အောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေအတွက် အလုံး၅၀၀ရောက်ရှိတော့မည်ဟု သတင်းကောင်း မျှဝေခဲ့တဲ့ အဆိုတော် Ah Boy

အဆိုတော် Ah Boy က ကိုကြည်သာဟန်နဲ့ စုပေါင်းပြီး ယခုကာလအတွင်းအောက်ဆီဂျင်လိုအပ်နေတဲ့ ပြည်သူတွေအတွက်သတင်းကောင်းတခုအခုလိုပဲ မျှဝေထားပါတယ်။
“ကျနော် ဒီရက်ပိုင်း ခဏပျောက်နေတာအခြားကြောင့်မဟုတ်ပါဘူး။ ဒီကိုဗစ်ကြောင့် ကျနော်တို့ ပြည်သူပြည်သားတွေကြားမှာအရေးတကြီးလိုအပ်နေတဲ့ အောက်ဆီဂျင်ကို မရရအောင်ဝယ်ယူဖို့ ချိတ်ဆက်ကြိုးပမ်းနေရလို့ပါ။

အခုတော့ အားလုံးအတွက် သတင်းကောင်းပါးချင်ပါတယ်”ကျနော်နဲ့ ကိုကြည်သာဟန်တို့ စုပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ ဒီ Dynamic Health Myanmar အနေနဲ့ 40 Liter Oxygen Cylinder နှင့် ဆက်စပ်ပစ္စည်း Setအလိုက်ကို Unit ပေါင်းအလုံး ၅၀၀သယ်ယူလာဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။

လာမယ့်ရက်၂၀အတွင်းရန်ကုန်ရောက်ပါမယ်”လို့ Ah Boy ကဆိုပါတယ်။ ေရာက်ရှိလာမယ့် အလုံးပေါင်း ၅၀၀ ထဲမှ အလုံးရေ ၁၀၀ကိုအရေးပေါ် အောက်ဆီဂျင် လိုအပ်နေတဲ့လူနာများအတွက်အခမဲ့ငှားရမ်းသွားမယ်လို့ သိရပါတယ်။
“အဆိုပါအလုံးပေါင်း ၅၀၀ထဲမှအလုံးရေ၁၀၀(လှူဒါန်းတန်ဖိုးငွေကျပ် သိန်း ၄၀၀)ကိုကျနော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ DHM မှလတ်တလောအရေးပေါ် အောက်ဆီဂျင်လိုအပ်နေတဲ့လူနာများအားတအိမ်ကို၇ ရက်ဖြင့်အလှည့်ကျအခမဲ့လိုက်လံငှားရမ်းအသုံးပြုခွင့် ပေးမှာပါ”

“ကျန်ရှိတဲ့ အလုံး ၄၀၀ ကိုတော့ ၁ အိုးလျှင် မိမိတို့ ဝယ်ယူတင်သွင်းခဲ့သော တန်ဖိုးငွေ ၃၉၉,၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချပေးသွားမှာပါ။ ကျနော်တို့ဆီမှာ ဝယ်ယူပြီး လက်ကား ပြန်ဖြန့်ချင်သော စီးပွားရေးသမားများကိုတော့ လုံးဝ (လုံးဝ) ရောင်းမည် မဟုတ်ပါ”လို့ Ah Boy က ဆိုပါတယ်။

အဆိုပါ Oxygen Cylinder နှင့် ဆက်စပ်ပစ္စည်း Set အလိုက် Unit များအား တကယ် လိုအပ်နေသူများကိုသာ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။“မိမိ (သို့မဟုတ်) မိသားစုအတွက် တကယ် လိုအပ်နေသောသူများကိုသာ အဓိကထား ရောင်းချပေးသွားပါမယ်။

အားလုံး ကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ကျနော်တို့ ဒီကာလကို အကောင်းဆုံး တယောက်နဲ့ တယောက် ဖေးမကူညီပြီး အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြပါစို့”လို့ Ah boy က ပြောထားပါတယ်။
အဆိုတော် Ah Boy ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ဇနီးဖြစ်သူ မြတ်ရတနာကျော်နဲ့အတူ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ “Support Local Business” ကမ်ပိန်း လုပ်ဆောင်ခဲ့ပါတယ်။

ခရက်ဒစ်