မော်ဒယ် မင်းသမီးရတနာဗိုလ်မှ ထွက်ပြေးတိမ်းရှောင်နေရင်းရောဂါကူးစက်ခံရပြီး သူမဒုက္ခရောက်ခဲ့တဲ့အဖြစ်တွေကိုရင်ဖွင့်လာ

ပရိသတ်ကြီးရေ မင်းသမီး ရတနာဗိုလ်ကိုတော့ အထူးအထွေ မိတ်ဆက် ပေးစရာမလိုအောင် ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်..။ ဒီကနေ့မှာတော့ ရတနာဗိုလ်ကသူ ကိုဗစ်ရောဂါ ကူးစက်ခံစားရစဉ်က အဖြစ်အပျက်တွေကို အခုလိုပဲပြောလာခဲ့ပါတယ်။




စိတ်ဓါတ်တွေအရမ်းကျခဲ့ရတဲ့ (14)ရက် မိသားစုနဲ့အဝေးမှာနေရလို့နာမကျန်းဖြစ်တဲ့အခါအရမ်းကိုစိတ်အားငယ်ရပါတယ်ပုန်းရှောင်နေရတဲ့ကာလဆိုတော့တော်တော်ကြီးအားတင်းထားရတယ်။




ငိုခဲ့ရတဲ့နေ့တွေလဲအများကြီးပါ ကိုဗစ်ဖြစ်တဲ့အချိန်မှာ စိတ်ဓါတ်မကျဖို့ တကယ်ကိုအရေးကြီးတာပါ။အရမ်းဂရုစိုက်ပြီးနေ တာတောင် ကိုဗစ်ကဖြစ်ပါသေးတယ်?




မနက်မိုးလင်းတာနဲ့ကိုဗစ်နဲ့ကျမ တိုင်ပတ်ချက်ကတော့ တစ်နေကုန်ကိုမအားတာပါ?? မနက်စာကအစ တစ်နေကုန်စားဖို့ဟိုဟာလေးထချက်ရ ဒီဟာလေးထချက်ရ ဘာစားစား စားလို့လဲမကောင်း ကိုယ်ချက်တာလဲလက်ရာမကောင်းတော့ပိုဆိုးပါတယ်။




အစားစားချင်စိတ်လုံးဝမရှိ မကောင်းလဲဝင်အောင်စားရမယ်ဆိုတဲ့စိတ်နဲ့ မျိုချ??ရေနွေးငွေ့ရှူရလေ့ကျင့်ခန်းလေးပြေးလုပ်ရ ရေနွေးတွေသောက်ရ ဂျင်းပြုတ်ရေသောက်ရ တစ်နေ့ကိုရေ (4)လီတာပြည့်အောင်လဲသောက်ရသေး




တစ်နေကုန် သောက်လိုက် ပေါက်လိုက်ပဲ။ကျမမနားရဖူး? ကိုဗစ်ဖြစ်တဲ့သူကတစ်နေကုန် အခန်းထဲနေ လှဲနေနားနေရပါမယ်ဆိုမှ ကိုယ့်ဒုက္ခနဲ့ကိုယ် မအားရဖူး လုပ်ပေးကိုင်ပေးမယ့်သူမရှိတော့ ကိုယ်တိုင်အကုန်ထလုပ်ရတယ်။




တော်သေးတယ်လုပ်နိုင်ကိုင်နိုင်လို့။ရှောင်ပြေးလာတုန်းကအင်္ကျီအဟောင်း 5ထည်ပဲပါတယ်နေ့တိုင်းချွေးတွေအရမ်းထွက်တော့တစ်နေ့ကိုအင်္ကျီ 3ထည်လောက်လဲရပါတယ် ။တစ်နေ့တစ်နေ့ဒါဝတ်ဒါလျှော်နဲ့အလုပ်ကိုရှုပ်နေရော?? ။




တစ်ချို့ရက်တွေဆို အိမ်သာတတ်ပြီးချိန်နဲ့ ကိုယ်တိုင်ဟိုဟာလေးထချက် ဒီဟာလေးထလုပ်နေရင်းလူကချက်ချင်းအားနည်းလာပြီးခွေကျချင်တဲ့အထိဖြစ်ဖူးတယ် အိပ်ယာထဲပြန်လှဲနေပြီးအသက်ရှူလေ့ကျင့်ခန်းလေးလုပ်လိုက်မှ မောတာခံသာတာ




အရမ်းလဲမောပါတယ် ချွဲကလဲဘာလိုထုတ်ထုတ်မကျပါ အမြဲလည်ပင်းမှာတစ်စို့လေး??ကျမနေ့တိုင်းလိုလို မှောက်အိပ်ဖြစ်ပါတယ်။မိန်းကလေးတွေ Period လာချိန်ပိုဂရုစိုက်စေချင်တယ် အဲ့အချိန်ရေချိုးမမှားဖို့ ခေါင်းလျှော်မမှားဖို့အရေးကြီးပါတယ်။




ကျမအပါအဝင် သူငယ်ချင်းတော်တော်များများ Period အချိန်မှာ ကိုဗစ်ဖြစ်ကြလို့ပါ။လူငယ်တွေကတော့ 14ရက်ဆိုတာခံနိုင်ရည်ရှိတယ်ဆိုပေမယ့် အဲ့14ရက်ကတော့ Mentally တော်တော်ကိုထိပါတယ်။




ကိုဗစ်ဖြစ်တဲ့သူတိုင်းကိုယ့်ကြောင့်သူများကူးပါစေဆိုတဲ့စိတ်ဘယ်သူမှမရှိကြပါဖူး။ အဲ့ဒါကြောင့်ကိုဗစ်ဖြစ်တဲ့သူတွေကိုအားပေးဖို့လိုပါတယ်။ကိုဗစ်ဖြစ်တဲ့အချိန် Oxygen မရှူခဲ့ရ ကိုယ့်အားကိုယ်ကိုးပြီးလုပ်နိုင်ကိုင်နိုင်တဲ့ကိုယ့်ကိုကိုယ်လဲကျေးဇူးတင်မိပါတယ်။




ကျမအခု (21)ရက်ပြည့်ပါပြီ မောတာနဲ့ချွဲလေးနဲနဲကျန်သလိုဖြစ်တာပဲ ရှိပါတော့တယ်။ကိုယ်တိုင်ကိုဗစ်ကိုအနိုင်တိုက်ထုတ်နေရချိန်မှာ




လိုအပ်တဲ့ဆေးတွေအကုန်ရှာဝယ်ပေးတဲ့ ကိုရှမ်း အဝေးကနေဖုန်းနဲ့ညွှန်ကြားပေးတဲ့ မန်းလေးကဆရာမလေးအားပေးစကားပြောကြတဲ့သူငယ်ချင်းတွေ မိတ်ကောင်းဆွေကောင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်??




ဒီချိန်မှာ ကျမအရမ်းကံကောင်းပါတယ် ကျမကိုခင်တဲ့ ချစ်တဲ့သူတွေအများကြီးရှိတယ်ဆိုတာသိလိုက်ရပါတယ်။ကျမအရမ်းကံကောင်းပါတယ် ကျမဘေးမှာ အစစ်အမှန်ပေးတဲ့သူတွေသာရှိတယ်




ကျမအရမ်းကံကောင်းပါတယ် ဒုက္ခရောက်တိုင်းကူညီပေးတဲ့ မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်းတွေအများကြီးရှိတယ်။ကျမအရမ်းကံကောင်းပါတယ်။




ဖြစ်လာသမျှပြသနာတိုင်းကိုရင်ဆိုင်နိုင်ဿတဲ့အင်အားအပြည့်ရှိတဲ့ ကျမမှာကျမ ရှိတယ်ကျမရဲ့ မိတ်ကောင်းဆွေကောင်းသူငယ်ချင်းတွေအားလုံးကိုလဲ အရမ်းကျေးဇူးတင်တယ် ကျေးဇူးဘယ်တော့မှမမေ့ပါဖူး??????




အားလုံးလဲစိတ်ဓါတ်မကျပါနဲ့နော် ။ဒီကာလမှာ ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အရာတွေကိုပဲများများတွေးပေးပါ မပျော်ပေမယ့်ပျော်အောင်နေကြပါ အားလုံးရောဂါကပ်ဘေးကင်းဝေးကြပါစေရှင့်???




ပုံကတော့အရင်ကပုံလေးပါ လှနေလို့???” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပါ။ပရိသတ်ကြီးလည်း ခွန်အား ရအောင် ရတနာဗဟို ရဲ့ကိုယ်တွေ့ ကိုဗစ်တိုက်ထုတ်ခဲ့ပုံလောက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Crd