အနံအရသာမပျောက်ပဲ ထူးခြားတဲ့ Covid Delta မျိုးစိတ်သစ် အကြောင်းသိကောင်းစရာ
ဖတ်ပါ မြန်မာပြည်မှာမြင်နေရတာဒီအတိုင်းတစ်ပုံစံထဲပါ ။ကိုဗစ်ဟာ မူလ ဗီဇကနေ Alpha & Beta & Delta &Kappa ဆိုတဲ့ဗီဇပြောင်းပိုးတွေတဆင့်ပြီးတစ်ဆင့်ထပ်ဖြစ်လာပါတယ် ။




ဗီဇပြောင်းပိုးဖြစ်တဲ့ Alpha ကိုတော့ အင်္ဂလန်မှာတွေ့ခဲ့ရပြီး Beta ကိုတော့အာဖရိကနဲ့ Delta & Kappa တွေကိုတော့အိန္ဒိယမှာတွေ့ခဲ့ကြတာပါ။




အခုကျွန်မတို့ဆီမှာတော့ ဒီဗီဇပြောင်းပိုး ၃ မျိုးစလုံးတွေ့နေရတယ်လို့အချို့စာတွေမှာဖတ်ရသလိုဒီအထဲမှာမှ Covid-Delta မျိုးစိတ်အသစ်လက္ခဏာက အတော်ထူးခြားတယ်လို့ပြောတယ်။




ဒိဗီဇပြောင်း Covid-Delta ဟာ အခြားပိုးတွေနဲ့ သိသာစွာကွဲပြားခြားနားပြီးအသက်အန္တရာယ်ရှိသလို သူ့မှာစမ်းသပ်လို့မရနိုင်တဲ့ လက္ခဏာတွေရှိတယ်လို့ဆိုတယ်။
Covid-Delta virus ရဲ့လက္ခဏာအသစ်တွေကတော့−

အာရုံခံအပိုင်းတွေဖြစ်တဲ့အနှံ့ပျောက်တာ အရသာပျက်တာ၊ချောင်းဆိုးတာဖျားတာတွေမဖြစ်ဘဲအဓိကဖြစ်တာကအဆစ်အမြစ်နာတာ၊ခေါင်းကိုက်တာ၊လည်းချောင်းနာတာ၊နောက်ကျောနာတာနဲ့ အစာအစားချင်စိတ်လျော့နည်းတာတို့ဖြစ်တယ်လို့ ဆိုပါတယ် ။




ဒီမျိုးစိတ်သစ် Covid-Delta ဟာကူးစက်ပိုမြန်ပြီး သေနှုန်းမြင့်မားသလိုအချိန်တိုတွင်းမှာ ရောဂါပြင်းထန်လေ့ရှိတယ်။

ရောဂါ လက္ခဏာမပြပဲပိုးဟာအာရုံခံအပိုင်းတွေမှာမရှိနေပဲအဆုတ်ကိုတိုက်ရိုက်ထိခိုက်စေပါတယ်။အဖျားမရှိတဲ့ပိုးတွေ့ လူနာများဖြစ်နေတတ်ပြီးX-ray ရိုက်ကြည့်မှသားနမိုးနီးယားအပျော့စားတွေ့ရှိရတယ်လို့ ဖတ်ရပါတယ်။




ဒီအတွက်ဒီပိုကို နှာခေါင်းတို့ဖတ်ယူစစ်တဲ့အခါCovid-Delta result ဟာ Negativeသာအပြများပါတယ်။ဘာလို့လဲဆိုတော့ ဒီVirusဟာ အဆုတ်ထဲကိုသာတိုက်ရိုက်ရောက်ရှိသွားပြီး အဆုတ်ယောင်ရောဂါကြောင့်ဖြစ်တဲ့အသက်ရှုရခက်ခြင်း၊O2 ကျခြင်းကိုသာတစ်ခါတည်းတန်းပြီး




အလျင်အမြန်ဖြစ်ပေါ်စေတတ်ကာ သေနှုန်းမြန်တယ်လို့လို့ဆိုတယ်။ဒီအချိန်မှာပိုးကူးနှုန်းမြန်နေသေးသလိုသေနှုန်းလည်းများနေသေးတာမို့ဒီကာလမှာသာမန်ထက်ပိုပြီးဂရုစိုက်ပါ။လူစုလူဝေးတွေအလုံပိတ်အခန်းတွေကိုရှောင်ရှားပါ။လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ။




mask နှစ်ထပ်တပ်ပါ။မျက်စိအကာတပ်ပါ။လက်ကိုမကြာခဏဆေးပါ။ချောင်းဆိုးခြင်း၊နှာညှစ်ခြင်းများပြုလုပ်ပြီးတိုင်း လက်ဆေးပါ။ အိပ်ရေးဝဝအိပ်ပါ။ ရေများများ သောက်ပါ။ အစာကောင်းကောင်း စားပါ။




ယခုလိုင်းဟာသေနှုန်းအလွန်များလှပါတယ်။မပေါ့ဆကြစေလိုပါ။ပိုမိုဂရုစိုက်ပြီးကြိုတင်ကာကွယ်ခြင်းကသာကုသခြင်းထက် ပိုထိရောက်ပါတယ်ရှင် ။
Crd ဒေါက်တာဟေမာမွှေး