ကိုရီးယားမင်းသား လီမင်ဟိုနဲ့တူလို့ နာမည်အရမ်းကြီးနေတဲ့လမ်းဘေးစျေးသည်လေး

ကိုရီးယားမင်းသား လီမင်ဟိုနဲ့တူလို့ နာမည်အရမ်းကြီးနေတဲ့လမ်းဘေးစျေးသည်လေး

K-drama ပရိတ်သတ်များက လီမင်ဟိုနှင့်တူလို့ဆိုပြီးနာမည်ကြီးလူသိများသွားခဲ့တဲ့လမ်းဘေးစျေးသည်အမျိုးသားတစ်ဦးယနေ့ခေတ်ကာလမှာ Korean Wave ဟာ အနောက်နိုင်ငံများအထိပင်ကမ္ဘာ့နေရာအတော်များများသို့ရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် အာရှရှိတောင်ကိုးရီးယားနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတော်တော်များများက K-drama သရုပ်ဆောင်တွေနဲ့ K-pop အဖွဲ့တွေရဲ့ပရိတ်သတ်တွေဖြစ်နေခဲ့တာကြာပြီဆိုတာကိုလည်း အံ့ဩနေစရာမဟုတ်တော့ပါဘူး။

ထို့အပြင် အချို့သောသူများက ၎င်းတောင်ကိုးရီးယားစတားများနှင့်ရုပ်ချင်းဆင်တူတာကြောင့် local celebrity များအဖြစ် နာမည်ကြီးလာတဲ့လူများစွာလည်း ရှိလာခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းKalimantan ရဲ့မြို့တော် Samarinda မြို့၌

လမ်းဘေးဈေးသည်တစ်ဦးဖြစ်တဲ့ Doddy Angga Andrianto ဟာ ၎င်းတို့ထဲမှတစ်ဦးအပါအဝင်ဖြစ်လာခဲ့ပါတယ်။မကြာသေးမီက Doddy ဟာ သူ့ရဲ့ဆိုင်မှာ ရောင်းနေတဲ့သူ့ရဲ့ဓာတ်ပုံကို တစ်စုံတစ်ယောက်ကမျှဝေခဲ့ပြီးနောက်သူဟာလူကြိုက်များလာခဲ့ပါတယ်။

ဖောက်သည်တစ်ဦးက သူဟာ Lee Min-ho နှင့်တူတယ်လို့ဆိုကာအခြားသော K-drama ပရိတ်သတ်တော်တော်များများကလည်း တူညီနေတာကိုသဘောတူခဲ့ကြပြီး ဓာတ်ပုံရိုက်ဖို့ သူ့ဆိုင်သို့ သွားခဲ့ကြပါတယ်။

လူတော်တော်များများက Doddyကို ချိန်းတွေ့ဖို့သို့မဟုတ် သူ့လက်ကိုဆုပ်ကိုင်ကြည့်ဖို့တောင် ကြိုးစားခဲ့ပေမဲ့ Doddy ဟာ ၎င်းကို professional ဆန်စွာအတတ်နိုင်ဆုံး ငြင်းဆန်တုံ့ပြန်ခဲ့ပါတယ်။

Doddy က သူ့ရဲ့အသစ်သော ကျော်ကြားမှုနဲ့ အထူးသဖြင့် သူ့ဆိုင်ကိုလာလည်တဲ့သူတွေများလာတာကြောင့်သူအံ့ဩသွားခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။သို့ပေမဲ့ ဒါက သူ့စီးပွါးရေးအတွက်တော့ အတော်လေးအဆင်ပြေနေပါတယ်။

ဆိုင်ကိုလာတဲ့အမျိုးသမီးတွေကသူ့ကိုဓာတ်ပုံရိုက်ဖို့အတတ်နိုင်ဆုံးကြိုးစားရင်း သူရောင်းနေတဲ့အစားအ စာတွေကိုလည်း ၀ယ်ယူသွားခဲ့ကြ ပါသေးတယ်။သို့ပေမဲ့ Doddy ဟာသူ့ရဲ့ကျော်ကြားလာမှုကို စိတ်ဝင်မစားနေခဲ့ပါဘူး။

Doddy ဟာ ကျောင်းတက်စဉ်အရွယ်တုန်းက အတန်းဖော်များက သူ့အား ဟောင်ကောင်မင်းသားAndy Lau ဒါမှမဟုတ် Super Junior အဖွဲ့ဝင် Choi Siwon ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံရဲ့ host တစ်ဦးဖြစ်တဲ့ Boy Williamတို့နဲ့တူတယ်လို့ အမြဲအပြောခံခဲ့ရပါတယ်။

အဲ့လိုတွေကြောင့် သူ့အားလီမင်ဟိုနှင့်တူတယ်လို့ ပြောလာတဲ့အခါ Doddy ဟာစိတ်မလှုပ်ရှားနေတော့ပါဘူး။Mulawarman တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် Doddy ဟာ ဆက်သွယ်ရေးအော်ပရေတာအဖြစ်အလုပ်ရှာခဲ့သော်လည်း

နောက်ပိုင်းမှာ သူမကိုယ်တိုင်လမ်းဘေးအစား အစာရောင်းနေတဲ့အမေဖြစ်သူကို သနားလာတာကြောင့်အလုပ်ထွက်ခဲ့ပြီး အမေဖြစ်သူအနားယူနိုင်ဖို့သူမရဲ့ဆိုင်ကို တာဝန်ယူပေးရန် ဆုံးဖြတ်ခဲ့တာပါ။

လက်ရှိမှာ Doddy ဟာ လီမင်ဟိုနှင့်တူလို့လူသိများကျော်ကြားလာခဲ့ပြီး social media မှာလည်း ပရိသတ်များစွာကို ပိုမိုရရှိလာခဲ့ပါတယ်။

သို့ပေမဲ့ Doddy ဟာ သူ့ရဲ့fanbase တွေကြီးထွားလာတာတောင် လမ်းဘေးအစားအစာတွေရောင်းတာကို ရပ်တန့်ပစ်ဖို့ အစီအစဉ်မရှိနေခဲ့ပါဘူး။

crd

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *