အမေးများတဲ့သူတွေအတွက် ကိုဗစ် ဖြစ်ပြီးရင် ထပ်ဖြစ်နိုင်လား














အမေးများတဲ့သူတွေအတွက် ကိုဗစ် ဖြစ်ပြီးရင် ထပ်ဖြစ်နိုင်လား(Zawgyi)

ကိုယ်ကတော့ ကိုဗစ်ဖြစ်ပြီးလို့ သက်သာသွားပြီ။ အိမ်ကလူတွေ positive ဖြစ်နေလို့ အတူနေလို့ရလားတဲ့ ???

ယေဘူယျအားဖြင့် ပြင်ပမှ ဗိုင်းရပ် ဝင်ရောက်လာတဲ့အခါ မိမိရဲ့ကိုယ်ခံအားစနစ်က ပြန်လည်တိုက်ခိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်အပူချိန်တက်ပြီး ဖျားတတ်ပါတယ်။

ခုခံအားကအနိုင်ရသွားတဲ့အခါရောဂါပျောက်ကင်းပြီးအဆိုပါဗိုင်းရပ်ရဲ့ ပုံပန်းသွင်ပြင်ကို မှတ်သားထားလိုက်ပါတယ်။ဒါကြောင့်နောက်တခါအလားတူ ဗိုင်းရပ်ပိုးဝင်လာတဲ့အခါ ခုခံအားစနစ်ကအလွယ်တကူသိမြင်ပြီးတိုက်ခိုက်နိုင်ပါတယ်။

ဒါကြောင့် အချို့က တခါဖြစ်ပြီးရင် ပြန်မဖြစ်တော့ဘူးလို့ ပြောကြတာပါ။ ကိုဗစ်မှာဆိုလဲ ခုခံအားက တစ်လမှ သုံးလအတွင်း ကာကွယ်နိုင်ပါတယ်။

ဒါပေမယ့်မာယာကြွယ်တဲ့ ကိုဗစ်ဟာ အသွင်ပြောင်းနေတာ ဖြစ်တဲ့အတွက် ရောဂါပိုးဟာ မတူညီတဲ့ပုံသဏ္ဍန်နဲ့ နောက်တစ်ကြိမ်ထပ်မံဝင်ရောက်လာနိုင်ပါတယ်။လက်ရှိ ဖြစ်ပွားနေတဲ့ ကိုဗစ်ဟာမျိုးကွဲ (၄)မျိုး ရှိတဲ့အတွက်မိမိရဲ့ ခုခံအားက အားလုံးကိုမကာကွယ်နိုင်ပါဘူး။

ဒါကြောင့် ကိုဗစ်ရောဂါ ဖြစ်ပွားပြီးရင်တောင်မှ မပေါ့ဆပဲ ကျန်းမာရေးအသိနဲ့ ဒီရောဂါကို ဆက်လက်ကာကွယ်သွားဖို့ လိုပါတယ်။အရမ်းကြီးတော့ စိတ်မညစ်သွားပါနဲ့နော်။ ဘယ်လို မျိုးကွဲလာလာရောဂါကာကွယ်ရေးနည်းလမ်းများနဲ့ကာကွယ်နိုင်ပါတယ်။

ရောဂါကူးစက်ခံရလျှင်တောင်မှမိမိရဲ့ ကိုယ်ခံအားကကောင်းကောင်းတိုက်ထုတ်နိုင်မယ်ဆို ဒီရောဂါကို အနိုင်ယူနိုင်မှာ ဖြစ်တဲ့အတွက် ကိုယ်ခံအားကောင်းစေဖို့

? အာဟာရ ပြည့်ဝအောင်စားပါ။

? ကောင်းစွာ အိပ်စက် အနားယူပါ။

?လိုအပ်တဲ့ ဖြည့်စွက်အာဟာရများကို စားသုံးပါ။ (ဗီတာမင်စီ၊ ဒီ၊ ဇင့် ကြွယ်ဝသော အစားအစာများ)

? စိတ်ဖိစီးမှုကိုလျော့ချပါ။

? အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပါ။

Credit Dr. K
Photo from internet

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *