လမ်းစရိတ်မရှိ စားစရာမရှိပဲ မုန့်လေးတစ်ထုတ်ရေတစ်ဘူးနဲ့ မွေးရပ်ဌာနေသို့ လမ်းလျှောက်ပြန်ရသည့်သူတို့၅ဦးအတွက် ဖေ့ဘွတ်ဆယ်လီမွန်လေး၏မွန်မြတ်သောအလှူ




စစ်တွေ မြို့မှပြည်မြို့သို့လမ်းလျှောက်ပြန်နေကြသော ညီငယ်ညီမငယ်များတွက် ကားခလမ်းစရိတ်နဲ့လမ်းမှာထမင်းစားဖို့ ၁သိန်း၁သောင်းကျပ် လှူဒါန်း ???




စစ်တွေမြို့မှာ အလုပ်သွားရောက် လုပ်ကိုင်ကြသောညီငယ်၄ယောက်နှင့်ညီမ၁ယောက်ရဲ့ဖြစ်ရပ်မှန်လေးပါအလုပ်တွေအဆင်မပြေအိမ်ပြန်ချင်တယ်လို့ သူဌေးကိုပြောတဲ့ခါတရုတ်သူဌေးမှ




ပိုက်ဆံလည်းမပေးဘဲပြန်ချင်ရင်လမ်းလျှောက်ပြန်ထမင်းဖိုး၅၀၀တောင်မပေးပါဘူးတဲ့။ မွေးရပ်ဌာနေ ပြည်မြို့သို့ ပြန်ဖို့၁၅ရက်ကျော်လမ်းလျှောက်ရမှာပါတဲ့။

မွန်လေးရှိအကူညီတောင်း မဆက်သွယ်ခင်၂ရက်တိတိထမင်းမစားဘဲလမ်းလျှောက်ခဲ့ ရပါတယ် ။လမ်းမှာလည်းဘယ်သူမှအကူညီမပေးပါဘူးတဲ့အိမ်ပြန်ဖို့လမ်းစရိတ်လေးအကူညီတောင်းသောကြောင့်




Video Cll ခေါ်ပြီး အစစ်မှန် တစ်ကယ်ဒုက္ခရောက်နေသူများ ဖြစ်သည့်အတွက် လမ်းစရိတ်နဲ့ ထမင်းဖိုး ၁သိန်း ၁သောင်းနဲ့အခက်ခဲဖြစ်ရင် ဆက်သွယ်လို့ရအောင်ဖုန်းဘေတို့ကိုထည့်ပေးပြီးကူညီလှူဒါန်းပေးခဲ့ပါသည်။

နတ်လူသာဓုခေါ်၍ ထပ်တူကုသိုလ်ရကြပါစေ ။ခုအိမ်ပြန်ရောက်သွားကြပါပြီ ??? လို့ သူ၏လူမှုကွန်ယက်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။




သာဓုသာဓုသာဓုပါ ကိုမွန်လေးရေ အရမ်းမွန်မြတ်တဲ့အလှူလေးပါ..ဒီထက်မကလည်းလှူဒါန်းမှူများပြုလုပ်နိုင်ပါစေ..
ခရက်ဒစ် မွန်လေး Fb