“ကိုဗစ်ကြောင့် ဖခင်လည်းမဲ့ရသလို နေစရာလည်းမဲ့ခဲ့ရတဲ့ ကလေး၃ယောက်အတွက်လှူရှင်ပေါ်လာပြီဟုဆို”

“ကိုဗစ်ကြောင့် ဖခင်လည်းမဲ့ရသလို နေစရာလည်းမဲ့ခဲ့ရတဲ့ ကလေး၃ယောက်အတွက်လှူရှင်ပေါ်လာပြီဟုဆို”

သုဝဏ္ဏသင်္ကန်းကျွန်းဘက်မှာ ဖခင်ဖြစ်သူနဲ့ အတူနေထိုင်တဲ့မောင်နှမ(၃)ယောက် ဖခင်ဖြစ်သူက ရောဂါနဲ့ကွယ်လွန်သွားခဲ့တာကြောင့် ကလေးတွေနေစရာအိမ်ပါမရှိဖြစ်ပြီးဒုက္ခ ရောက်သွားခဲ့ရပါတယ်။

သူ့တို့အဖေအလောင်းကိုလာသယ်မယ့်သူမရှိလို့ ပုလဲမီးသတ်ကသွားရောက်ကူညီပြီး သုသာန်သို့ပို့ပေးခဲ့ပါတယ်။သားအကြီးဆုံးကောင်လေးက အလုပ်လုပ်ပြီးအဖေကိုဆေးကုပေးခဲ့ပါတယ်။

သူတို့လေးတွေနေစရာမရှိ စားစရာမရှိအခက်အခဲကြုံနေရပြီလည်းဖြစ်ပါတယ်။သူတို့အဖေဘော်ဒီလာသယ်တာကိုခေတ္တစောင့်ရှောက်ပေးထားတဲ့နေရာကနေ အဖေ့ကိုသူတို့လှမ်းကြည့်နေတဲ့မြင်ကွင်းကလည်း ရင်နင့်စရာဖြစ်ခဲ့ပါတယ်လို့ မီးသတ်ကိုကို ထင်လင်းအောင်မှ သူ၏ Fb ပေါ်မှာ တင်ပြထားတာပဲဖြစ်ပါတယ်။

အခုလည်း ကလေးတွေအတွက် နေစရာတိုက်ခန်းအတွက် အလှူရှင်ပေါ်လာပါပြီ ။ ကျောင်းဆက်တက်နိုင်ရင်လည်း ကူညီမယ့်အလှူရှင်ပေါ်လာပါပြီ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာဟု ပြောထားပဲဖြစ်ပါတယ်။

ကလေးတွေအတွက် ဝမ်းသာပိတိဖြစ်မိပါတယ်။ လှူတဲ့အလှူရှင်များကိုလည်း မေက သာဓု ခေါ်ပါတယ်ရှင့်။

“ကိုဗစ်ကြောင့် ဖခင်လည်းမဲ့ရသလို နေစရာလည်းမဲ့ခဲ့ရတဲ့ ကလေး၃ယောက်အတွက်လှူရှင်ပေါ်လာပြီဟုဆို”(Zawgyi)






Photo crd -ပုလဲအရန်မီးသတ်တပ်ဖွဲ့
credit; Ko Htin Lin Aung

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *