(1.8.2021)ရက်နေ့မှစ၍ မြို့နယ် ၅မြို့နယ်ကို ဆန်၊ဆီ၊ကြက်ဥ၊ကြက်သွန် ၄မျိုး (၁၀၀)ကျပ် ဖြင့်ရောင်းချပေးမည်

(1.8.2021)ရက်နေ့မှစ၍ မြို့နယ် ၅မြို့နယ်ကို ဆန်၊ဆီ၊ကြက်ဥ၊ကြက်သွန် ၄မျိုး (၁၀၀)ကျပ် ဖြင့်ရောင်းချပေးမည်

၄ မျိုးကိုမှ ၁၀၀ကျပ်ပါ။ ဆန်တပြည်၊ ဆီငါးဆယ်သား၊ ကြက်ဥဆယ်လုံး၊ ကြက်သွန်ငါးဆယ်သား လေးမျိုးပေါင်း 100 ကျပ်နဲ့ မနက်ဖြန် Mazely Flannel မှာရောင်းပေးမယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာMobile Service ဆရာများမှ ဦးဆောင်ပြီးရန်ကုန်တိုင်းမြို့နယ်ငါးမြို့နယ်( လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊တောင်ဒဂုံ၊ သာကေတ၊ဒလ)တို့တွင်

စားဝတ်နေရေး အခက်ခဲ ဖြစ်နေသူများအတွက်တဦးလျှင်ဆန်တပြည်၊ ဆီငါးဆယ်သား၊ ကြက်ဥဆယ်လုံးကြက်သွန်ငါးဆယ်သား စီလေးမျိုးပေါင်း 100 ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါတယ်။

1/8/2020 ရက်နေ့ ညနေ လေးနာရီ အချိန်တွင် အယောက် (300) အတွက်လှိုင်မြို့နယ် Mazely Flannel ဘူတာရုံလမ်းမှတ်တိုင်အနီး အင်းစိန်လမ်းမတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီးကျန်မြို့နယ်များတွင်လဲနောက်ရက်များတွင်ဆက်လက်ရောင်းချပေးသွားပါမည်။

Mobile Service ဆရာများနှင့်အတူ Myanmar Mobile Service Association (MMSA) အသင်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ စေတနာအလှူရှင်များနှင့် Mazely Flannel မှလဲ လိုအပ်သည်များကိုကူညီပံ့ပိုးပေးထားပါတယ်။

တဦးနှင့်တဦးတဦးနှင့်တဦးထိတွေ့မှုမရှိစေရန် ၆ပေခွာတန်းစီပေးပါရန်နှင့် ငွေစက္ကူများကို ကိုယ်တိုင်ခြင်းထဲထည့်ပြီးကိုယ်တိုင်ပစ္စည်းယူ ခြင်းဖြင့်ကာကွယ်ကြပါ။

တန်းစီရာတွင် အဆင်မပြေသူများကို ဦးစားပေးခြင်းဖြင့် ပြည်သူ အချင်းချင်း ကူညီကြပါ။

1 ရက် 8 လ (မနက်ဖြန်) ညနေ 4:00 မှ စတင်၍ ဝယ်ယူနိုင်ပါပြီ။ လူစုလူဝေးမဖြစ်စေရန်အတွက်မကုန်မချင်းထိုင်ရောင်းပေးမှာ ဖြစ်လို့ ဖြည်းဖြည်း လာခဲ့လို့ရပါတယ်။

Mazely Flannel
အမှတ် (21) ၊ အင်းစိန်လမ်းမကြီး၊ ဘူတာရုံလမ်း မှတ်တိုင်အနီး၊ (9) ရပ်ကွက် ၊ လှိုင်မြို့နယ်၊ ရန်ကုန်။09400715005

Source-Mazely Flannel

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *