အံဆုံးပေါက်တဲ့အခါ ခံစားရတာတွေသက်သာပျောက်ကင်းစေမယ့် အိမ်းတွင်းကုထုံး(၆) မျိုး

အံဆုံးပေါက်တဲ့အခါ ခံစားရတာတွေသက်သာပျောက်ကင်းစေမယ့် အိမ်းတွင်းကုထုံး(၆) မျိုး

သင်အံဆုံးပေါက်ပြီဆို ဒါလေးသိထားသင့်ပါတယ်။လူတိုင်းဟာ အန်ဆုံးပေါက်ခြင်းကြောင့်နာကျင်ခြင်းကို ခံစားဖူးကြပါတယ်။

အံဆုံးဆိုတာ တတိယမြောက်အံသွားကိုခေါ်ဆိုခြင်းဖြစ်ပြီး အသက် ၁၈နှစ်နဲ့၂၅နှစ်အတွင်း ရင့်ကျက်တည်ငြိမ်သောအရွယ်မှာ ပေါက်တဲ့သွားမို့ ပညာရှိသွား(wisdom tooth)လို့လဲတင်စားကြပါသေးတယ်။

အံဆုံးပေါက်လို့နာကျင်ခြင်းကိုလောလောလတ်လတ်ခံစားနေရသူများအတွက် အောက်ဖော်ပြပါ နည်းလမ်းကောင်းလေးတွေက ကူညီပေးမှာ ဖြစ်လို့ဆက်လက်ဖတ်ရှုကြည့်ပါနော်။

(၁)ဆားပြုတ်ရည် – ဆားဆိုတာ သဘာဝပိုးသတ်အာနိသင်ရှိသော ဆေးတစ်လက်ဖြစ်ပါတယ်။ဆားကို ရေကြက်သီးနွေးမှာခပ်ထည့်ပြီး ထိုအရည်ဖြင့် ပလုတ်ကျင်းပေးပါ။သွားကိုက်ခြင်းနဲ့လည်ပင်းနာခြင်းများကိုလျင်မြန်စွာသက်သာစေပါလိမ့်မယ်။

ပလုတ်ကျင်းရာမှာလဲ မိနစ်အနည်းငယ်ကြာအောင်ကျင်းဖို့လိုပြီး တစ်နေ့ကို ၄ကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်။လွယ်ကူပြီး အကျိူးရှိသောနည်းတစ်လက်ဖြစ်ပါတယ်။

(၂) ရေခဲကပ်ခြင်း – ရေခဲက ရောင်ယမ်းခြင်းအားလုံးကိုသက်သာစေကြောင်း ကျွန်တော်တို့သိကြပြီး ဖြစ်ပါတယ်။ရေခဲကပ်ရာမှာ ၁၅မိနစ်ကြာအောင်ကပ်ပြီး ၁၅မိနစ်ကြာအောင် အနားပေးပါ။ထိုနည်းအတိုင်း အကြိမ်များစွာပြုလုပ်ပေးပါ။

(၃) လေးညှင်း – သွားကိုက်ခြင်းကိုသက်သာဖို့ ရှေးခေတ်ကတည်းကပင် အသုံးပြုခဲ့ကြပါတယ်။နာကျင်သောနေရာပေါ်သို့အုံပေးခြင်းဖြင့် နာကျင်ခြင်းကိုသက်သာစေပါတယ်။အချိူ့ကလည်း လေးညှင်းဆီကိုအသုံးပြုကြပါတယ်။

(၄)နနွင်း – နနွင်းမှာ ပါသောပိုးသတ်အာနိသင်ကြောင့် သွားနာခြင်းကိုသက်သာစေပါတယ်။ထိုမျှမကသွားဖုံးယောင်ခြင်းကို သက်သာစေတဲ့အပြင် ပိုးမွှားများကိုလဲသေစေပါတယ်။ နနွင်းမှုန့်အနည်းငယ်ကိုရေနွေးထဲရောပြီး ပလုတ်ကျင်းရည်အဖြစ် အသုံးပြုပေးပါ။

(၅)ပူစီနံ ရွက် – သွားကိုက်သောနေရာသို့ ပူစီနံရွက်အနည်းငယ်ကို ၁၅မိနစ်ခန့်အုံပေးပါ။ သွားကိုက်ခြင်းအပြင် လည်ချောင်းနာခြင်းကိုပါသက်သာစေသောအစွမ်းရှိပါတယ်။

(၆)ကြက်သွန်နီ – ကြက်သွန်နီမှာ ပိုးသတ်အာနိသင်အပြင် ရောင်ယမ်းခြင်းကိုလျော့ပါးစေသောအာနိသင်ပါရှိတာမို့ သွားနာခြင်းကိုသက်သာစေပါတယ်။ နာကျင်နေသော အံဆုံးပေါ်သို့ ။ကြက်သွန်နီအနည်းငယ်ကို ၁၅မိနစ်ခန့်အုံပေးပါ။

ခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *