ပွဲအပြီး အောင်လအန်ဆန်း ရဲ့ နှလုံးသားက ထွက်ကြလာတဲ့ စကားသံများ

” ဒီပွဲ မထိုးခင် သူပြောထားတာ ကကျနော်ကသူ့ကိုကြောက်နေတယ်တဲ့လေ။ဒါကြောင့်မို့ လုံး၀ မကြောက်ဘူးဆိုတာပြချင်လို့ အစောစောစီးစီး ဖွင့်ထိုးတာ၊ မစ်ဒယ်ဝိတ်တန်း မှာကျနော်ကြောက်တဲ့ ဖိုက်တာ တစ်ယောက်မှ မရှိပါဘူး”

ပွဲပီးတော့ ဥက္ကဌကြီး ချတ်ထရီဆီ သွားပြီး စကားပြောတာတွေ့လိုက်တယ်နော် ဘာတွေ ပြောတာလဲ?
“ကျနော်ပြောတာက ကြိုက်တဲ့ ကောင်နဲ့ ပွဲထပ်ပြီး တည်လို့ရတယ်။ကျနော်ချန်ပီယံ ဖြစ်နေတုန်းကတော့စိန်ခေါ်တဲ့လူတွေကအလျိုလျိုပေါ်လာကြတယ်လေ။

ကုန်ကုန်ပြောရရင် ဝယ်တာဝိတ်ချန်ပီယံအဘာဆော့ ကတောင် စိန်ခေါ်ခဲ့တာပါ။ ပြီးရင်ယိုရှီယိုအိုကာမီ ၊ဘစ်ဒက်ရှ် တို့လဲ ကျန်ပါသေးတယ်။
အဲဒီတော့ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ပွဲတွေ အများကြီး ထပ်တည်လို့ ရပါသေးတယ် ၊ ပွဲ ဖြစ်လိုက်ကြရအောင်ပါ။

မေးခွန်း “ဒီအချိန်မှာ ချန်ပီယံဆု ကို စိန်ခေါ်ဖို့ အသင့်ပြန်ဖြစ်နေပြီလို့ ထင်လား?
ဘယ်ပရိသတ်ကမှ ပျင်းစရာ ကောင်းတဲ့ ပွဲတွေ မကြည့်ချင်ကြပါဘူး ၊ အဲဒီတော့ ဖျော်ဖြေမှု ပေးနိုင်တဲ့ ပွဲတွေပဲ ဆက်ဆွဲကြရအောင်ဗျာ။

ကျနော် ကိုယ်တိုင်လဲ One Championship ပရိသတ်တွေကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ပွဲမျိုးတွေပဲ ထိုးပြချင်ပါတယ်။
ဒီနေရာကနေ မြန်မာပြည်သူတွေ အားလုံးအတွက် ဆုတောင်းပေးချင်တယ်ဗျာ ၊ ဒီနှစ်ဟာ ကျနော်တို့ အားလုံးအတွက် ခက်ခဲတဲ့ နှစ်တစ်နှစ်ပါ။

အထူသဖြင့် မြန်မာပြည်မှာ အခုလို အခက်ခဲတွေ ကြုံတွေ့နေတဲ့အချိန်မျိုးမှာ ၊ကျနော့်အတွက် Gym သွားပြီး ပြင်ဆင်မှုတွေလုပ်ရတာအရမ်းကို ခက်ခဲခဲ့ပါတယ်။
တာဝန်ရှိတဲ့သူတွေအနေနဲ့လဲကိုယ့်အတွက်ပဲ မကြည့်ကြပါနဲ့ မြန်မာပြည်သူတွေ ရဲ့ အနာဂတ်ကိုလဲ စဉ်းစားပေးကြပါဦး လို့ပြောခဲ့ပါတယ်။
