အိမ်ငှါးခပေးဖို့အဆင်မပြေဖြစ်နေရှာတဲ့လူရွှင်တော်ကြီးဦးတိမ်ညွန့်အတွက် ၃လစာအလှူရှင်ပေါ်

အိမ်ငှါးခပေးဖို့အဆင်မပြေဖြစ်နေရှာတဲ့လူရွှင်တော်ကြီးဦးတိမ်ညွန့်အတွက် ၃လစာအလှူရှင်ပေါ်

ဟာသနှင့် ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် လူရွှင်တော် ဦးတိမ်ညွန့်ဆိုတာမသိတဲ့သူမရှိသလောက်ပါပဲနော်။

တစ်ခေတ်တစ်ခါကအရမ်းနာမည်းကြီးခဲ့ကြတဲ့ ဦးမော့၊ဦးမိုးဒီ၊ဦးတိမ်ညွန့်၊ဦးစိန်ရိုးတို့ဆိုတာ အရမ်းနာမည်ကြီးတဲ့လူရွှင်တော်များအဖွဲ့ပါ။ယခုအချိန်မှာ ဘဘဦးတိမ်ညွန့်အတွက် အရမ်းအခက်အခဲဖြစ်နေပါတယ်။

ဩဂုတ်လ၁၀ရက်နေ့ဆိုရင် လူရွှင်တော်ကြီးဦးတိမ်ညွန့်ရဲ့ အိမ်လိုင်းခန်းလေး ရက်စေ့ပြီဖြစ်ကြောင်းသိရပါတယ်။

ဦးတိမ်ညွန့်ဟာ တောင်ဒဂုံ (၂၂) ရပ်ကွက် ၊ရတနာပုံ (၆)လမ်း၊ဖူဆယ်ဘောလုံးကွင်းရှေ့ လိုင်းခန်းမှာ နေထိုင်နေတယ်လို့ သိရပါတယ်။တတ်နိုင်သူများ ဖေးမကူညီပေးစေလိုပါတယ်ဆိုပြီး လူမှုကွန်ယက်မှာ ပြန့်နှံမှုများဖြစ်လာပါတယ်။

၁၀ရက်နေ့ညမှာပဲချက်ချင်းဆိုသလိုလူရွှင်တော်ကြီးဦးတိမ်ညွှန့်အတွက်အလှူရှင်ပေါ်ပေါက်လာခဲ့ပါတယ်။ကိုပူတူးနဲ့ဘော်ဒါများကလူရွှင်တော်ကြီးဦးတိမ်ညွန့်အတွက်အိမ်လခ(၃)လ စာကိုအခုညတွင်းချင်းပဲချုပ်ပေးခဲ့ပါတယ်။

ဒီနေ့က အိမ်လခပေးဖို့ နောက်ဆုံးနေ့ပဲ ဖြစ်ပြီး မနက်ဖြန်ဆို အိမ်လစာ ပေးရတော့မှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

အခုလိုအရမ်းလိုအပ်နေချိန်လေးမှာ သွားရောက်လှူဒါန်းပေးခဲ့တဲ့ အလှူရှင်ကိုပူတူးလည်းဒီထက်မကလှူဒါန်းနိုင်ပါစေ။အရမ်းမွန်မြတ်သော ကာလဒါနအလှူလေးမို့ သာဓုခေါ်ပါတယ်။

ပရိတ်သတ်ကြီးလည်း လူရွှင်တော်ဘဘဦးတိမ်ညွှန့်အားသွားရောက်လှူဒါန်းချင်တယ်ဆို တောင်ဒဂုံ (၂၂) ရပ်ကွက် ၊ရတနာပုံ (၆)လမ်း၊ဖူဆယ်ဘောလုံးကွင်းရှေ့ လိုင်းခန်းမှာသွားရောက်လှူဒါန်းနိုင်ပါတယ်ဆိုတဲ့အကြောင်း နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်ရှင်..

photo crd

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *