“ကိုဗစ်ကို အနိုင်ယူနိုင်ခဲ့တဲ့ မိဘနှစ်ပါးလုံးအတွက် ပျော်နေတဲ့သရုပ်ဆောင် ထက်အောင်ရှိုင်း”
သရုပ်ဆောင်ထက်အောင်ရှိုင်းရဲ့ မိဘနှစ်ပါးစလုံးကိုဗစ်ကိုအနိုင်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

“အဖေနဲ့ အမေ ရောဂါကပ်ဆိုးကြီးကို အနိုင်တိုက်လိုက်နိုင်ပါပြီ။အခု အောက်စီဂျင်လည်းမကျတော့ဘူး ခေါင်းလည်းမကိုက်တော့ဘူး ။အစားလည်းအရင်လိုပြန်စားနိုင်ပါပြီ။

အရေးကြီးဆုံးက “စိတ်ဓာတ်ခွန်အားပါ” ဒီရောဂါက စိတ်အားလျှော့လိုက်တာနဲ့ဂိမှာပါ။အဖေရောအမေရောကို အချိန်တိုင်းပျော်အောင်ထားတယ်။

အစာနဲ့ဆေးကိုအချိန်မှန်အောင်ကျွေးတယ် တိုက်တယ်။မစားချင်လည်း မရရအောင်ကျွေးတယ် (သားကိုချစ်ရင်စားတို့ဘာတို့ ငယ်ငယ်ကသူတို့လုပ်တဲ့အကွက်တွေ) အဆိုးဆုံးအခြေအနေကို ၅ရက်တစ်ပတ်တော့အနည်းဆုံးကျော်ဖြတ်ခဲ့ရပါတယ်.။

စိတ်ခွန်အား အစာအဟာရနဲ့ဆေးပုံမှန်တိုက်တာကြောင့် နှစ်ပတ်ကျော်တဲ့အချိန်မှာ ပုံမှန်အတိုင်းပြန်စားနိုင်အိပ်နိုင်လာပါတယ် ချောင်းဆိုးတာတော့ကျန်နေပါသေးတယ်။

ကျတော် အဆင်မပြေတဲ့အချိန်မှာ စာလေးနဲ့ဖုန်းလေးနဲ့ပဲဖြစ်ဖြစ်အစစအရာရာကူညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် ။ဘယ်တော့မှမမေ့ပါဘူးဗျာ”လို့ သရုပ်ဆောင်ထက်အောင်ရှိုင်းကပြောပြထားပါတယ် ။
crd