စျေးကြီးပေးပြီးဝယ်မရတဲ့ဖြည့်စွတ်အားဆေးတွေအစားသဘာဝကပေးသောနည်းလမ်းများနှင့်အားဖြည့်ကြမယ်

စျေးကြီးပေးပြီးဝယ်မရတဲ့ဖြည့်စွတ်အားဆေးတွေအစားသဘာဝကပေးသောနည်းလမ်းများနှင့်အားဖြည့်ကြမယ်

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း… ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းက (To A Better Health)သဘာဝနည်းလေးတွေကိုဒီလိုပြောပြထားပါတယ်။

၁။ Vitamin D အတွက်မနက်ခင်းနေရောင်ခြည်ခံပေးပါ။ နေပူထဲမှာနာရီဝက်လောက်နေပါ။ အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။အိမ်ထဲမှာနေပြီး လှမ်းမရပါ။

အိမ်ပြင်မှာUltra violet B ray ရနိုင်လို့ ဖြစ်ပါတယ်။Vitamin D ရဖို့ B ray လိုပါတယ်။ အိမ်ထဲမှာပြတင်းပေါက်ကနေတဆင့်ရသောနေရောင်ခြည်မှာA rayသာဖြစ်ပါတယ်။B rayကပြတင်းပေါက်ကိုမဖောက်နိုင်ပါ။A ray က Vitamin Dမလုပ်နိုင်ပါ။

၂။ အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ။ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေအများကြီးရှိတာကတစ်ကြောင်း၊သူတို့တွေကဝါယောဓာတ်တွေဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။

များတဲ့နေရာကနေနည်းတဲ့နေရာကိုရွေ့လျားတတ်တာကြောင့် မြေကြီးကနေခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်သင့်တော်ပါတယ်။အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီးထိရောက်ပါတယ်။

ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်ယောင်ကိုင်းခြင်းကိုသက်သာစေနိုင်ပါတယ်။သဘာဝ antioxidants တွေ ဖြစ်ပြီးသွေးကိုလည်းကျဲစေတတ်တာကြောင့်လေဖြတ်ထားသူများ၊နှလုံးသွေးကြောပိတ်သူများအတွက်အလွန်သင့်တော်ပါတယ်။

၃။ D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကိုသဘာဝနည်းနဲ့အရယူကြရအောင်။ရှမ်းတို့ဖူး (Natto)(Plant based MK7)၊ကလီစာဟင်း (Animal based MK4 )၊ ကြက်ဥအနှစ် (Animal Based MK4)

၄။ Probiotics အလှမ်း မမှီနိုင်ရင်(၁) ချဉ်ဖတ်စားပါ။ (၂)ဒိန်ချဉ်စားပါ။(၃) ဗမာအချဉ်ရော၊ ရှမ်းချဉ်ရောအလွန်ကောင်းပါတယ်။

၅။ နနွင်းကို( အုန်းဆီ/သံလွင်ဆီ )နဲ့ သောက်ပါ။

၆။ အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။

၇။ အရိုးပြုတ်ရည် သောက်ပါ။ ( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)

၈။ ရှားစောင်းလက်ပတ် စားပါ။အူလမ်းကြောင်းပြုပြင်ရေးအတွက်ကောင်းပါတယ်။

၉။ အုန်းရည် သောက်ပါ။သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။

၁၀။နွယ်ချိုက အူကျန်းမာရေးအတွက်ကောင်းပါတယ်။

၁၁။ဆားခါးရေစိမ်ပါ။ Magnesiumအလှမ်းမမှီသူများအတွက်ပါ။

၁၂။ သစ်ကြားသီး စားပါ။Plant based Omega3 ရပါတယ်။

၁၃။ တတ်နိုင်ရင်တစ်ခါတရံ အဆီများသောငါးစားပါ။

၁၄။ အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊သံပုရာသီး၊ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး။ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း။ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )

၁၅။ Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။


၁၆။ Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍ ရေနွေးကြမ်း green teaသောက်ပါ။ရေများများသောက်ပါ။ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။

credit ; Dr. Khin Nwe Win

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *