သတိထားမစစ်ဆေးပါက အသက်အန္တရာယ်ပါဖြစ်လာနိုင်တဲ့ ကားဒူးဆစ်

သတိထားမစစ်ဆေးပါက အသက်အန္တရာယ်ပါဖြစ်လာနိုင်တဲ့ ကားဒူးဆစ်

မော်တော်ကားတစ်စီးကိုအောက်ပိုင်းစစ်ဆေးပေးတဲ့အခါမှာမေ့နေတတ်တဲ့အရာတစ်ခုက CV Joint လို့ခေါ်တဲ့ဒူးဆစ်ကိုစစ်ဆေးပေးဖို့ပါပဲ။

ဘာဖြစ်လို့သတိထားစစ်ဆေးရမလဲဆိုတော့CV Joint ဆိုတာဘာလဲ….? ဘာလုပ်ပေးတာလဲ?

ရှေ့ယက်ကားတွေ (Front Wheel Drived car)နဲ့ ဖိုးဝီးကား Four Wheel car)တွေမှာမဖြစ်မနေသုံးရတဲ့ပစ္စည်းပါ။အချို့သောနောက်ယ​က်​ကားဖြစ်တဲ့Crown၊Mark II စတဲ့(Rear Wheel Drived car)တွေမှာလဲသုံးတတ်ပါတယ်။

CV ဆိုတာ Constant Velocity ရဲ့အတိုကောက်လေးပါ။ကားတစ်စီးရွေ့လျားဖို့ဆိုရင်အင်ဂျင်လည်ရပါမယ်။နောက်ဂီယာတစ်ခုခုရှိရပါမယ်။အဲဒီဂီယာနဲ့ချိတ်ဆက်ပြီးကားဘီးတွေကိုလည်ပေးလိုက်မှ ကားကသွားလာလို့ရပါမယ်။

Transaxle လို့ခေါ်တဲ့ဂီယာဘောက်ကနေလည်ပေးလိုက်တဲ့အတိုင်း ကားရဲ့ ဘီးတွေကလိုက်ပြီးလည်ပတ်ရပါတယ်။ဘီးဟာအတည့်ဖြစ်ဖြစ်၊ကွေ့နေလို့ပဲဖြစ်ဖြစ်၊ဘီးကချိုင့်ထဲကျသွားလို့ပဲဖြစ်ဖြစ်၊ဘီးကကမူပေါ်မှာရောက်နေလို့ပဲဖြစ်ဖြစ်Transaxle ရဲ့လည်နှုန်းအတိုင်းလိုက်ပြီးလည်ပေးရပါမယ်။

(ဒါကြောင့်Constant Velocityလို့ခေါ်တာပါ။)ဒါတွေရဲ့ အလုပ်ကို CV axle လို့ခေါ်တဲ့ဒူးဆစ်ရှပ်တန်းကြီးကလုပ်ဆောင်ပေးပါတယ်။ဒူးဆစ်ရှပ်တန်းမှာ အတွင်းဒူးဆစ် (Inner CV Joint) နဲ့ အပြင်ဒူးဆစ် (Outer CV Joint) ဆိုပြီးဒူးဆစ်(၂)ခုရှိပါတယ်။(ပုံမှာကြည့်ပါ)

ဒူးဆစ်တွေမှာ အမဲဆီအပြည့်နဲ့ဘောလေးတွေပါပါတယ်။အဲဒီဘောလေးတွေကမြောင်းတွေထဲမှာအထိုင်ကျနေပြီးလိုသလိုအထက်အောက်ဘေးဘယ်ညာကစားလို့ရပါတယ်။ အဲဒီဘောလေးတွေက CV Joint ရဲ့အရေးပါဆုံးပါပဲဗျာ။

CV Joint မကောင်းရင် ဘာတွေဖြစ်နိုင်သလဲ… ?

ကားက ဂီယာထိုးပေမဲ့ မရွေ့တော့ပါဘူး။ကားရမ်းခါနေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဒူးဆစ်ပြုတ်ထွက်သွားပြီး ကားဘီး အပြင်ကိုကားထွက်သွားတာ၊အတွင်းကိုဝင်သွားတာတွေဖြစ်နိုင်ပါတယ်။အရှိန်နဲ့သွားလာနေတဲ့အခါမှာတကယ်ကိုအန္တရာယ်များပါတယ်။

ဒီလိုတွေဖြစ်နေရင်တော့ CV Joint (ဒူးဆစ်)ကို စစ်ဆေးပြီးလဲလှယ်ဖို့လိုအပ်ရင်လဲရပါမယ်။ဒူးဆစ်သဲကာတွေပေါက်ပြဲနေရင်(သို့)ဒူးဆစ်အမဲဆီတွေအပြင်ကိုထွက်နေရင်(ဒူးဆစ်ကို ပျက်ဆီးစေတဲ့ အဓိကအကြောင်းရင်းပါ)

စီယာရင်အဆုံးထိကွေ့ပြီး လီဗာနင်းလိုက်ရင်တောက်တောက် ဆိုပြီး အသံထွက်နေရင်(ဒါက first step ပါ)စီယာရင်ကို အတည့်တိုင်းထားပြီး သွားရင်လည်း ရမ်းခါပြီး တောက်တောက်ဆိုပြီး အသံထွက်ပါမယ်။ဒီအဆင့်ဆိုရင်တော့ တအားကိုအန္တရာယ်များသွားပါပြီ..

အချိန်မဆိုင်းဘဲ ဒူးဆစ်ကို လဲရပါမယ်။အကယ်၍သာ သဲကာပေါက်ပြဲနေတာတို့ အမဲဆီတွေ အပြင်ကို ထွက်နေတာတို့ပဲ ဖြစ်နေသေးရင်တော့ သဲကာလဲပြီး ဒူးဆစ် အမဲဆီကို အသစ်ထည့်ပေးရပါမယ်။

ဒီနေရာမှာဒူးဆစ်(CV Joint)အတွက်အမဲဆီက Extreme Pressure Moly ပါတဲ့အမဲဆီကိုသုံးစွဲရမှာဖြစ်ပါတယ်။ ဘောတွေမကောင်းတော့ဘူးဆိုရင်တော့ ယာဉ်အန္တရာယ်ကင်းစေဖို့ ဒူးဆစ်ကိုလဲလှယ်ရမှာဖြစ်ပါတယ်။

ဒါကြောင့် အောက်ပိုင်းစစ်ဆေးရင် CV Joint လို့ခေါ်တဲ့ ဒူးဆစ်ကိုလည်း သတိထားစစ်ဆေးဖို့ ဆန္ဒပြုတိုက်တွန်းရင်း…

Post navigation

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *