ယနေ့ “သရုပ်ဆောင်ပြေတီဦးရဲ့ ဖခင် ယနေ့ ကွယ်လွန်”




သရုပ်ဆောင်ပြေတီဦးရဲ့ ဖခင်ယနေ့ ဩဂုတ်၁ရက်နေ့မှာကွယ်လွန်သွားကြောင်းသိရပါတယ်။




ဖခင်သေဆုံးရ ခြင်းနှင့် ပတ်သတ်ပြီး သမီးလုပ်သူ ငွေတီဦးကတော့ သူ၏လူမှုကွန်ယက်မှာ ဒီလိုပြောပြထားပါတယ်။

“မလုပ်ပေးလိုက်ရဘူးဆိုတဲ့ နောင်တ စိုးစဉ်းမှမရှိစွာနဲ့ သမီးတတ်နိုင်သမျှ အစွမ်းကုန်လုပ်ပေးခဲ့ပါတယ်.။ကံကြမ္မာကိုတော့ပြောင်းလဲမပေးနိုင်ဘူးပေါ့အဖေ..။




အဖေကိုယ်တိုင် အကြိမ်ကြိမ်စိတ်ကြိုက်ရွေးချယ်ခဲ့တဲ့ ကံကြမ္မာအတွက် အဖေလဲနောင်တကင်းစွာလက်ခံနိုင်မယ်ထင်ပါတယ်.။

သိလို့ဖြစ်စေ မသိလို့ဖြစ်စေ ကာယကံ ဝစီကံ မနောကံ နဲ့ ပစ်မှားမိခဲ့ဖူးတဲ့ အပြစ်တိုင်းအတွက် ထိခြင်းငါးပါးနဲ့ ကန်တော့လိုက်ပါတယ်..။
ငြိမ်းချမ်းစွာ အနားယူပါတော့.”လို့ ငွေတီဦးက လူမူကွန်ယက်မှာဖခင်ဖြစ်သူနဲ့ပတ်သက်လို့ရေးသားထားပါတယ်။




သားဖြစ်သူ ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့က ၅၀၅ နဲ့ ဖမ်းချုပ်ထားတာအခုထိမလွတ်သေးပါဘူး။အဖေ ဖြစ်သူအတွက် မိသာားစုနဲ့ထပ်တူခံစားရပါတယ် ဦးတီရေ ..

ဦးတီတို့လည်းအမြန်ဆုံးလွတ်မြောက်ပါစေ.. ဦးတီ ဖေဖေလည်း ကောင်းရာသုဂတိလားပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။
crd;ငွေတီဦး