မာလာငါးကင်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်

မာလာငါးကင်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

တီလားဗီးယားငါး၊ကြက်သွန်ဖြူ၊ပူဒီနာရွက် (၂)စည်းခန့် ၊ကြက်သွန်ဖြူဥအကြီး (၄-၅)မွှာ၊နံနံပင် အနည်းငယ်၊ငရုပ်သီးစိမ်း အနည်းငယ်ဂျင်းလက်နှစ်ဆစ်ခန့်၊သံပုရာသီးတစ်လုံး၊ပျားရည်၊ဆီ၊ ထောပတ်၊နံနွင်းမှုန့် ၊ဆား၊ငရုပ်သီးအစိမ်းမှုန့် အနည်းငယ်လိုအပ်ပါတယ်။

အချဉ်ရည်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

မန်ကျည်းသီးမှည့်အနည်းငယ်၊ကြက်သွန်ဖြူ (၃)မွှာခန့်၊ငရုပ်သီးခြောက်/ ငရုပ်သီးစိမ်းအနည်းငယ်၊နံနံပင်အနည်းငယ်လိုအပ်ပါမယ်။

ပြင်ဆင်ပြုလုပ်နည်

နံနံပင်၊ကြက်သွန်ဖြူ၊ဂျင်း၊ငရုပ်သီးစိမ်းများကိုအဆင်သင့်ရေဆေးသန့်စင်ထားပါ။ငါးကိုင်ပြီးသားကိုရေစင်အောင်ဆေးပြီးဆားအနည်းငယ်၊နနွင်းမုန့်အနည်းငယ်၊ဂျင်းကိုထောင်းပြီးရလာသောအရည်အနည်းငယ်တို့ဖြင့်အသားထဲစိမ့်ဝင်အောင်နယ်ပြီးနှပ်ထားပါ။(ငါးမကိုင်တတ်ရင်ဝယ်တဲ့ဆိုင်မှာကင်မှာလို့ပြောပြီးတစ်ခါတည်းကိုင်ခိုင်းဖို့မမေ့နဲ့နော်။အိမ်ရောက်ရင်အဆင်သင့်ရေဆေးရုံပဲ)

ဂျင်း၊ကြက်သွန်ဖြူ၊ငရုပ်သီးစိမ်း၊ပူဒီနာရွက်၊နံနံပင်တို့ကိုထောင်းပါ။ပြီးလျှင်ငရုပ်သီးအစိမ်းမှုန့်အနည်းငယ်၊ဆီထမင်းစားဇွန်း၂ဇွန်း၃ဇွန်းခန့်ထည့်ပြီးနယ်ပါ။ ငါးကင်အနံသတ်ဖို့အတွက် အနှစ်ရပါပြီ။ပြီးလျှင်အနှစ်အချို့ကိုငါးကိုယ်အနှံသုတ်လိမ်းပြီးပိုသည်များကိုငါးဝမ်းဗိုက်ထည့်သို့ထည့်သိပ်ပါ။သံပုရာရည်အနည်းငယ်ညှစ်ထည့်လျှင်ပိုကောင်းပါသည်။

ငါးကင်နေစဉ်အပေါ်မှသုတ်လိမ်းရန်ထောပတ်အနည်းငယ်၊ပျားရည်နှင့်ဆီထမင်းစားဇွန်းတစ်ဇွန်းစီခန့်ထည့်မွှေထားပါ။မီးဖိုပြီးသည်နှင့်ကင်နိုင်ပါပြီ။ ထာပတ်နဲ့ပျားရည်စပ်ထားတဲ့အဆီကိုသုတ်လိမ်းပေးဖို့ မမေ့ပါနဲ့နော်မီးဖိုဖို့အဆင်မပြေတဲ့သူတွေကတော့Fried Pen(သို့) Microwave ထဲထည့်ပြီပြုလုပ်နိုင်ပါတယ်။မီးခိုးနံ့ သင်း၊မသင်းပဲကွာသွားမှာပါ။Microwave နဲ့ကင်မယ်ဆိုထောပတ်ဆီသုတ်လိမ်းပြီး၃မိနစ်ခန့်ကင်ပါ။

ကင်နေတုန်းအချဉ်ရည်လုပ်မယ်နော်။မန်ကျည်းသီးမှည့်အနည်းငယ်ကိုရေနွေးဖျော်ပါမယ်။ငရုပ်သီးခြောက်အနည်းငယ်ကိုလည်းရေစိမ်ထားပါမယ်။ငါးကင်ဖို့မထောင်းထုခင်တည်းကလုပ်ထားရင်ပိုအဆင်ပြေပါတယ်။ကိုယ်လိုချင်တဲ့အချဉ်အနေအထားရောက်ရင်ကြက်သွန်ဖြူသုံးမွှာခန့်၊ငရုပ်သီးခြောက်အနည်းငယ်၊ငရုပ်သီးစိမ်းအနည်းငယ်(အစပ်ကြိုက်သူများအတွက်)ကိုရောထောင်းပြီးမန်ကျည်းရည်နှင့်ရောစပ်ပါ။ နံနံပင်အနည်းငယ်ညှပ်ပြီးထည့်ပါ။အချဉ်ရပါပြီရှင့်။

၁၅မိနစ်လောက်ကင်ပြီးလို့မွှေးလာပြီဆိုရင်တစ်ဖက်လှန်ပါ။နှစ်ဖက်လုံးကျက်ပြီဆိုရင်တော့အိမ်မှာလုပ်တဲ့ စပယ်ရှယ်မီးခိုးနံ့ သင်းသင်းလေးနဲ့ ငါးကင် လေးရပါပြီလို့။ အချဉ်လေးကလည်း ကိုယ်တိုင်လုပ်တာဆိုတော့ ဗိုက်နာမှာမပူရတော့ဘူး။ အရမ်းလွှယ်ကူပြီးဈေးသက်သာတာမို့ စမ်းလုပ်စားကြည့်ကြပါလို့

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *