တောင်တန်းသာသနာပြု ဆရာတော်ကြီးမိန့်တော်မူတဲ့ ခရုသင်းခေါ်သမင်ဖြူပျောက်တဲ့ဆေးနည်း

တောင်တန်းသာသနာပြု ဆရာတော်ကြီးမိန့်တော်မူတဲ့ ခရုသင်းခေါ်သမင်ဖြူပျောက်တဲ့ဆေးနည်း

လူတောမတိုးဝံ့အောင်စိတ်ညစ်ရသောသမင်ဖြူရောဂါ ခရုသင်းရောဂါလက်တွေ့ပြောက်သောဆေးနည်းလေးမျှဝေပေးပါရစေ။

ဘဝကိုအကောင်းမြင်ဝါဒများဖြင့်ရှင်သန်ရပ်တည်နေထိုင်ကြသောမိတ်ဆွေများနှင့်ခရုသင်း ရောဂါသမင်ဖြူရောဂါအကြောင်းကို ပြောပြ ဆွေးနွေးလိုပါတယ်ခင်ဗျာ။

သမင်ဖြူရောဂါအကြောင်းမဆွေးနွေးခင်မှာသမင်ဖြူးရောဂါကြောင့်လူတောမတိုးဝင်နိုင်လောက်အောင်စိတ်ဆင်းရဲနေရသောသူငယ်ချင်းတစ်ယောက်အကြောင်းကိုစတင်ပြောပြပေးချင်ပါတယ်ခင်ဗျာ

ကျွန်တော့်သူငယ်ချင်းဟာအလယ်တန်းကျောင်းသားဘဝတွင် ဘာရောဂါမှမရှိသော်လည်းအထန်းထက်တန်းကျောင်းသားဘဝမှာဘယ်ကနေဘယ်လိုဖြစ်လာမှန်းမသိဘဲသမင်ဖြူအရေပြားရောဂါဖြစ်လာတာကိုတွေ့မြင်ရပါတယ်။

သူအနေဖြင့်သမင်ဖြူရောဂါဖြစ်ရတဲ့အကြောင်းဘယ်လိုဆိုတာအစရှာမရဘူးဖြစ်နေပေမဲ့ သူကိုယ်သူအစားမှားခြင်းကစတာဘဲလို့သုံးသပ်ပြောဆိုတာကိုသိရှိရပါတယ်။

သူငယ်ချင်းပြောပြတာကတော့သူမှာအနာကလေးမပေါက်လိုက်နဲ့ ပျောက်တာနဲ့သမင်ဖြူဖြစ်နေခဲ့တယ်ခြေကလက်ကနေ အကွက်ကလေးတွေစဖြစ်လာပြီးမျက်နှာနှုတ်ခမ်းလေးတွေပါကူးလာတယ်ဟုပြောပြရှာပါတယ်။

ကျွန်တော့်သူငယ်ချင်းအနေဖြင့်သမင်ဖြူရောဂါပျောက်ချင်တဲ့အတွက်ဆေးတွေစုံအောင်ကုသော်လည်းရောဂါကမပျောက်တဲ့အပြင်ပိုပိုဆိုးလာတာကိုတွေ့ရှိနေရပါတယ်။သူငယ်ချင်းအနေဖြင့်ရောဂါပျောက်ချင်တဲ့အတွက်ဆရာစုံဆေးစုံပြသသော်လည်း

ဘယ်ဆရာမှမတတ်နိုင်တဲ့အတွက်အပြင်းထွက်ရင်အကွက်လေးတွေကိုသနပ်ခါးလူးပြိးမှထွက်လေ့ရှိပါတယ်။သူငယ်ချင်းအဖြစ်ကိုကြည့်ပြီးကျွန်တော်တို့သူငယ်ချင်းတစ်စုလုံးစိတ်မကောင်းဖြစ်နေသော်လည်း

သူငယ်ချင်းကတော့စိတ်ဓာတ်မကျပဲအနာသိရင် ဆေးရှိပါတယ်ဆိုပြီးသူ့ကိုယ်သူအားပေးဖြေသိပ်နေပါတယ်။ဒီလိုနဲ့ကျွန်တော်တို့သူငယ်ချင်းတွေဟာဘဝကိုယ်စီ မိသားစုကိုယ်စီအလုပ်ကိုယ်စီနဲ့ဆိုတော့

နှစ်တွေကြာလာတာနဲ့အမျှတစ်ယောက်နဲ့တစ်ယောက်အရင်ကလိုသိပ်မတွေ့ဖြစ်ကြတော့ဘူးပေါ့။တစ်နေသမင်ဖြူရောဂါရှိတဲ့သူငယ်ချင်းက ကျွန်တော့်ထံသို့ဆရာကန်တော့ပွဲအတွက်အလှူလာခံတော့မမှတ်မိနိုင်လောက်အောင်ပြောင်းလည်းနေတာကိုတွေ့မြင်ရပါတယ်

ကျွန်တော်လည်းတွေ့တွေ့ခြင်းသူငယ်ချင်းရေးစိတ်တော့မဆိုးပါနဲ့မင်းသမင်ဖြူရောဂါခရုသင်း ရောဂါဘာဆေးနဲ့ပြောက်တာလဲ?ပြောက်တာဘယ်လောက်ကြာပြီလဲ?သူငယ်ချင်းတွေနဲ့မတွေ့တာကြာတော့မင့်အကြောင်းလည်းမကြားမိဘူးကွာလို့ ကျွန်တော်ကပြောတော့

သူငယ်ချင်းကသူသမင်ဖြူရောဂါပြောက်တာဆယ်နှစ်လောက်ရှိပြီးစကားမဆပ်လို့မပြောဖြစ်တာနေမယ်။သမင်ဖြူရောဂါပြောက်ဆေးပေးတာကတောင်းတန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရဖြစ်ကြောင်းပြောပြပါတယ်။

ဆရာတော်ဘုရားကြီးပြောတဲ့ခရုသင်ပြောက်ဆေး သမင်ဖြူပြောက်ဆေးနည်းကတော့−

ကန့်ချုပ်နီ ဆားပုတ်၊ ထမင်းရည်တို့ဖြင့်ကုသရမှာဖြစ်ပြီး ပထမဦးဆုံးဝမ်းသန့်စေဖို့အတွက်ထမင်းရည်ကိုဆားပုတ်ခဲထည့်ပြီးနေ့စဥ်အစာမစားခင်မှာနံနက်တစ်ကြိမ်နေ့လည်တစ်ကြိမ်သောက်ပေးရပါလိမ့်မယ်

အထူးသတိပေးလိုတာကတော့ဆားပုတ်နဲ့ထမင်းရည်သောက်တဲ့နေ့တွေမှာအသားငါးရှောင်ရပါလိမ့်မယ်အထူးသဖြင့်ပင်လယ်စာများနှင့်ပုဇွန်ခြောက် ငါးခြောက်ငပိအပါအဝင်တိရစ္ဆာန်ဝမ်းတွင်းသားများကိုအထူးရှောင်ရှာဖို့လိုအပ်ပြီး

ထိုရက်တွေမှာအသီးအရွက်တွေကိုသာများများစားပေးဖို့လိုအပ်ပါတယ်။ခရုသင်းဖြစ်နေတဲ့နေရာတွေကိုတော့ကန်ချုပ်နီကိုသွေးပြီးတစ်ရက် (၃)ကြိမ် လိမ်းပေးဖို့လိုအပ်ပါတယ်။ဆားပုတ်နဲ့ထမင်းရည်သောက်ကာကန်ချုပ်နီလိမ်းတဲ့ရက်တွေမှာ

အသားငါးလုံးဝရှောင်ပြီးအသီးအနှံတွေကိုဘဲအားပြုစားမယ်ဆိုရင်တစ်ပါတ်လောက်ကြာတာနဲ့အဖြူကွက်လေးတွေထဲသို့အညိုစက်ကလေးတွေဝင်လာတာကိုအံ့သြလောက်အောင်တွေ့ရပါလိမ့်မယ်။

ဒီလိုနဲ့( ၁၅ )ရက်လောက်ရှိတော့ ဖြူကွက်တွေလျော့နည်းသွားပြီတစ်လလောက်ကြာတော့လုံးဝအရှင်းပျောက်ကင်းသွားတယ်ဟုသူငယ်ချင်းကပြောပြပေးပါတယ်။တောင်တန်းသာသနာပြု ဆရာတော်ကြီးမိန့်တော်မူတဲ့ ခရုသင်းသမင်ဖြူပျောက်ဆေးကတော့

ကန့်ချုပ်နီကိုခရုသင်းဖြစ်တဲ့နေရာကိုလိမ်းထမင်းရည်ထဲပူပူလေးထဲကိုဆားပုတ်အနဲငယ်ထည့်သောက်အသားတွေငါးတွေသာအထူးရှောင်ပါကခရုသင်းရောဂါသမင်ဖြူရောဂါတွေလက်တွေ့ပြောက်ကင်းတာကျွန်တော့်သူငယ်ချင်းအပါဝင်လူတစ်ရာမကလက်တွေ့ရှိပါတယ်ဟုခရုသင်းသမင်ဖြူရောဂါရှိသူများကိုအကြံဥာဏ်များပေးလိုပါတယ်ခင်ဗျာ

ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ
(၆.၇.၂၀၂၀)တနင်္လာနေ့

ဆေးနည်းပေးသော ဒေါက်တာလှဝင်းအောင်အား ရိုသေလေးစားစွာခရက်ဒစ်ပေးပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *