“ဝါရင့်လူရွှင်တော်ကြီးဦးမေတ္တာ ယနေ့ ကွယ်လွန်”

“ဝါရင့်လူရွှင်တော်ကြီးဦးမေတ္တာ ယနေ့ ကွယ်လွန်”

သြဂုတ် ၂ ၊ ၂၀၂၁ ။

ဝါရင့် လူရွှင်တော်ကြီး၊ ဟာသသရုပ်ဆောင် မေတ္တာဟာ ယနေ့၊ သြဂုတ်လ ၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီမှာကွယ်လွန်သွားကြောင်း သိရပါတယ်။


“ကျနော့်အဖေနေ့လယ် ၁၂ နာရီမှာဆုံးသွားပါတယ်ခင်ဗျာ”လို့ မေတ္တာ၏ သားဖြစ်သူလူရွှင်တော် မေတ္တာမြင့်မြတ်ဟိန်းက လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

“အစ်ကိုရေအနားယူပါတော့။နောက်ဘဝဒီတိုင်းပြည်မှာအနုပညာရှင်လာမလုပ်ပါနဲ့တော့။ညီမလေး ကျန်းမာရေးဂရုစိုက်လို့တဖွဖွစိတ်ပူတဲ့အစ်ကိုမေတ္တာငြိမ်းချမ်းပါစေ”လို့ သရုပ်ဆောင် ဟန်နီထွန်းစိတ်မကောင်းစွာ ဆိုထားပါတယ်။

သရုပ်ဆောင် မင်းသမီးချောရတနာ ကလည်း သူ၏လူမှုကွန်ယက်မှာ ” ဦးမေတ္တာကြီးရေ ကောင်းရာဘုံဘ၀ရောက်ပါစေ..

ကိုဗစ်ရယ် ရက်စက်လိုက်တာလို့ လဲစိတ်မကောင်းစွာ ရေးသားထားတာပဲဖြစ်ပါတယ်။

လူရွှင်တော်ပါမက ဟာသသရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပြီပြင်လွန်းလို့ အရမ်းကို အားပေးခဲ့တဲ့ အနုပညာရှင် တစ်ဦး ကွယ်လွန်သွားတဲ့အတွက် အရမ်းကိုနှမျောတသသ ဖြစ်ရပါတယ်..

မိသားစုနဲ့ထပ်တူ ဝမ်းနည်းကျေကွဲရပါတယ်.. ဦးမေတ္တာ တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ မင်မင်ကလည်းဆုတောင်းပေးလိုက်ပါတယ်ရှင့်

photo crd

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *