မသိသေးသူများအတွက် မဟာဗောဓိမြိုင် ဆရာတော်ဘုရား၏ ထူးခြားသည့် ဖြစ်ရပ်
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့ အနီးရှိ လူသူနှင့် မနီးသည့်သု၀ဏ္ဏသျှံတောင်ပေါ်တွင်သီတင်းသုံးစဉ်ကကြုံတွေ့ခဲ့ရသည့်ထူးခြားသည့် ဖြစ်ရပ်ကို ထုတ်ဖော်၊ရေးသား၍ဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊သမာဓိဂုဏ်နှင့် ပညာဂုဏ် တို့ကို ပူဇော်သွားမှာဖြစ်ပါတယ်။




ဆရာတော်ဘုရားကြီးသည် သီတင်းသုံးရာ သု၀ဏ္ဏသျှံ တောင်ပေါ်မှ ပလောင်တိုင်းရင်းသားရွာ အထိ နေ့စဉ်နေ့တိုင်း အချိန်မှန် ဆွမ်းခံ ကြွတော်မူပါတယ်။ကျောင်းမှ ပုံမှန် နံနက် (၁၀:၃၀)နာရီတွင် ဆွမ်းခံ ကြွတော်မူပြီး နံနက် (၁၁:၀၀)နာရီတွင် ကျောင်းသို့ ပြန်ရောက်တော် မူပါတယ်။

ထိုသု၀ဏ္ဏသျှံတောင်ပေါ်မှ ပလောင်ရွာအထိလမ်းလျှောက်က်ပါက အဆင်းလမ်းဖြစ်၍အသွား (၃:၀၀)နာရီနှင့်အပြန်တွင်မူအတက်လမ်းဖြစ်သောကြောင့်(၃:၀၀) နာရီကျော် ကြာမြင့်ပါတယ်။




အပြန်ဆိုလျှင်တောင်ပေါ်တောင်တက်လမ်းဖြစ်လို့တောင်ခြေမှတောင်ပေါ်ကျောင်းအထိကိုပင် အချိန်(၁:၀၀)နာရီနီးပါးတက်ရသောခြေလျင်ခရီးလမ်းဖြစ်ပါတယ်။ခြေလျင်ဖြင့် အသွား၊ အပြန် (၆)နာရီကျော် ကြာမြင့်သည့် တောင်ပေါ် လမ်းခရီးကို မိနစ်(၃၀)တည်းဖြင့် ဆွမ်းခံ ကြွသည် ဆိုသော သတင်းကြောင့် ထိုစဉ်ကတည်းက ” ရဟန္တာ ” လို့ သမုတ်နေကြသဖြင့်ကျော်ကြားတော်မူနေပြီ ဖြစ်ပါတယ်။




ပလောင် တိုင်းရင်းသားရွာမှ ပလောင် လူမျိုးများက မဟာဗောဓိမြိုင် ဆရာတော်ကို ယနေ့အချိန်ထိ သူတို့၏ သက်ရှိ ဘုရားလို့ ရည်ညွှန်းပြောဆို ကြပါတယ်။
ဆရာတော်ကို ပလောင် လူမျိုးများက …
၁။ ဘာကြောင့် ကြည်ညို ကြတာလဲ ? ၂။ ဘာလို့ သူတို့တွေရဲ့ သက်ရှိဘုရား လို့ ပြောကြတာလဲ ?မေးမြန်း၊ စုံစမ်း ကြည့်တဲ့ အခါမှာ …




သူတို့ ရွာနားကတောင်ကျချောင်းရေဟာ မိုးတွင်းကာလ မိုးကြီး၍ တောင်ကျရေ ကျနေချိန် ဆိုလျှင် ကျွဲတောင် ဖြတ် မကူးရဲ ပါဘူးတဲ့။ကူးပါကလည်း ရေစီး သန်လွန်းသောကြောင့် အသက်ရှင်တာ မရှိပါဘူး တဲ့။ထိုတောင်ကျချောင်းရေ ပေါ်ကနေ ဆရာတော်ကြီးက လမ်းလျှောက်ပြီး ကြွသွားတာကို ရွာသားတစ်ချို့ မြင်တွေ့မိရာကနေ ဆရာတော်ကို သူတို့ရဲ့ သက်ရှိဘုရား လို့ ယုံကြည်ပြီး ဆွမ်း လောင်းလှူကြတာပါ တဲ့။




ထိုကဲ့သို့သောကျော်ကြားမှုများကြောင့်ထိုကာလစစ်အစိုးရလက်ထက်တွင်ထောက်လှမ်းရေးတပ်မှ လာ၍ စုံစမ်း ထောက်လှမ်းသည် အထိ ဖြစ်လာ ပါတော့တယ်။ထောက်လှမ်းရေးတပ်မှ တပ်သားများဟာ သု၀ဏ္ဏသျှံ တောင်ပေါ်မှ စ၍ ပလောင်ရွာအထိ (၁)မိုင်ခြားစီ အစောင့် တပ်သားများ ထားပြီး ဆွမ်းခံ ကြွသည့်အချိန်ကို မှတ်တမ်းများ ယူ၍ စောင့်ကြည့်ကြရာတွင် ..




ဆရာတော်ဘုရားကြီး တောင်ပေါ်ကျောင်းမှ စ၍ ဆွမ်းခံရန် ကြွသည့် အချိန်သည် နံနက် (၁၀:၃၀)နာရီ ဖြစ်ကြောင်း ဝေါ်ကီတော်ကီဆက်သွယ်ရေး စက်များဖြင့်တောင်ပေါ်နှင့်တောင်အောက်ပလောင်ရွာအထိ ခရီးလမ်းတစ်လျှောက်စောင့်ကြည့်၍ မှတ်တမ်းများ ရယူ ကြပါသည်။




ထိုသို့စောင့်ကြည့်ရာတွင်တောင်ပေါ်ကျောင်းမှပလောင်ရွာသို့ ဆွမ်းခံကြွသည့် ခရီးတစ်လျှောက်လုံးရှိ အစောင့်တပ်သားများ အားလုံးတို့သည်ဆရာတော်ကြီးကိုတွေ့ရှိ၍ မှတ်တမ်း ယူချိန်သည် နံနက် (၁၀:၃၀)နာရီသာတူညီစွာ ဖြစ်နေပါတယ်တဲ့။

ဆရာတော်ဘုရားကြီး ပလောင်ရွာတွင်ဆွမ်းခံချိန်မှာ နာရီဝက် ကြာမြင့်ပြီးအသွား၊အပြန်ခရီး ကြာမြင့်ချိန်သည်ပလောင်ရွာမှတောင်ပေါ်ရှိ ကျောင်းသို့ နံနက် (၁၁:၀၀)နာရီ ပြန်ကြွလျှင် တောင်ပေါ်ရှိ ကျောင်းတော်သို့ နံနက် (၁၁:၀၀) နာရီတွင် ပြန်လည် ရောက်ရှိသည်မှာ ထူးခြား နေပါတယ်။




ဆရာတော်ဘုရား ဆွမ်းခံပြီး ပလောင်ကျေးရွာမှ ပြန်ကြွရာ ခရီးလမ်းတွင် တစ်မိုင်စီခြား၍ စောင့်ကြည့် မှတ်တမ်းယူနေသောတပ်သားတိုင်းကလည်းဆရာတော်ကြီးကိုတွေ့မြင်ချိန်မှာ တူညီစွာဖြင့် နံနက်(၁၁:၀၀)နာရီတစ်ချိန်တည်းသာ ဖြစ်နေပြန်တာကလည်း ထူးခြားမှု ဖြစ်နေပါတယ်။

ထိုစဉ်က ထောက်လှမ်းရေးတပ်သည်တာ၀န်ပေးမှုအရဆရာတော်ဘုရားကြီးအား စောင့်ကြည့်ရခြင်းဖြစ်ပါကြောင်းလျှောက်ထားတောင်းပန်ပြီး ဆရာတော်ဘုရားကြီးအားအေးချမ်းစွာ သီတင်းသုံးပါရန်နှင့်လိုအပ်သည်များကိုလည်းလှုဒါန်းမည်ဖြစ်ပါကြောင်းလျှောက်ထား သော်လည်း …




ဆရာတော်ဘုရားကြီးသည် ထိုအချိန်မှစ၍ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းပျဉ်းမြို့အနီး သု၀ဏ္ဏသျှံတောင်မှ ရုတ်တရက် ပျောက်ကွယ်သွားပြီး နှစ်ပေါင်းအတော်ကြာမှရှမ်းပြည်နယ်၊တောင်ကြီးမြို့မှာပြန်လည်၍ပေါ်ထွက်ဖူးတွေ့ခွင့်ရခဲ့ပါသည်။




ဆရာတော်ဘုရားကြီးကို ယခုကဲ့သို့ ကံထူး၍ ကြုံရခိုက်မှာလှူဒါန်းဦးခိုက်ကြပါကုန်လော့။ကျွန်ုပ်သည်လည်းကံထူးစွာဖြင့် အနီးကပ်ဖူးမျှော်၍ ကြည်ညိုခွင့်ရခဲ့ပါသည်။ဆရာတော်ဘုရားကြီးအား ဖူးမျှော်ကြည်ညိုနိုင်ရန် ပြန်လည်မျှ ဝေပေးလိုက်ရပါတယ်ခင်ဗျာ။
Credit, ဦးမြင့်ခိုင်,