ဒီကနေ့မှာ မိမိဘာသာအဆုံးစီရင်သွားတဲ့ မိတ်ကပ်ပညာရှင်ခိုင်ခိုင်အတွက် အဆိုတော် Ar -T မှလှူဒါန်းမှုပြုလုပ်ပေး




(၅.၈.၂၀၂၁)ဒီကနေ့ မနက်ပိုင်းမှာ မိတ်ကပ်ပညာရှင်လေး ခိုင်ခိုင်ဟာမိမိဘာသာ အဆုံးစီရင်သွားတာပဲဖြစ်ပါတယ်။




အခုလိုအဖြစ်ဆိုးမျိုးနဲ့ ဘ၀ကူးသွားတဲ့မိတ်ကပ်ခိုင်ခိုင်အတွက် ရည်စူးပြီးအဆိုတော် အာတီမှ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံ ဂေဟာသို့လှူဒါန်းမှုလေးတစ်ခုပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေရင်ခွင်ရိပ်မြုံဂေဟာသို့ ယနေ့ကွယ်လွန်သွားသော မိတ်ကပ်-ခိုင်ခိုင် (စမ်းချောင်း) အား ရည်စူး၍ အဆိုတော် အားတီမှအလှုငွေ (300,000 kyat) သုံးသိန်းကျပ်လှုဒါန်း၍လက်ခံရရှိပါတယ်ရှင်?




အလှူရှင် တယောက်စီတိုင်း ကို မခိုင်နှင်းဝေနှင့် အသင်းသူ/ သား များ မှအထူး ကျေးဇူးတင်ရှိပါတယ်ရှင်!(၇)ရက်သားသမီးများ အားလုံး စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်း နဲ့ ပြည်စုံကြပါစေ…




ကပ်ရောဂါ အပေါင်းမှလဲ ကင်းဝေနိုင်ကြပါစေရှင်? ဆိုပြီး ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာ ၏ဖေ့ဘွတ်စ်ပေ့မှာ တင်ထားတာပဲဖြစ်ပါတယ်။




ဒါအပြင် သရုပ်ဆောင် မင်းသမီးချောလေး မခိုင်နှင်းဝေမှ လည်း မိတ်ကပ်ခိုင်ခိုင်အတွက်လည်း ဒီလိုဆုတောင်းပေးထားပါတယ်။

ဘဝ ဆက်တိုင်း ဖြစ်ချင်သော ဆန္ဒအတိုင်း ဖြစ်ပါစေ…ဝဠ်ကြွေးများ ရှိခဲ့ပါက ဒီ ဘဝနောက်ဆုံးသာဖြစ်ပါစေ..




ပြုပြုသမျှကုသိုလ်တို့အားသာဓုခေါ်ဆိုနိုင်ပြီးလူ၊နတ်၊နိဗ္ဗာန် ဤ သုံးတန် မှတပါးပါးအားရရှိနိုင်ပါစေရှင်….အမျှ အမျှ အမျှ……သာဓု သာဓု သာဓု ..???? လို့ သူမ၏ လူမှုကွန်ယက်မှာ မျှဝေပေးထားတာပဲဖြစ်ပါတယ်။




မိတ်ကပ်ခိုင်ခိုင်အတွက်များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ဘဝဆက်တိုင်းဒီလိုအ ဖြစ်ဆိုးမျိုးနဲ့ မကြုံရပါစေနဲ့.. ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။




ပရိတ်သတ်ကြီးလည်း မိတ်ကပ်ပညာရှင်လေးခိုင်ခိုင်အတွက် ဘဝကူးကောင်းအောင် ဆုတောင်မေတ္တာများလည်းပို့ပေးကြပါအုံးနော်။
credit by Khaing Hnin Wai Fb