စားသောက်ကုန်တွေငွေ၁၀၀နဲ့ရောင်းချတဲ့အဖွဲ့ကိုသက်ဆိုင်ရာက တားမြစ်တဲ့အတွက် အိမ်တိုင်ရာရောက်ရောင်းချပေးရ

စားသောက်ကုန်ပစ္စည်း(၄)မျိုးကိုငွေ၁၀၀နဲ့ရောင်းချပေးနေတဲ့ Mazely Fannel အဖွဲ့ကိုသက်ဆိုင်ရာကနေလူစုလူဝေးဖြစ်တယ်ဆိုပြီးတားမြစ်တဲ့အတွက်




ဒီကနေ့မှာ အိမ်တိုင်ရာရောက်လိုက်လံရောင်းချပေးခဲ့ရတယ်လို့သိရပါတယ်။

ရန်ကုန်၊သြဂုတ် ၃-၂၀၂၁ ဒီကနေ့မနက်ပိုင်းမှာ တောင်ဒဂုံမြို့နယ်အတွင်းရှိအခြေခံလူတန်းစားတွေအတွက်




ဆန်၊ဆီ၊ကြက်ဥ၊ ကြက်သွန်နီ ကုန်ပစွည်း(၄)မျိုးကိုငွေ၁၀၀နဲ့ အိမ်တိုင်ရာရောက် သွားရောက်ရောင်းချပေးခဲ့တယ်လို့ အဖွဲ့မှတာဝန်ရှိသူတစ်ဦးက VOMကိုပြောပါတယ်။

“လှိုင်မှာရောင်းတုန်းက သတ်မှတ်ထားတဲ့လူဦးရေထက်များတယ်ဆိုပြီး သက်ဆိုင်ရာကလာတားတယ်၊




အဲ့ဒါကြောင့် ကျနော်တို့အိမ်တိုင်ရာရောက် လိုက်ရောင်းတဲ့အစီအစဥ်ကိုလုပ်လိုက်တာ”လို့ သူကရှင်းပြပါတယ်။
တောင်ဒဂုံရှိ သစ်ဆိမ့်ရပ်ကွက်၊၆၅ရပ်ကွက်၊၁၀၇ရပ်ကွက်အပါအဝင် ရပ်ကွက်အချို့ရှိ အိမ်ထောင်စု ၃၀၀ကိုရောင်းချခဲ့တယ်လို့ သိရပါတယ်။Mazely Flannel အဖွဲ့က




ပြည်သူတစ်ဦးလျှင်ဆန်တစ်ပြည်၊ဆီငါးဆယ်ကျပ်သား၊ကြက်ဥဆယ်လုံး၊ကြက်သွန်နီငါးဆယ်သားကိုငွေတစ်ရာကျပ်နဲ့ ရောင်းချခဲ့ပြီး

ပြီးခဲ့တဲ့ဇူလိုင်၁ရက်ကလှိုင်မြို့နယ်မှာရှိတဲ့လူဦးရေသုံးရာနီးပါးကိုရောင်းချခဲ့ပါသေးတယ်။




အဲ့ဒီအဖွဲ့ဟာ နောက်ရက်တွေမှာလည်း သာကေတ၊ရွှေပြည်သာ၊လှိုင်သာယာ၊ဒလတို့မှယ ထပ်မံလှူဒါန်းသွားမယ်လို့သိရပါတယ်။
source by VOM