အခု online မှာခေတ်ထနေတဲ့ ခေါက်ဆင့်ပါတူးလုပ်နည်း

အခု online မှာခေတ်ထနေတဲ့ ခေါက်ဆင့်ပါတူးလုပ်နည်း

ဆိုင်တွေမှာဈေးကြီးပေးစားစရာမလိုပဲ မိမိတို့အိမ်မှာ သန့်ရှင်းလတ်ဆက်ပြီး ကျန်းမာရေးနဲ့အညီမိသားစုလိုက်အဝစားလို့ရပါတယ်။ ခေါက်ဆင့်ပါတူးမှာ အဓိက ဇာတ်ဆောင်ကတော့ အချဉ်ရည်ပါပဲရှင့်

ပါဝင်ပစ္စည်းများ

၁။ တီလားဗီးရားငါး (သို့) ပလာတူးငါး (မိမိနှစ်သက်ရာငါးကိုအသုံးပြုနိုင်ပါတယ်)

၂။ဆလက်ရွက်

၃။နံနံပင်

၎။မုန်လာဥနီ

၅။သခွားသီး

၆။သံပုရာသီး

၇။မုန့်တီဖတ်

ချက်ပြုတ်နည်း ကတော့လွယ်ပါတယ်.၊ငါးကိုရေဆေးသန့်စင်ပြီး ဆား ဆနွန်းအရသာမှုန့်ထည့်နယ်ပြီး နာရီဝက်လောက်နှပ်ထားပြီး ကြော်ပါမယ်။ အထက်မှာပါဝင်တဲ့ အသီးအရွက်တွေကို ဆားရည်မှာ မိနစ် ၃၀လောက် စိမ်ပြီးမှ ရေ အထပ်ထပ်ဆေးပါမယ်။ပြီးရင် သခွားသီး မုန်လာဥနီ သံပုရာသီး မိမိနှစ်သက်သလို လှီးထားပါမယ်။

အချဉ်ဖျော်ဖို့အတွက် လိုအပ်သောပစ္စည်းတွေကတော့ မန်ကျီးသီးမှည့်ကိုရေဆေးပြီး ထန်ညက်လေးတစ်လုံးလောက်နဲ့ ရေနွေးစိမ်ပြီး အရည်စစ်ယူပါမယ်။ ပြီးရင်ငရုတ်သီး ကြက်သွန်ဖြူနှင့်မြေပဲလှော်အနည်းငယ်ထောင်းပြီးထည့်ပါ။နံနံပင်အနည်းငယ်နုတ်နုစင်းထည့်ပါမယ်။နှမ်းလှော်အနည်းငယ်ထည့်ပါမယ်။ဆားအရသာမှုန့်ငံပြာရည်သံပုရာရည်လေးအနည်းငယ်ထည့်ပြီးအပေ့ါအငံမြည်းကြည့်ပြီးရင်ရပါပြီအချဉ်ရည်စပ်နည်းလေး။

စားဖို့အတွက်ပြင်ပါမယ် – ဗန်းတစ်ခုထဲကို ငါးကြော်ထည့်၊မုန့်ဖက်၊ဥနီ၊သခွားသီး၊သံပုရာသီပါးပါးလှီး၊ နံနံပင်။ဆလက်ရွက်ထည့်ပြီး အချဉ်ရည်ပန်ကန်လေးချပြီး သုံးဆောင်လို့ရပါပြီရှင့် အကုန်အကျသက်သက်သာပြီး လုပ်ရတာလည်းလွယ်ကူလို့ မိသားစုတွေလည်း၀၀လင်လင်စားရလို့အဆင်ပြေပါတယ်ရှင့်

အားလုံးပဲအဆင်ပြေကြပါစေရှင့်။လိုအပ်တာလေးတွေရှိရင်လည်းအကြံပြုပေးကြပါအုံးရှင့်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *