မိုးကုတ်မြီးရှည် လေးလုပ်စားကြမယ်
မိုးကုတ်မြီးရှည်လုပ်နည်းက တက်သလောက်လေးလုပ်ပြီပြန်လည်ဝေမျှပေးခြင်းဖြစ်တဲ့အတွက် အမှားပါရင်လည်း ခွင့်လွတ်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်ရှင့်။ဝက်သားစားသူအတွက်ဝက်သားကိုချက်ထားပြီးဝက်သားမစားသူအတွက်ကြက်သားနှင့်ချက်ကာမုန့်ငါးပွဲစာအတွက်ချက်နည်းလေးဝေမျှလိုက်ပါတယ်။


မုန့်ဖတ်ပြုပ်ရန်မြီးရှည်လက်ညှစ်ဖတ် အဆင်သင့်ရပါက ရေနွေးပူပူမှာ ရေနွေးဖျောပြီးအဆင်သင့်စာလို့ ရပါတယ်။လတ်လတ်ဆတ်ဆတ်မရပါကမုန့်ဖတ်အခြောက်ကိုအသုံးပြုမယ်ဆိုရင်တစ်နာရီခန့်ရေကြိုတင်စိမ်ပေးထားပါ။ရေနွေးကိုပွက်ပွက်ဆူအောင်တည်ပြီးရေစိမ်ထားသော မုန့်ဖတ်အခြောက်ကိုအနေတော်ရအောင်ပြုပ်ပြီးရေနွေးများသွန်ထားပေးပြီးရေစစ်ထားပါ။

ဟင်းဆီသတ်ရန် ဝက်သားနှင့်ကြက်သားကိုကြိုက်နှစ်သက်ရာအသားကိုသုံးမည်ဆိုပါက အသားကိုခပ်နုတ်နုတ်စဉ်းထားပါ။ချင်းနှင့်ကြက်သွန်ဖြူကိုညက်နေအောင် ထောင်းပေးပါဒယ်အိုးတစ်လုံးမှာဆီထည့်ပြီးအပူပေးပါ။ဆီပူလာတာနဲ့ ထောင်းထားသောချင်းနှင့်ကြက်သွန်ဖြူထောင်းကိုထည့်ပြီးဆီသတ်ပေးပါ။ဆီသတ်နံ့လေးမွှေးလာတာနဲ့ဝက်သားသို့မဟုတ်ကြက်သားဆားလက်ဖက်ရည်ဇွန်းတစ်ဝက်နှင့်အချိုမှုန့်လက်ဖက်ရည်ဇွန်းသုံးပုံတစ်ပုံတို့ကိုထည့်မွှေပြီးကျက်တယ်ဆိုရုံလေးဘဲချက်ပေးပါ။ဆီသတ်ချိန်အချိန်အရမ်းကြာသွားပါကအသားများမာသွားတတ်ပါတယ်။

ပဲငါးပိအတွက်ပြင်ဆင်ပါမယ် ပဲငပိအဖတ်မှာအဖတ်များကြီးနေပါကကြိတ်စက်ထဲထည့်ကာကျေသွားအောင်ချေထားပေးပါ။ကြက်သွန်ကြော်ရန်ကြက်သွန်နီကိုအခွံခွာပြီးအလုံးလိုက်ရေဆေးကာခပ်ပါးပါးလှီးထားပါ။ဒယ်အိုးထဲမှာဆီထည့်ပြီးအပူပေးပါ။ဆီပူလာပါကနနွင်းမှုန့်ထည့်ကာဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီကိုထည့်ကြော်ပါ
ကြက်သွန်နီများရွှေအိုရောင်သန်းလာတာနဲ့ဆယ်ပြီးဆီစစ်ထားပါ။


ဟင်းရည်ချက်ရန်ဝက်ရိုးသို့မဟုတ်ကြက်ရိုးကိုရေမြုပ်ရုံထည့်ပြီးတည်ပေးပါ။ဟင်းရည်အိုးတည်ထားစဉ်အပေါ်ယံတက်လာသောအမြှုပ်များကိုခပ်ပြီးသွန်သွန်ပေးပါ။ကြက်သွန်ဖြူအမွှာကြီးကြီး၂မွှာနှင့်ငရုတ်ကောင်းစေ့၁၀စေ့လောက်ကိုညက်အောင်ထောင်းပေးထားပါ။အရိုးထဲမှအချိုရည်များထွက်လာတာနဲ့ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့်အချိုမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးရေမြုပ်ရုံထည့်ပြီးတည်ပေးပါ။ပြုတ်ရည်ပထမတရည်မခမ်းခင်ရေကိုတရုတ်ဟင်းရည်သောက်ပန်ကန်လုံးအလတ် ၃လုံးစာထည့်ပြီး မီးအေးအေးနဲ့ဆူအောင်တည်ထားပါ။ရေဆူလာတာနဲ့အရသာမြည်းပြီးလိုသလိုပြင်ကာငရုတ်ကောင်းကြက်သွန်ဖြူထောင်းကိုခပ်ပေးပြီးခပ်နွေးနွေးတည်ထားပေးပါ။ပဲပင်ပေါက်ကိုလည်း ဟင်းရည်ထဲထည့်ပြီး ရေနွေးဖျောထားပေးပါ။(အစိမ်းကြိုက်ပါကထည့်နိုင်ပါတယ်ရှင့်)

အားလုံးပြီးပြီဆို မုန့်ပွဲပြင်ပါမယ် မြီးရှည်ဖတ်တစ်ပွဲစာကိုယူပြီးရေနွေးဆူဆူမှာဖျောပေးပါ။ရေနွေးဖျောထားသောမြီးရှည်ဖတ်ကိုပန်းကန်တစ်ခုထဲထည့်ပေးပြီးကော်ရည်ဟင်းခတ်ဇွန်းတစ်ဇွန်းလောင်းထည့်ပါ။အပေါ်မှဆီသတ်ထားသောဝက်သားသို့မဟုတ်ကြက်သားကိုထမင်းစားဇွန်းတစ်ဇွန်းပဲငါးပိအနေတော်ကြက်သွန်နီကြော်ကြက်သွန်မိတ်နံနံပင်ငရုတ်ကောင်းမှုန့်၊ပဲပင်ပေါက်၊ငရုတ်သီးကြော်တို့ကိုပြင်ပေးကာဟင်းခါးရည်ဖြင့်တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။
