သင်တို့သတိမထားမိဘဲအသုံးပြုနေတဲ့ ကျောက်ငရုတ်ဆုံနှင့်ကျည်ပွေ့၏ ကြီးမားသောအန္တာရယ်

သင်တို့သတိမထားမိဘဲအသုံးပြုနေတဲ့ ကျောက်ငရုတ်ဆုံနှင့်ကျည်ပွေ့၏ ကြီးမားသောအန္တာရယ်

အိမ်ရှင်မများအထူးသတိထားသင့်တဲ့အန္တာရာယ်ရှိသောကျောက်ငရုပ်ဆုံ(ကျောက်ကျည်ပွေ့) အကြောင်းလေးမျှဝေပေးပါရစေ..

မြို့မြို့တောတော အိမ်တိုင်း၏ မီးဖိုချောင်တွင်မရှိ၍မဖြစ်သောငရုတ်ဆုံများမှာရှိနေတတ်ကြလေသည်။

ငရုတ်သီး အထောင်းများ၍လည်း ငရုတ်ဆုံဟုတွင်ကျယ်စွာခေါ်ဝေါ် ကြခြင်းဖြစ်သည်။ခရမ်းချည်သီးခရမ်ခရမ်းသီး တို့ကိုလည်းငရုတ်ဆုံတွင်ထည့်ထောင်း၍ ငရုတ်သီးနှင့်ရောဖျော်၍ စားသုံး ကြပါသည်။

ဆူးပုတ်ရွက်ထောင်း ဟူ၍လည်း စားသုံးကြပါသည်။ကျောက်ငရုတ်ဆုံကျောက်ကျည်ပွေ့သံကျည်ပွေ့တို့သည်အန္တရာယ်များကြောင်းကိုသိသူရှားပါးမည်ဟုထင်ပါသည်။

မည်သည့် ဟင်းလျှာ အစားစားကိုဖြစ်စေကျောက်ငရုတ်ဆုံထဲတွင် ကျောက်ကျည်ပွေ့သံကျည်ပွေ့များဖြင့် ထည့်၍မထောင်းရပေကျမ်းမာရေးအတွက်အလွန်အန္တရာယ်များလေသည်။

ကျောက်ငရုတ်ဆုံကို ကျောက်ကျည်ပွေ့သံကျည်ပွေ့များဖြင့်ထောင်းသည်ဖြစ်၍အထောင်းခံရသော ကျောက်ငရုတ်ဆုံမှကျောက်မှုန့်များ ထွက်လာပါသည်။

ထိုကျောက်မှုန်များသည် ဟင်လျှာ အသီးအရွက်ထောင်းများနှင့်ရောသမသွားကာစားသုံးသူများ၏ဝမ်းဗိုက် အတွင်းဆီသို့ရောက်သွားပါတော့သည်။ “အစာအိမ်ရောဂါ အသေအခြာခံရမည်မှာမလွဲတော့ပေ”

တဦးတယောက်တွင်သာမက မိသားစုအားလုံးပါ အစာအိမ်ဝေဒနာခံကို စားရမည်ဖြစ်ပါသည်။အမှန်တကယ်လည်း ကျောက်ငရုတ်ဆုံ ကျောက်ကျည့်ပွေ့သံကျည်ပွေ့သုံးစွဲသူများ အစာအိမ်ဝေဒနာကုသခဲ့ရပါသည်။

နောက်ပိုင်းကျောက်ငရုတ်ဆုံကျောက်ကျည်ပွေ့သံကျည်ပွေ့များကိုရှောင်ရှားသွားရပါတော့ သည်။တချို့မိသားစုများကစဥ့်ထည်နှင့် ပြုလုပ်ထားသောငရုတ်ဆုံများဖြင့်ထည့်ထောင်းကြ၍ အန္တရာယ်မကြုံရပေ။

စဥ့်ငရုတ်ဆုံမှာသစ်သားဝါးသားကျည်ပွေ့ များဖြင့်ထောင်းကြ၍ ဘာအန္တရာယ်မှ မကြုံရခြင်းဖြစ်၏။ထို့ကြောင့် မီးဖိုချောင်မှာဟင်းမျိုးစုံအသီးအရွက်အမျိုးစုံများမကျန်ထောင်းမည်ဆိုက

ကျောက်ငရုတ်ဆုံကျောက်ကျည်ပွေ့သံကျည်ပွေ့များအား ရှောင်ရှား၍စဥ့်ငရုတ်ဆုံများ သစ်သားကျည်ပွေ့များဝါးကျည်ပွေ့များကိုသာအသုံးပြုကြပါရန် စေတနာကောင်းဖြင့်ရေးသားတင်ပြလိုက်ရပါသည်။ ။

ကန့်ဘလူကံတင်အောင်(ပထဝီဝင်)[ကြေးမုံနေ့စဉ် သတင်းစာ ဆောင်းပါးမှ]မှ ကူးယူတင်ပြလိုက်ရပါသည်။မည်သူ့ကိုမျှရည်ညွန်းခြင်းမဟုတ်ပါ

ခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *