ပုစွန်ချဉ် ပြုလုပ် နည်း

ပုစွန်ချဉ် ပြုလုပ် နည်း

ပါဝင်ပစ္စည်းများ

ပုစွန်ဘော့ချိတ် ( ၅၀ ) သား

ထမင်း( ဆန်ကြမ်း လက်နှစ်ဆုပ်စာ )

ဆား ( ဟင်းချိုဇွန်း ၁ ဇွန်း အမောက် )

ပလတ်စတစ်အိတ် ( သို့ ) ငှက်ပျောဖပ်

ပလတ်စတစ်ကြိုး

သွားကြားထိုးတံ

စင်းနှီတုံး

ဒါတွေကပုစွန်ချဉ်တည်ဖို့ လိုအပ်တာတွေပါ။

ပုစွန်ချဉ် လုပ်ပါတော့မယ်။

ပထမဆုံး ပုဇွန်တွေကို ခေါင်းဖြုတ်ပါ။ ဘေးအခွံတွေ ခွာဖို့မလိုပါ။ ( အကောင်ကြီးလွန်းမှ ခွာပါ )ခြေချောင်းတွေကို ဖယ်ပစ်ပြီး ရေစင်အောင် ဆေးပီးနောက်ဇကာထဲထည့်ပြီး ရေစစ်ပေးထားပါ။ ပြီးရင် လက်ကို သန့်အောင် ဆေးပြီးထမင်းကြမ်းခဲနဲ့ ဆားကို

ရောပြီးထမင်းကျေအောင် အရင် ဖျစ်နယ်ပေးပါ။ထိုထမင်းနဲ့ ပုဇွန်အသားတွေကို နှံ့အောင်နယ်ပေးပါ။ပြီးရင် ပလတ်စတစ်အိတ်ထဲထည့်ပြီးပုဇွန်နဲ့ထမင်းနယ်ထားတာတွေကို ထည့်ပါ။ကျစ်လျစ်နေအောင် ထုပ်စည်းပေးပါ။ ပလတ်စတစ်အိတ်

ပတ်ပတ်လည်ကို သွားကြားထိုးတံနဲ့ အပေါက်လေးများ ဖေါက်ပေးပါ။ပီးရင်တော့ အပေါ်မှ လေးလံမယ့်အတုံးကြီးနဲ့ ဖိထားပေးပါ။ ပထမ တစ်ရက် ဖိထားပြီးရင်စီးကျလာတဲ့ အရည်တွေကို

သွန်ပစ်ပေးပီးမှ စင်းနှီတုံးနဲ့ ထပ်ဖိပီးတစ်ရက်တစ်ခါ စီးကျလာတဲ့ အရည်တွေ သွန်ပေးပါ။ငါးရက်လောက်ဆိုရင်တော့ ချဉ်ပါပြီ။ အရမ်းချဉ်သွားမှာစိုးရင် ရေခဲသေတ္တာထဲ ထည့်ထားပေးပါ။ရာသီဥတုအေးရင်တော့ ပုဇွန်ချဉ်ဖို့ တစ်ပတ်ကြာပါမယ်။

မှတ်ချက်

ထမင်းကို ဆန်ကြမ်း ( ထမင်းကြမ်းခဲ ) သာသုံးပါ။ဆန်ချောနဲ့လုပ်ရင် ပုစွန်ချဉ် ပျော့သွားတတ်ပါတယ်။အပေါ်မှဖိတာကို လေးလံတဲ့ စင်းနှီတုံးသာသုံးပါ။ စီးကျလာတဲ့ အရည်တွေကို တစ်နေ့တစ်ခါ သွန်ပေးပါ။

ခရတ်ဒစ် မူရင်း

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *