ကြက်သားဆန်ပြုတ်များကို ကိုယ်တိုင်ကိုယ်ကျ အလှူဒါနပြုလုပ်ပေးနေတဲ့ ဘေဘီမောင်

ကြက်သားဆန်ပြုတ်များကို ကိုယ်တိုင်ကိုယ်ကျ အလှူဒါနပြုလုပ်ပေးနေတဲ့ ဘေဘီမောင်

မင်းသမီးချောလေး ဘေဘီမောင်ကတော့ အောင်မြင်နေတဲ့သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး

ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကို အပြည့်အဝရရှိနေတဲ့သူလေးပဲဖြစ်ပါတယ် ။ မော်လ်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီးကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်အသိအမှတ်ပြုတဲ့ မင်းသမီးတစ်လက်လည်းဖြစ်နေပါပြီ ။

ဘေဘီမောင်က အချစ်ရေးမှာလည်း ကံကောင်းတဲ့သူတစ်ဦးဖြစ်ပြီးတော့ အဆိုတော်သားဂန်းနဲ့လည်း ပျော်ရွှင်ကြည်နူးစရာ relationshipလေးကိုတည်ဆောက်ထားကြတာဖြစ်ပါတယ်။

ဘေဘီမောင်ဟာ အခုလက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေအပြင် စီးပွားရေးဘက်ကိုလည်း ဦးစားပေးပြီးလုပ်ကိုင်နေတာဖြစ်ပြီး ကိုယ်ပိုင်ဖက်ရှင်ဆိုင်ဖွင့်လှစ်ထားတာဖြစ်ပါတယ် ။

အလှူအတန်းဆိုရင်လည်း ရက်ရောသူလေးဖြစ်ရာအခုလည်းသူရဲ့အိမ်နားမှာ ကြက်သားဆန်ပြုတ်များကို ကိုယ်တိုင်လှူဒါန်းကာမွန်မြတ်တဲ့အလှူလေး ပြုခဲ့ပါတယ် ။

အလှူပုံလေးတွေနဲ့ အတူ ” ဒီနေ့အဖို့ လှူချင်တဲ့ ကြက်သားဆန်ပြုတ်လေး ဒါနမြောက်စွာ လှူပြီးပါပြီရှင့်။ နောက်ထပ် ၄ရက်ထပ်လှူပေးအုန်းမှာပါရှင့်။

ချစ်ရတဲ့ပရိတ်သတ်များလည်းသာဓုခေါ်ပေးပါနော် ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

ကြက်သားဆန်ပြုတ်များကို ကိုယ်တိုင်ကိုယ်ကျ အလှူဒါနပြုလုပ်ပေးနေတဲ့ ဘေဘီမောင်(Zawgyi)








Credit by Baby Maung

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *