ဦးဆင်မ၏ပေါက်ကွဲသံကြောင့် လား ? ရုပ်ရှင်အစည်းအရုံးမှ လှုပ်ရှားမှုများစတင်လာ

ဦးဆင်မ၏ပေါက်ကွဲသံကြောင့် လား ? ရုပ်ရှင်အစည်းအရုံးမှ လှုပ်ရှားမှုများစတင်လာ

မကြာသေးခင်က ဟာသအနုပညာရှင် ဦးဆင်မဟာသူ့၏လူမှုကွန်ယက်ပေါ်မှသေးဆုံးသွားတဲ့အနုပညာရှင်များနဲ့ပတ်သတ်ပြီး

တာဝန်ယူမှုတာ၀န်ခံမှုကူညီပေးမှုတွေဘာမှမလုပ်ပေးခဲ့တဲ့ ရုပ်ရှင်အစည်းအရုံးအပေါ်ပေါက်ကွဲစွာရေးသားထားတာကတော့

ကဲ အစည်းအရုံးက တာဝန်ရှိ လူကြီးမင်းများ ​ဟောဒီမှာ တစ်ကယ်​သေပါပြီခင်ဗျာ…မိမိတို့မှ အလွန်ဝမ်းနည်းရပါ​ကြောင်း

အလွန်စိတ်မ​ကောင်းဖြစ်ရပါ​ကြောင်းအ​ကြောင်း​ကြောင်း​တွေမြင်​ကောင်း​အောင်တင်​တော်မူနိုင်ကြပါပြီ။လဖွတ်ပဲ​ဟေ့လို့ရေးသားခဲ့တာပဲဖြစ်ပါတယ်။

အခုတော့ ဦးဆင်မရဲ့ ရေးသားချက်တွေကြောင့်လား.. ဒီနေ့မှာ ရုပ်ရှင်ဗီဒီယို​လောကမှကွယ်လွန်သူများအတွက်ကျန်ရစ်သူမိသားစုအား

ရုပ်ရှင်အစည်းအရုံးမှထောက်ပံ့ငွေပေးအပ်တဲ့သတင်းလေးတွေစတက်လာတာလည်းတွေ့ရသလို ကိုဗစ်ကြောင့် ဆေးရုံတက်ရောက်ကုသချင်သူများအတွက်လည်း

ရုပ်ရှင်အစည်းအရုံးမှ ရုံးအဖွဲ့မှူး ဦးချစ်ဆွေ သို့ ဆက်သွယ်နိုင်ကြောင်းလည်း လူမှူ့ကွန်ယက်မှာ

ရုပ်ရှင်၊သဘင်၊ဂီတ၊စာပေ အနုပညာရှင်များ COVID. 19 ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသလိုပါကဦးချစ်ဆွေ(ရုံးအဖွဲ့မှူး)

ဖုန်းနံပါတ် ၀၉ ၂၅၀၄၉၉၅၇၈ သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်းအသိပေးကြေညာအပ်ပါသည် လို့တင်ထားတာလည်းတွေ့ရတာဖြစ်ပါတယ်။

မည်သို့ပင်စေကာမူ အခက်အခဲဖြစ်နေတဲ့အနုပညာရှင်တွေကိုယ်စားဝမ်းသာစရာတစ်ခုပါပဲ။အနုပညာရှင်တွေအတွက် မြန်မာရုပ်ရှင် အစည်းအရုံးမှဒီထက်မကအထောက်အကူတွေအများကြီးပေးနိုင်ပါစေ။

မမြင်မသိတာကိုသိမြင်လာအောင်ပေါက်ကွဲပေးတဲ့ဦးဆင်မ ကြီးလည်းကျန်းမာပါစေလို့ အခက်အခဲဖြစ်နေတဲ့ အနုပညာရှင် တွေအစား ဆုတောင်းပေးလိုက်ရပါတယ်…

crd
credit to photo by Fb

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *