ကလေးနှစ်ဦး၏အသက်ကို တစ်ပြိုင်တည်းကယ်ခွင့်ရလို့၀မ်းသာပိတိဖြစ်နေတဲ့ မင်းသမီးချောလေးခိုင်နှင်းဝေ




မင်းသမီးခိုင်နှင်းဝေအကြောင်းလေးကို တော့ ချစ်တဲ့ပရိတ်သတ်ကြီးကို အထူးပြောပြစရာလိုမယ်မထင်ပါဘူးနော်..




စိတ်ထားမွန်မြတ်တဲ့ ပရိဟိတမင်းသမီးတစ်လက်ဆိုလည်းမမှားပါဘူးရှင့်. အခုလိုအခက်အခဲဖြစ်နေချိန်လေးမှာလည်း အစစအရာရာ လိုအပ်နေတဲ့နေရာလေးတွေကို လှူဒါန်းမှုတွေအများကြီးလုပ်ပေးနေတာပဲဖြစ်ပါတယ်။




အခုလည်းသူမလှူဒါန်းလိုက်တဲ့အောက်စီဂျင်ပေးတဲ့စက်ကြောင့် ကလေးနှစ်ဦးတစ်ပြိုင်တည်း အသက်ကယ်ခွင့်ရတဲ့အကြောင်းလေးကို သိရပြီး ၀မ်းသာပိတိဖြစ်ရတယ်ဆိုပြီး အခုလိုလေးရေးသားထားတာဖြစ်ပါတယ်။




ဘိုကလေးမြို့နယ် မှ ခုတင်(၁၀၀) ဆေးရုံကြီးသို့ လှုဒါန်းပေးပို့လိုက်သော စက်လေးကြောင့် ကလေး (၂)ဦးကို ပြိုင်တူ အသုံးပြုပြီး အသက်ကယ်ခွင့်ရကြောင်း ပေးပို့ပြောကြားလာတဲ့ အတွက် ဝမ်းသာ ပီတိလေးဖြစ်ရပါတယ်ရှင်…




အခြားသော ဌားရမ်းခြင်း၊ လှူဒါန်းခြင်းပေးထားတဲ့ လူနာများရဲ့ အဆင်ပြေ သက်သာကြောင်းများကိုလဲ ထပ်မံ တင်ပေးသွားပါမယ်…

ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ အသက်ကယ် လေသန့် အလှူလေးများ အတွက် ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်ဆို နိုင်ကြပါစေရှင်…??? လို့




သူမ၏လူမှုကွန်ယက်မှာ မျှဝေရေးသားထားတာလေးကို ပရတ်သတ် ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်ရှင်။




အရမ်းမွန်မြတ်တဲ့အလှူလေးဖြစ်တဲ့အတွက်လည်း မခိုင်နှင်းဝေ နဲ့အတူ ထပ်တူ၀မ်းမြောက်မိပါကြောင်းနှင့် ဒီထက်မကလည်းကူညီလှူဒါန်းမှုတွေပြုလုပ်ပေးနိုင်ပြီး




အောင်မြင်မှူတွေအတိုင်းထက်အလွန်ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်..
Photo by Khaing Hnin Wai