ဦးကျော်သူ နာရေးကူညီမှုအသင်းမှာ အောက်ဆီဂျင်အတွက် အလှူငွေ လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်ထူးခန့်ကျော်

ဦးကျော်သူ နာရေးကူညီမှုအသင်းမှာ အောက်ဆီဂျင်အတွက် အလှူငွေ လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်ထူးခန့်ကျော်

အင်မတန်မမေ့နိုင်သောနေ့ လူဖြစ်ခွင့်တရက်သာနပ်ခဲ့သောနေ့ ကျွန်တော်ဒီကနေ့ကိုကျော်သူနာရေးကူညီမှု့အသင်းမှာ အောက်ဆီဂျင်အတွက်အလှူငွေ၁၀သိန်းကျပ်လှူဒါန်းခဲ့ပါသည်။

ကျွန်တော်ထုံကျင်ကိုက်ခဲလေဖြတ်လေငန်းစသည့် အရိုးအကြောနှင့်ပတ်သက်သောရောဂါများအား အခမဲ့ကုသပေးရာတွင်ကျွန်တော်ထံလူမျိုးဘာသာမရွေး လာရောက်ကုသသောဝေဒနာရှင်များရှိပါသည်။

ထိုသူများသည်ကျွန်တော်စေတီတည်ဖို့ရာအတွက် အလှူခံပုံးထဲလှူသွားသလို ကျွန်တော်အတွက်လည်းသုံးဖို့လှူသွားကြလေသည် ။

ကျွန်တော်သုံးဖို့လှူသွားကြသောအလှူငွေလေးများကို စုဆောင်းထားခဲ့ရာဒီကနေ့တော့ ကျွန်တော်သုံးမည့်အစား လိုအပ်နေသောအောက်ဆီဂျင်အတွက်ဒီကနေ့လှူဒါန်းခဲ့လိုက်ပေသည်။

ဤအလှူသည်လူမျိုးမရွေး ဘာသာမရွေးသောအလှူပင်ဖြစ်သလို ဒီCovid19ရောဂါဆိုးကြီးအားခံစားနေရသောလူနာများ၏အလှူဖြစ်သလို ဒီရောဂါဆိုးကြီးကြောင့်ကွယ်လွန်သွားသောကွယ်လွန်သူများအားရည်စူး၍လှူသောအလှူ

၇ရက်သားသမီးအပေါင်းသူတော်ကောင်းတို့၏အလှူပင်ဖြစ်ပေသည်။ ဤကောင်းမှု့ကြောင့်လက်ရှိကျရောက်နေသောကပ်ဆိုးကြီးများဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးတို့မှကင်းဝေးကြစေပြီး

Covid19ရောဂါဆိုးကြောင့်ကွယ်လွန်သွားသောသူများနှင့် အခြားခြားသောရောဂါဆိုးကြောင့်ကွယ်လွန်သွားသောသူများ ဤအောက်ဆီဂျင်လှူဒါန်းရသောကောင်းမှု့တို့ကြောင့် မြင့်မြတ်ရာဘုံဘဝသို့ရောက်ရှိကြပါစေ။

ကောင်းကျိုးလိုအင်ဟူသမျှပြီးပြည့်စုံစွာရရှိကြ၍ အားလုံးကျန်းမာလို့ချမ်းသာကြပါစေ …လို့ သူ၏ Fb page မှာ တင်ထားတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ကိုထူးခန့်ကျော်၏ အလှူလေးမှာ သာဓုခေါ်ဆိုနိုင်ရန် ပြန်လည် မျှဝေပေးလိုက်ခြငင်းဖြစ် ပါတယ်ရှင်….

ဦးကျော်သူ နာရေးကူညီမှုအသင်းမှာ အောက်ဆီဂျင်အတွက် အလှူငွေ လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်ထူးခန့်ကျော်(Zawgyi)









credit ; HtooKhantKyaw

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *