မြန်မာ့ပင်လယ်ပြင်တွင် မောင်းသူမဲ့ သင်္ဘောတစ်စင်း မျောပါနေ

မြန်မာ့ပင်လယ်ပြင်တွင် မောင်းသူမဲ့ သင်္ဘောတစ်စင်း မျောပါနေ

စင်ကာပူ မှဘင်္ဂလားဒေ့်ရှ်သို့မောင်းနှင်လာတဲ့သင်္ဘောရေဝင်မှုဖြစ်ကာမျောပါနေခြင်းဖြစ်ဟုရေကြောင်းသတိပေးချက်ထုတ်ပြန်

စင်ကာပူနိုင်ငံမှဘင်္ဂလားဒေ့်ရှ်နိုင်ငံစစ်တကောင်းဆိပ်ကမ်းကိုဩဂုတ်လ ၁ ရက်နေ့ ည၇ နာရီက စတင်မောင်းနှင်ထွက်ခွာလာသည့် MV Tan Binh 127 IMO 9240043 သင်္ဘောသည်

တနင်္သာရီတိုင်းဒေသကြီး၊ ဇာဒက်ကြီးကျွန်း အနောက်ဘက်ရေမိုင် ၉၀အကွာမှာသင်္ဘောထဲကို ရေဝင်ရောက်မှုဖြစ်ပွားပြီးမျှောပါသွားတဲ့အတွက်

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြား ဦးစီးဌာနကရေကြောင်းသတိပေးချက်ထုတ်ပြန်ထားကြောင်းသတင်းရရှိသည်။

ဗီယက်နမ်နိုင်ငံ Tan Binh ကုမ္ပဏီပိုင်ပနားမားနိုင်ငံမှတ်ပုံတင်သင်္ဘောဖြစ်ပြီး သင်္ဘောအတွင်း ရေဝင်ရောက်လာပြီးနောက် ရေယာဉ်ဝန်ထမ်းတွေက ရေယာဉ်ကို စွန့်ခွာခဲ့ရာမောင်းသူမဲ့ မျှောပါနေခြင်းဖြစ်သည်။

ရေဝင်ရောက်မှု ကြောင့်မောင်းသူမဲ့မျှောပါခဲ့တဲ့ရေယာဉ်တည်နေရာလက်တ္တီကျူ၁၀ ဒီဂရီ ၀၂ မိနစ်နှင့်လောင်ဂျီကျူ ၀၉၆ ဒီဂရီ ၄၇ မိနစ်(E)နေရာနဲ့ ဦးတည်ဧရိယာမိုင်(၄၀)အတွင်းရေယာဉ်တွေအနေနဲ့သတိထားသွားလာကြဖို့ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်.

crd

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *