“ဖေ့ဘွတ်စ်နှင့် Tiktok ပေါ်မှာ နာမည်ကြီးချင်သူတွေကို ဒဲ့ဝုန်းလိုက်တဲ့ သရုပ်ဆောင်ဒေါင်းဝေ”

“ဖေ့ဘွတ်စ်နှင့် Tiktok ပေါ်မှာ နာမည်ကြီးချင်သူတွေကို ဒဲ့ဝုန်းလိုက်တဲ့ သရုပ်ဆောင်ဒေါင်းဝေ”

လူမူကွန်ယက်ဖေ့ဘွတ်စ်ပေါ်မှာနာမည်ကြီးတိုင်း အနုပညာရှင်မဖြစ်ဘူးလို့ သရုပ်ဆောင်ဒေါင်းဝေကပြောလာပါတယ်။

“ဖေ့ဘုတ်ပေါ် Tiktok ပေါ်နာမည်ကြီးတိုင်း Like &Follow များတိုင်းအနုပညာရှင်မဖြစ်ပါဘူး။သရုပ်ဆောင်မဖြစ်ပါဘူး။

Professional ရိုက်နေတဲ့ VCD သီချင်းတွေ ရုပ်ရှင် Video ဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်ခွင့်ရမှရအောင်လဲကြိုးစားရမယ်။ဆရာသမားကောင်းတွေဆီချည်းကပ်ရမယ်။သင်ယူရမယ်။

ဒါမှပရိတ်သက်ကသူတို့သရုပ်ဆောင်မှု့အနုပညာအရည်အချင်းကိုကြည့်ပြီးအသိအမှတ်ပြုတာပါ။ဒီခေတ်ကပရိတ်သက်ရင်ထဲရောက်ဖို့တော်တော်ကြိုးစားရပါတယ်။

ပရိတ်သက်အသိအမှတ်ပြုခဲပါတယ်။ပေါ်ပင်ဖြစ်ချင်တာနဲ့အနုပညာရှင်ဖြစ်ချင်တာကွဲကွဲပြားသိဖို့လိုပါတယ်။

ဒီလိုတလွဲအတွေးတွေကြောင့်ပန်းကောင်းလေးတွေအညွန့်ကျိုးကုန်တာသိပ်နှမြောမိတယ် တစ်ချို့ ညီမလေးတွေ ဖအေ အကိုနှမ မကြားသာတဲ့အမဲစက်တွေရှိသွားရင်အနာဂတ်ကိုဘယ်လိုရှေ့ဆက်ကြမလဲ။

မိဘတွေဂရုစိုက်စေချင်တယ်။ကိုယ့်သားသမီးလေးတွေကိုပေါ့။ကျွန်တော်လည်းMusic Video ရိုက်ကူးရေးအဖွဲ့ထောင်ပြီးဒါရိုက်တာအနေနဲ့သီချင်းတွေရိုက်ကူးပေးနေတာပါ။

သီချင်အပ်တဲ့အဆိုတော်နဲ့တိုင်ပင်ပြီးဖြစ်နိုင်ချေရှိတဲ့ကလေးတွေကိုဆက်သွယ်ပေးပါ့မယ်။သင့်တင့်တဲ့ အနုပညာကြေးလည်းပေးပါတယ်။

ကိုယ်ကိုယ်တိုင်လည်းဒေါ်ထားအဖွဲ့ ဖြတ်လျောက်ဘဝကတက်လာရသူမို့စာနာမိလို့ပါ။ဝါသနာပါတဲ့ ကလေးတွေကိုလေကျွန်တော်ရှူတင်ခေါ်တဲ့အခါအုပ်ထိန်းသူတော့ခေါ်ခဲ့ရပါမယ်။

အဲ့ဒီလိုစည်ကမ်းတော့သတ်မှတ်ထားပါတယ်”လို့ လူငယ်တွေနဲ့ပတ်သက်လို့ သရုပ်ဆောင်​ဒေါင်းဝေကအကြံပြုစကားပြောပါတယ်။

photo crdiet

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *