တစ်အိမ်လုံးရောဂါလက်တွေ့ပျောက်သွားလို့ နာမည်ကြီးနေတဲ့ ရှောက်ပျားအရက် ဆေးဖော်စပ်နည်းနှင့် သုံးစွဲနည်း

တစ်အိမ်လုံးရောဂါလက်တွေ့ပျောက်သွားလို့ နာမည်ကြီးနေတဲ့ ရှောက်ပျားအရက် ဆေးဖော်စပ်နည်းနှင့် သုံးစွဲနည်း

တအိမ်လုံး ပျောက်ကင်းသွားလို့ အများသိ‌အောင် တင်ပေးပါဆိုလို့

ဆေးဖော်စပ်ပုံ

ပထမဦးစွာရှောက်သီးများကိုရေဆေးပါ။မိမိလက်ကိုလည်းရေဆေးပါ။ ပြီးသည်နှင့်ရှောက်သီးများပေါ်ကရေများကိုတစ်ရှူးနှင့်ပြောင်စင်အောင်ပြန်သုတ်ပါ။လက်မှရေများကိုလည်း ပြောင်စင်အောင်သုတ်ပါ။ရေလုံးဝမကျန်ပါစေနှင့်။

ပြီးသည်နှင့်ရှောက်သီးများကိုအရည်ညှစ်ပါ။ (Blender ၊ ကြိတ်စက် ၊ ညှစ်စက်စသည်တို့ကို အသုံးပြု၍အစေ့၊အဖတ်အားလုံးကြေသွားစေပြီးရရှိလာသောအရည်မျိုး မဖြစ်ပါစေနှင့်)အသီးညှစ်သောညှပ်အကြီးစားမျိုးကိုသုံးပါ။ လက်ဖြင့် ညှစ်နိုင်လျှင်လည်း ညှစ်ပါ။

မိမိလိုချင်သည့် အရည်ပမာဏကိုရလျှင်ရေစစ်၊ပိတ်စစသဖြင့်စစ်ယူပြီးအရည်ကြည်သက်သက်ကိုခွက်သန့်သန့်တစ်ခုထဲသို့ထည့်လိုက်ပါ။ ခွက်ထဲသိုရှောက်ရည်မထည့်မီခွက်အတွင်း ရေစင်အောင် သုတ်ထားပါ။ ထိုခွက်ဖြင့် ရှောက်ရည်၊ ပျားရည်၊ အရက်တို့ကို ချင်တွယ်ရမည်ဖြစ်ပါသည်။

ရှောက်ရည်ပမာဏကိုမှတ်သားပြီးသည့်အခါ၎င်းရှောက်ရည်ကိုခွက်ကြီး(သို့)အိုးတစ်ခုထဲသို့ထည့်ပါ။သမအောင်ရောမွှေရမည်ဖြစ်၍ ကြီးလေကောင်းလေဖြစ်ပါသည်။ (ခွက်ကြီးကြီး/အိုးသည်လည်းအတွင်းတွင်ရေစင်အောင် သုတ်ထားရပါမည်။)ရှောက်ရည်နှင့်ဆတူ’ပျားရည်’ကိုထည့်ပါ။ ‘အရက်’ ကိုလည်းရှောက်ရည်နှင့်ဆတူထည့်ပါ။ (မည်သည့်အရက်မဆိုရပါသည်) အမျိုးအစားကောင်းသော အရက်ဖြစ်ပါကအရသာမဆိုးသည့်အားသာချက်သာရှိပါသည်။

သတိပြုရန်မှာ− မည်သည့်အမျိုးအစားကိုမျှ ပိုမထည့်ပါနှင့်။ အားလုံးကို ဆတူသာထည့်ပါ။ သုံးမျိုး စုံသည့်အခါသမသည်အထိနာနာမွှေပါ။ (မီးအပူပေးစရာ လုံးဝမလိုပါ။မွှေသည့်အခါကျယ်ကျယ်ဝန်းဝန်း မွှေ၍ရစေရန်အိုးအကြီးသုံးခြင်းသာဖြစ်ပါ၏။အခြားပန်းကန်လုံး၊ခွက် စသည်ကို သုံး၍လည်းရပါ၏။)

ပျားရည် ၊ အရက်တို့ ရောနှောသမ သွားသည့်အခါ ရေစင်ခြောက်သွေ့သော ရေသန့်ဗူး အလွတ် (သို့) အဖုံးလုံသောပုလင်း/ဗူးအတွင်းသို့ထည့်ပြီး သဘာဝအတိုင်း ထားပါ။ (ရေခဲသေတ္တာအတွင်း ထည့်ခြင်း ၊ရေခဲပုံးအတွင်းထားခြင်းလုံးဝမပြုရပါ)

အထူးသတိပြုရန်မှာ-

ဆေးဖော်စပ်သည့်အချိန်တွင် ပြင်ပရေ လုံးဝ မပါဝင်ပါက နှစ်ရာချီသည့်တိုင် သဘာဝအတိုင်း အဖုံးလုံအောင်ပိတ်ထားသော်ငြားမပုပ်မသိုးပါ။ဤကားဆေးဖော်စပ်နည်းနှင့်သိမ်းဆည်းနည်းတည်း။

ဆေးသုံးစွဲရန်

၁။ လူထူထပ်သော နေရာများသို့ သွားရောက်ခဲ့ရပြီးသည့်အခါ။ ၂။ကိုဗစ်သံသယလူနာများနှင့် ထိတွေ့မှု ရှိခဲ့သည့်အခါ ။၃။အသက်ရှူကြပ်လာသောအခါ။၄။ကိုယ်ပူလာသောအခါ ထမင်းစားဇွန်း ၁ဇွန်းမှ၃ ဇွန်းစာခန့်အထိ မိမိခန္ဓာကိုယ်အရွယ်အစားအလိုက်ချင့်ချိန်သောက်သုံးပါ။

ချောင်းအဆက်မပြတ်ဆိုးသောအခါ ချောင်းစဆိုးသည်နှင့် ဆေးရည် ဟင်းရည်သောက်ဇွန်း ၁ ဇွန်းစာကို သောက်ချလိုက်ပါ၊ ချောင်းဆိုးရပ်သွားမည်။ အချိန်တစ်ခုရောက်ပြီးချောင်းပြန်ဆိုးပါက အထက်ပါအတိုင်း ၁ ဇွန်းထပ်သောက်ပါ။

သတိပြုရန်မှာ

ဤ ဆေးသည် မနက်၊ နေ့လည် ည စသည်သောက်ရသည့်ဆေးမျိုးမဟုတ်။ချောင်းဆိုးသည်နှင့် သောက်ရသည့်နည်းစနစ်ဖြစ်သည်။

အသက်ရှူရ ခက်ခဲနေသောသူများ ဤနည်းအတိုင်း ၁ ဇွန်းသောက်ပါ။ သောက်ပြီး အသက်ရှူရကောင်းလာလျင်သောက်စရာမလိုပါ။ (အသက်ရှူရမကောင်းသေးလျှင်နာရီဝက်အကြာတွင်နောက် ၁ဇွန်းထပ်သောက်ပါ)

အသက်ရှူရ ခက်မှသာသောက်ရမည် ဖြစ်သည်။နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောကျယ်၊ အောက်စီဂျင်စက်ကူနေရသူများ အသက်ရှူရခက်ပါကတစ်ကြိမ်သောက်လျှင် ၁ ဇွန်း သုံးစွဲနိုင်ပါသည်။အသက်ရှူရ ပုံမှန်ဖြစ်နေချိန်တွင် သောက်ရန်မလိုပါ။ထိပ်ကပ်နာ သို့မဟုတ် နှာခေါင်းအရင်းတွင် နှပ်၊ အခြားအရည်တို့ဖြင့် ပိတ်ဆို့၍ နေရခက်၊ အနာဖြစ်၊ ပြည်တည်နေသူများ ဤနည်းအတိုင်း ၁ ဇွန်းသောက်ပါ။ ပျော်ကျလာပါလိမ့်မည်။ မပျော်ကျသေးပါက နောက်ထပ် ၁ ဇွန်းထပ်သောက်ပါ။

တစ်ကြိမ်တွင် ၃ ဇွန်းစာထက် ပိုမသောက်သင့်ပါ။နောက်တဖန် ပြန်ပြီး ပိတ်ဆို့လာလျှင်လည်း ဤနည်းအတိုင်း ထပ်သောက်ပါ။ ဆေးပမာဏ ၁ ဇွန်းသည် စံအနေဖြင့်ထားခြင်း ဖြစ်ပါ၏။လူကောင်ကြီးသူ၊ ဝသူ၊ ရောဂါ ပြင်းထန်သူတို့တွင် တစ်ကြိမ်သောက်သုံးရာ၌ ၃ ဇွန်းစာအထိ ရပါသည်။

အရက်ပါသော်လည်းလုံးဝ မမူးပါ။ဤဆေးသည် ရဟန်းတော်များပါ ဆေးအဖြစ် မှီဝဲ၍ရပြီး အရက်ပါခြင်းကို လုံးဝ မေ့ပစ်အပ်သော ဆေးတစ်ပါးဖြစ်ပါ၏။ အင်္ဂလိပ်ဆေး ၊ ဗမာဆေးများ သောက်သုံးနေသူများ ဤဆေးသောက်သုံးခြင်းကြောင့်

ဓာတ်မတည့်၊ အဆိပ်အတောက်ဖြစ်မည်ကို လုံးဝစိတ်ပူရန်မရှိပါ။ စိတ်သန့်လိုပါက နာရီဝက်ခန့် ခြားပြီး အသုံးပြုနိုင်ပါသည်။ အမျိုးမျိုး အဖုံဖုံ ဆေးမျိုးစုံပြီး ချောင်းဆိုးမပျောက်သူများ ဤ ဆေးညွှန်းအတိုင်း အတိအကျသောက်ပါ။မူရင်းရေးသားပေးသောသူအားလေးစားစွာ ခရက်ဒစ်ပေးပါတယ်။

Crd to Han Win Hlaing
photo crd

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *