ကပ်ဘေးဖြစ်နေတဲ့ မြန်မာပြည်သူတွေအတွက် ဆုတောင်းမှုတွေလုပ်ပေးရင် အ  ေ၀းကနေအကူအညီပေးလိုက်ပေမယ့် လိမ်လည်ခံလိုက်ရတယ်လို့ ပြောပြလာတဲ့ သရုပ်ဆောင် ဇူးဇူးမောင်

ကပ်ဘေးဖြစ်နေတဲ့ မြန်မာပြည်သူတွေအတွက် ဆုတောင်းမှုတွေလုပ်ပေးရင် အ  ေ၀းကနေအကူအညီပေးလိုက်ပေမယ့် လိမ်လည်ခံလိုက်ရတယ်လို့ ပြောပြလာတဲ့ သရုပ်ဆောင် ဇူးဇူးမောင်

မြန်မာပြည်သူတွေကတော့ အဆိုးတကာအဆိုးဆုံးအခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့​ဆိုရမှာဖြစ်ပြီး အာဏာထိမ်းသိမ်းမှုကြောင့်အစစအရာရာခက်ခဲနေချိန်ကိုဗစ်ရောဂါတွေပြန်ဖြစ်လာသလို ယခုမှာလည်း ရေဘေးကိုပါ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပြည်ပရောက်​မြန်မာတွေကလည်း မြန်မာပြည်သူတွေအတွက် တတ်နိုင်သလောက်လှူဒါန်းပေးမှုတွေ၊ဆုတောင်းမှုတွေကို ပြုလုပ်နေကြပါတယ်။ ယခုမှာတော့ သရုပ်ဆောင်ဇူးဇူးမောင်တစ်ယောက်ဟာလည်း

Hsi Lai Temple ဆီသွားပြီးမြန်မာပြည်သူ ပြည်သား အားလုံး လက်ရှိအခြေအနေဆိုးကြီးကနေလွတ်မြောက်စေဖို့ ဆုတောင်းပေးနေခဲ့ပါတယ်။သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတွေနဲ့အတူသွားရောက်ပြီး

ဒုက္ခတွေအမျိုးမျိုးကို ရင်ဆိုင်ခံစားနေရတဲ့မြန်မာပြည်သူတွေအတွက်ဆုတောင်းပေးနေခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့သွားရောက်ဆုတောင်းပေးနေတဲ့မိသားစုပုံရိပ်လေးတွေကိုချပြရင်းလိမ်လည်ခံလိုက်ရတဲ့အကြောင်းကိုဖွင့်ဟပြောပြလာခဲ့ပါတယ်။

ဇူးဇူးမောင်ကတော့ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် အဝေးကနေ စေတနာနဲ့ ကူညီပေးလိုက်ပေမယ့် လိမ်လည်တာခံလိုက်ရတာကြောင့် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။သူမကတော့ ” ချိုတို့မိသားစု Hsi Lai Temple သွားပြီး ပြည်သူပြည်သားအားလုံး ဒီလိုအခြေနေဆိုးမှအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ချိုတို့မိသားစု မှဆုတောင်းခဲ့ပါတယ်ရှင်။

အသိမိတ်ဆွေတွေအများကြီးဆုံးရှုံးလိုက်ရတဲ့အတွက် မိသားစုတွေနဲ့ထပ်တူထပ်မျှဝမ်းနည်းမိပါတယ် ချိုတတ်နိုင်တဲ့ ဘက်မှလည်းအစွမ်းကုန်ထောက်ပံ့ကူညီပေးသွားမှာမို့ အားလုံးအားတင်းထားကြမယ်နော်..

အကူအညီလိုအပ်နေတဲ့သူတွေကို စေတနာနဲ့ ကူညီပေးတာကို လိမ်လည်မှုနဲ့လည်း ကိုယ်တို င်ကြုံလိုက်ရလို့ဒီလိုအချိန်မှာလုပ်ရက်လေခြင်းလို့တွေးမိတယ်အားလုံး ငြိမ်းချမ်းသွားတဲ့ တစ်နေ့တော့ ချစ်တဲ့သူတွေနဲ့ပြန်ဆုံချင်ပါသေးတယ် ” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

မြန်မာပြည်သူတွေအတွက် Hsi Lai Templeမှာ သွားရောက်ဆုတောင်းပေးနေတဲ့ ဇူးဇူးမောင်တို့မိသားစုရဲ့ ပုံရိပ် လေးတွေကို ပြန် လည်ဖော် ပြပေးလိုက် ရပါတယ်။

Source : acc channel by alison chloe & cho ‘s facebook page

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *