ကိုယ်တိုင်ကိုယ်ကျလှူဒါန်းမှုတွေလိုက်လုပ်ပေးနေတဲ့ Myanmar Idol အဆိုတော်မလေး ပိုးမီ

ကျန်းမာရေးပြန်ကောင်းတာနဲ့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှုတွေလိုက်လုပ်ပေးနေတဲ့ Myanmar Idol အဆိုတော်မလေး ပိုးမီ

အဆိုတော်ပိုးမီဟာဆို မြန်မာအိုင်ဒေါမှာ ပင်ကိုယ်အသံကောင်းကောင်းနဲ့သီချင်များကို သီဆိုယှဥ်ပြိုင်ခဲ့တာကြောင့် လူသိများပြီး ပရတ်သတ်အားပေးမှုများစွာလည်း ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း သူမ၏ရောဂါဝေဒနာခံစားနေရတဲ့အချိန်မှာ ရေးဖြစ်ခဲ့တဲ့ လောကဓံရဲ့ မနက်ဖြန် ဆိုတဲ့သီချင်းတစ်ပုတ်ကိုလည်း လူမှုကွန်ယက်မှာ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်..

အခုလည်းသူမ ကျန်းမာရေးပြန်ကောင်းတာနဲ့ ကိုယ်တိုင်ပရဟိတလေးတွေလုပ်နေတာလေးကို သူမ၏ ဖေ့ဘွတ်စ်ပေ့စ်မှာ ပြန်လည်မျှဝေထားတာပဲဖြစ်ပါတယ်

စိတ်ချရတဲ့အနေအထားနဲ့ ..နေပြန်ကောင်းပြီဆိုတော့ အိမ်ထဲမှာ ထိုင်နေဖို့ စိတ်က မဖြောင့်နိုင်တော့ဘူးမို့ …တတ်နိုင်တဲ့ ဝန်ကို ထမ်းဖို့ ဖြစ်လာပြီပေါ့ …..

ဒီနေ့ အတွက် ပိုးမီတို့ သူငယ်ချင်းတွေ စုပေါင်းပြီး …လှော်ကား က ကျူးကျော်ရပ်ကွက်​လေးဆီဖိုးဝ အဟာရဒါန ဆေးဒါန နဲ Mask လေးတွေ သွားရောက် လှူဒါန်းခဲ့ပါတယ် …

စမ်းတဝါးဝါးလမ်းတွေထက် အတူတူအားတင်းရှေ့ဆက်ကြပါစို့ ….လို့ ပိုးမီရဲ့ လူမှုကွန်ယက်မှာ အလှူမှတ်တမ်းဓါတ်ပုံလေးများနဲ့ အတူ ရေးတင်ထားတာပဲဖြစ်ပါတယ်..

သာဓုသာဓုသာဓုခေါ်ပါတယ် မပိုးမီတို့သူငယ်ချင်းများလည်းဘေးဘရာခပ်သိမ်းကင်းဝေးပြီး ဒီထက်မက ဆတ တစ်ပိုး လှူဒါန်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင့်..

ပိုးမီကိုချစ်တဲ့ ချစ်ပရတ်သတ်ကြီးအတွက် ပိုးမီရဲ့ အလှူဒါနပုံလေးတွေကို ဝမ်းသာပိတိ အပျော်လေးတွေကူးစက်ပြီး သာဓု ခေါ်ဆိုနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

၁။

၂။

၃။

၄။

၅။

၆။

Credit by PoeMi
photo by PoeMi

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *