယောက်ချင်းစီကို ရင်ထဲကလှိုက်လှိုက် လှဲလှဲကျေးဇူးအထူးတင်ပါတယ်ဗျာ..။




နေမကောင်းဖြစ်ချိန်ကနေခုချိန်ထိညဖက်တွေ VCall ခေါ်ပြီးအိပ်စောင့်ပေးခဲ့တဲ့လူသားလေးတစ်ယောက်ကိုလည်းကျေးဇူးများကြီးတင်ပါတယ်။




သူချည်းအရင်အိပ် ပျော်သွားခဲ့ပေမယ့်လည်းပေါ့။ ဒီလိုကာလမှာမိတ်ကောင်းဆွေကောင်းတွေများကြီးရခဲ့လို့ပီတိဖြစ်မိပါတယ်၊တန်ဖိုးလဲထားပါတယ်၊




ဂုဏ်လဲယူမိပါတယ်။ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျာ လို့ရေသားထားတာပဲဖြစ်ပါတယ်။ မင်းသားပိုင်တံခွန်အတွက်လည်းဒီသတင်းဟာ သားတစ်ယောက်အတွက် သတင်းကောင်းတစ်ခုဆိုလည်းမမှားပါဘူး။




ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
crd ; mgnews