အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် ဆန်တစ်ပြည် ငွေတစ်ကျပ်နဲ့ ဖြေရှင်းပေးခဲ့တဲ့ လေးစားအတုယူဖွယ် ပြည်သူတစ်ဦး
.

မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပြည်သူ ပြည်သားတွေကတော့ ရုတ်တရာက် ပြောင်းလဲသွားတဲ့ နိုင်ငံရေး အခြေအနေတွေ အပြင် ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကိုပါ ထပ်မံ ရင်ဆိုင်နေရတာကြောင့် အရာရာ အဆင်မပြေမှုတွေကို ကြုံတွေ့နေကြရပါတယ် ။

.
အလုပ်တွေလည်း ရပ်နားထားကြရလို့ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ ၊ ကျန်းမာရေး မကောင်းနေသူတွေ အတွက် စားဝတ်နေရေး အရမ်းကို ခက်ခဲနေကြတာပါ ။

.
ဒီလိုတွေ ပြည်သူတွေ ခက်ခဲနေကြလို့ စေတနာ အလှူရှင်တွေ ပရဟိတ အသင်းတွေ စုပေါင်းပြီး တတ်နိုင်သလောက် ဝိုင်းဝန်းကာ ကူညီထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။

ဒါ့အပြင် ဒီရက်ပိုင်းမှ အဆမတန် ဈေးတက်နေတဲ့ ကြက်ဥတွေကိုလည်း တစ်ချို့ အလှူရှင်တွေက ငွေငါးကျပ်နဲ့ ရောင်းပေးတာတွေ ၊ လှူဒါန်ပေးတာတွေ ပြုလုပ်လာကြတာ တကယ်ကြည်နူး ပီတိဖြစ်စရာပါ ။
.

အခုလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ အိမ်ထောင်စုတွေအတွက် ခဏတာပဲဖြစ်ဖြစ် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဆန်တစ်ပြည် (သို့မဟုတ် ) ကြက်ဥ ဆယ်လုံးကို ငွေတစ်ကျပ်နှုန်းနဲ့ ရောင်းပေးနေတဲ့ ပြည်သူတစ်ဦးရဲ့ ပို့စ်လေး ပျံ့နှံ့ခဲ့ပါတယ် ။

.
ပုံတွေထဲမှာ အလုအယက် လာရောက်ဝယ်ယူပြီး ပျော်ရွှင်နေကြတာကို တွေ့ရတာ အပျော်တွေကူးစက်မိတာ အမှန်ပါပဲ ။

ပရိသတ်ကြီးအတွက် ဆန်တစ်ပြည် (သို့မဟုတ် ) ကြက်ဥ ဆယ်လုံးကို ငွေတစ်ကျပ်နဲ့ ရောင်းချပေးနေတဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

.
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners