မက်ဇူကာဘတ်မှ သူ၏မိန်းမကိုမလှမပပဲဘာလို့ယူတာလဲလို့ ေ၀ဖန်ကြတဲ့အပေါ် ပြန်လည်တုန့်ပြန်လိုက်တဲ့ ဖေ့စ်ဘုတ်တည်ထောင်သူကြီး

မက်ဇူကာဘတ်မှ သူ၏မိန်းမကိုမလှမပပဲဘာလို့ယူတာလဲလို့ ေ၀ဖန်ကြတဲ့အပေါ် ပြန်လည်တုန့်ပြန်လိုက်တဲ့ ဖေ့စ်ဘုတ်တည်ထောင်သူကြီး

သူ့ရဲ့ မိန်းမကိုမလှမပတရုတ်မလို့ ဝေဖန်ကြတဲ့အပေါ်တုန့်ပြန်လာတဲ့မက်ဇူကာဘတ်၊ကမ္ဘာ့အချမ်းသာဆုံး စာရင်းရဲ့ နံပါတ်ငါးနေရာရထားသူ (ဖေ့စ်ဘုတ်တည်ထောင်သူ )။

ဇူကာဘတ်ရဲ့ ဘဝလက်တွဲဖော် အိမ်ထောင်ဖက် ရွေးချယ်ခဲ့ပုံ

တော်တော်များများမေးကြတယ်ဗျ။ (သူတို့အပြောအရပေါ့လေ) ဒိတ်ဒိတ်ကြဲသူဋ္ဌေးကြီးကမလှမပတရုတ်မတစ်ယောက်ကိုဘာအတွက်ယူရတာလဲတဲ့။

ကျနော်ဟာ(သူတို့အမြင်အရပေါ့)ကျနော့်ရဲ့လက်ရှိမိန်းမပရက်စီလာချန်ထက် ပိုသာတဲ့အမျိုးသမီးတစ်ယောက် ရနိုင်သလို ရလည်းရသင့်တယ်ပေါ့။ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်ဦးဆုံးအနေနဲ့လှတဲ့အမျိုးသမီးဆိုတာဘယ်လိုမလှတဲ့အမျိုးသမီးဆိုတာဘယ်ပုံဆွေးနွေးချင်ပါတယ်။ပြောရရင်ကျနော့်အနေနဲ့လှပါတယ်ဆိုတဲ့အမျိုးသမီးတော်တော်များများနဲ့ ဆုံဖူးပါတယ်။

အတော်များများကလည်း ကျနော့်ဇနီးမယား ဖြစ်ချင်ကြတာပါပဲ။ ဒါပေမယ့် မိန်းမလှတွေလို့ ပြောလို့ရတဲ့သူတို့တွေရဲ့စိတ်နှလုံးသားဟာဖန်သားပြင်လိုပဲကွဲကြေလွယ်တယ်။

မာနကြီးသလောက်ခေါင်းမရှိတဲ့ ဘုရင့်သမီးတော်တစ်ပါးလိုပေါ့ “ရှင်ဒီလောက်ချမ်းသာတာကားလေးဘာလေးပြောင်းမစီးတော့ဘူးလား” မေးနေတော့တာပဲ။

သူတို့ဟာ သူဋ္ဌေးတစ်ယောက်ရဲ့ကတော်ဆိုတာထက်ပိုတဲ့ တောင်းဆိုမှုတွေအဆက်မပြတ်လာမှာဖြစ်ပြီးအထက်တန်းလွှာလူ့မလိုင်ပတ်ဝန်းကျင်မှာဝင်ဆံ့ချင်ယုံရည်ရွယ်တယ်။ဒီလိုအမျိုးသမီးတွေကို အလကားပေးလည်း ကျနော်မယူချင်ဘူး ရုပ်ဆိုးတယ်လို့ကျနော်ထင်လို့။

“အသွင်အပြင်အလှကအသက်အပိုင်းအခြားခဏလေးဖြစ်ပြီးအတွင်းသားအလှကတော့အသက်အရွယ်ရလာလေလေတန်ဖိုးတက်လာလေလေ” ဆိုတဲ့ တရုတ်ဆိုရိုးတစ်ခုရှိတယ်။ဒါကြောင့် ခဏလေးနဲ့တန်ဖိုးကျသွားမယ့်အရာတွေနဲ့ မနွယ်မိဖို့ရှောင်တာပါ။ ဒီနေရာမှာ မေးခွန်းတစ်ခုထွက်လာပါတယ်။ ကျနော့်မိန်းမ ပရက်စီလာချန်ကို ဘာလို့သဘောကျနှစ်ခြိုက်ရလဲ ဆိုတာပါ။

“အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာအမူအရာမှာစိတ်နှလုံးသားရဲ့ရောင်ပြန်ဟပ်မှုရှိတယ်” သူ့အပြုံးကကျနော့်ကို အမြဲမှင်သက်စေတယ်။ ကိုယ်ဝန်ရတော့ပရက်စီလာဟာမျက်နှာပေါ်မှာရှုတ်ရှုတ်ယှက်ယှက်တွေတောင်မခြယ်တော့ဘူး။

အဝတ်အစားနဲ့အလှအပဆိုတာ ပဓါနမဟုတ်တော့ဘူး။ဒါပေမယ့် သူ့ရဲ့အေးချမ်းပျော်ရွှင်မှုကို ကျနော်အပါအဝင်မြင်ရသူတိုင်းရရှိခံစားရတယ်ဗျာ။ကျနော် သူ့ရိုးရှင်းမှုနဲ့ အသွင်အပြင်ကို သဘောကျတယ်။သူ့မှာ စိတ်အားထက်သန်မှု ဉာဏ်ပညာ ရဲရင့်မှုချစ်ခြင်းမေတ္တာ ခေါင်းဆောင်နိုင်မှုတွေ ရှိတဲ့အပြင်တခြားသူတွေကိုလည်း မြှင့်တင်ပေးနိုင်စွမ်းရှိတယ်။

သူရှိနေရင်တခြားအရာတွေပါကျနော်တန်ဖိုးထားတတ်လာသလိုပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုလည်းရစေတယ်လေ။ပရက်စီလာဟာ ကျနော့်ကိုခုတုံးလုပ် ကြွားလုံးထုတ်မော်ကြွားမယ်လို့ တစ်ခါမှမခံစားမိဘူး။ဉာဏ်ရည်ဉာဏ်သွေးမြှင့်မားသလိုစိတ်အရည်အသွေးလည်းမြှင့်သူပါ။

သူက ဟားဗတ်တက္ကသိုလ်က ဆေးပညာနဲ့ဘွဲ့ရလာသူဆိုတာလည်း လူကြီးမင်းတို့မေ့မထားသင့်ပါဘူး။ လူအတော်အများများ အဓိကယူကြတဲ့ဆေးဥပဒေစီးပွားရေးဘာသာရပ်တွေနဲ့ လူကြီးမင်းဟာတက္ကသိုလ်ဝင်ခွင့် ရနိုင်ပါတယ်။

ဝင်ခွင့်အောင်တယ်ဆိုရင်တောင်ထူးထူးချွန်ချွန်ဘွဲ့ရဖို့တော့မလွယ်ဘူးလေ။အဲ့ဒီတော့ ကိုယ်ရည် သွေးပြပါဆိုရင်ကျနော့်ထက်ပရက်စီယာကပိုတောင်သာနေတယ်မလား။အိမ်ထောင်ရေးဆိုတာဖိနပ်တစ်ရံလိုပါ။စီးတဲ့သူကလွဲ ဘယ်သူကများ စီးလို့ကောင်းမကောင်း သိဦးမှာလဲ။သူသာကျနော့်အတွက်အသင့်တော်ဆုံးဖြစ်ပြီးသူသာကမ်ဘာပေါ်မှာကျနော့်ရဲ့အကောင်းဆုံးစံထားရမယ့် ဘက်ညီတဲ့တစ်ခြမ်းပါ။

ပရက်စီလာနဲ့စသိတာရေအိမ်အသွားလူအုပ်ကြားမှာပေါ့။သူ့မျက်လုံးထဲမှာကျနော်ဟာကိုယ့်အလုပ်ကိုပဲအာရုံစိုက်တဲ့ကြောင်စီစီလူတစ်ယောက်ထက်မပိုဘူး။အဲ့ဒီအခိုက်အတန့်ကျနော့နှလုံးသားက ပြောလိုက်တယ်“ဒါ ငါ့ဘဝလက်တွဲဖေါ်” လို့ပေါ့။

လူကြီးမင်းရဲ့မျက်လုံးထဲမှာပရက်စီလာကမလှဘူးပေါ့။ကျနော့်မျက်ဝန်းထဲတော့ ကျနော်နဲ့ရှေ့သွားနောက်လိုက်အညီဆုံး မိန်းမလှတစ်ယောက်ပါပဲ။ကျနော်ကိုယ်တိုင် ပရက်စီလာနဲ့တွဲရိုက်ထားတဲ့ဓါတ်ပုံလေးတွေမှာ သဘာဝကျပြီးအေးချမ်းတဲ့ ပျော်ရွှင်မှုမျိူးပေါ်နေတာ ထိန်ချန်ထားလို့ကိုမရပါဘူး။

“ ရိုးရှင်းမှုဟာအလှတရားပါ ”
မက်ဇူကာဘက်
(“ဖေ့စ်ဘုတ်”ထူထောင်သူ)

အိမ်ထောင်ပြုပြီးသူများနှင့် အိမ်ထောင်မပြုရသေးတဲ့လူငယ်များအတွက်ပါကိုယ့်အိမ်ထောင်ဖက်ကို ဘယ်လိုတန်ဖိုးထားသင့်လဲ?ဘယ်လိုသတ်မှတ်ပြီးရွေးချယ်သင့်လဲ? ဆိုတာတွေကိုသိရှိစေဖို့ရန်အတွက် WCBF TEAM MMR မှ အယူမမှားရအောင်မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်။

ခရက်ဒစ် wcbf team mmr
Photo Internet

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *