ကူးစက်ရောဂါကြောင့် မိဘမဲ့ဖြစ်သွားတဲ့ကလေး၂ယောက်အားမွေးစားလိုက်တဲ့ နှလုံးသားလှတဲ့ကိုမိုးမာန်




နေပြည်တော်မှ မိဘနှစ်ပါးလုံးရှေ့ဆင့်နောက်ဆင့်ဆုံးသွားတဲ့ ကူးစက်ရောဂါနဲ့ဆုံးပါးသွားပြီး မိဘမဲ့ကလေး၂နှစ်အရွယ် သားလေးနဲ့ ၇နှစ်အရွယ် သမီးလေးကိုမွေးစားဖို့




နေပြည်တော်ကိုသွားခေါ်မယ်ဆိုပြီးကိုမိုးမာန်ဟာသူ၏လူမှုကွန်ယက်မှာ မျှဝေထားတာပဲဖြစ်ပါတယ်။

ကလေးတွေခေါ်ဆောင်ဖို့ပြီး သူတို့ဘ၀လေးတွေကိုတာ၀န်ယူရန်အတွက်လည်း တာချီလိတ်မြို့မှ ဦးမပိခမ်း သား အိုက်တိသမီးမအေး၀တ်ရည်ဦး တို့ကလည်းအလှူငွေဆယ်သိန်းကျပ်လှူဒါန်းထားကြောင်းလေးလည်းသိရပါတယ်။




“ကျွန်တော်မိဘမဲ့ခလေးတွေခေါ်ဆောင်ရန်ခလေးတွေဘဝကိုတာဝန်ယူရန်အတွက်ကိုမိုးကိုဦး မပီခမ်း သား အိုက်တိ သမီး မအေးဝတ်ရည်ဦး ဝမ်ကောင်းရပ်ကွက် တာချီလိတ်မြို့ မှအလှူငွေ ဆယ်သိန်းကျပ်လှူဒါန်းပါသည်ခင်ဗျ”

နတ်လူသာဓုခေါ်စေသော် အလှူရှင် အလှူမ မိသားစုလည်းကျန်းမာချမ်းသာဘေးကင်းကွာ၍လိုတိုင်းတရပါစေဗျ ?????လို့ဆုတောင်းပေးထားပြီး




နေပြည်တော်သို့ မိဘနှစ်ဦးလုံးရှေ့နောက်ဆုံးပါးသွားတဲ့ ၂ နစ်အရွယ် သားလေးရယ် ၇ နစ်အရွယ်သမီးလေးရယ်မွေးစားရန်ခေါ်ဖို့သွားနေစဥ်မှာလည်းလမ်းမှာလမ်းကြုံခေါ်လာပေးတဲ့ဆရာတော်နှစ်ပါးအား

ကော်ဖီနဲ့ မုန့်ကပ် လှူအလှူငွေတစ်ပါးကို တစ်သောင်းပါဆပ်ကပ်လှူဒါန်းခဲ့ပြုသမျှကုသိုလ်မိဘဆရာသမားကျေးဇူးရှင်များနှင့်၇ ရက်သားသမီးများပါထက်တူရပါစေဗျ ????လို့ပြေပြထားတာပဲဖြစ်ပါတယ်။




နေပြည်တော်သို့ရောက်ရှိ ပြီးကျွန်တော်မွေးစားမယ့် မွေးစားသားလေးနဲ့မွေးစားသမီးလေး နဲ့ဆုံပါပြီခင်ဗျ ရန်ကုန်ကိုသားနဲ့သမီးကိုခေါ်လာပါတော့မည်။ကျွန်တော်တို့မြန်မာ့စိတ်ရင်းရဲ့ရင်သွေးလေးတွေပေါ့ဗျာလို့ ရေးသာထားပြီး

အခုလမ်းမှာခေါ်ဆောင်လာပြီဖြစ်တဲ့အကြောင်းလည်း လူမှုကွန်ယက်မှာ မျှဝေပေးထားတာပဲဖြစ်ပါတယ်။




မွန်မြတ်သောစိတ်ထားရှိတဲ့ဂုဏ်ယူထိုက်သောကိုမိုးမာန်၏ကုသိုလ်ဒါနလေးတွေကို အများပြည်သူများ သာဓုခေါ်ဆိုနိုင်ရန်အတွက်ပြန်လည်မျှဝေပေးလိုက်ရပါသည်။
source by Moe Marn
(မြန်မာ့စိတ်ရင်း)