သူမ တတ်နိုင်သလောက်လှူဒါန်းပေးတဲ့အပေါ် လိမ်တယ်ဆိုပြီး ဆဲဆိုကျိန်စာတိုက်နေတဲ့ သူတွေကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့ MRTV4မင်းသမီးချော မြတ်သူသူ

သူမ တတ်နိုင်သလောက်လှူဒါန်းပေးတဲ့အပေါ် လိမ်တယ်ဆိုပြီး ဆဲဆိုကျိန်စာတိုက်နေတဲ့ သူတွေကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့ MRTV4မင်းသမီးချော မြတ်သူသူ

ချစ်လှစွာသော ပြည်တွင်းရေးမြငိမ်သက်မှုတွေအပြင် Covid 19 ကူးစက်မြန်လွန်းတဲ့ကပ်ရောဂါတွေကြောင့်အစစအရာရာခက်ခဲကြပ်တည်းနေကြကာလဆိုးကြီးမှာ ပြည်သူတွေကေတာ့အပူသောကတွေနဲ့ ဒုက္ခတွေခါးစည်း ခံနေကြရတာပါ..။

သရုပ်ဆောင် မင်းသမီးချော မြတ်သူသူ ကတော့အခုလို ပြည်သူတွေအများအပြား အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေနေကြရတဲ့ အချိန်မှာ တတ်နိုင်သလောက်လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်…။

ပြီးခဲ့တဲ့ရက်တွေကလည်း မြတ်သူသူ ဟာသူမကိုအကူအညီလာတောင်းကြသူတွေကိုအလှူငွေတွေတတ်နိုင်သလောက် ဖေးမကူညီခဲ့ပေမယ့်လူတိုင်းကို မကူညီနိုင်ခဲ့တာကြောင့်လူတချို့ရဲ့အပြစ်ပြောဝေဖန်မှုတွေကိုခံနေရပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်နေရပါတယ်..။

တစ်ယောက်ကို (၂) သောင်းနှုန်းနဲ့အလှူငွေ (၅)သိန်းကိုခွဲဝေလှူဒါန်းခဲ့ပေမယ့်မရခဲ့တဲ့တချို့လူတွေဟာလိမ်တယ်ဆိုပြီးဆဲဆိုကျိန် စာတိုက်တာတွေကြောင့်စိတ်မကောင်းဖြစ်ရသလိုအကုန်လုံးကို မကူညီနိုင်တဲ့အတွက်ရင်နာရတဲ့အေ ကြာင်းတွေကို ရေးသားပြောပြလာပါတယ်…။

“မနေ့က အလှူငွေ (၅)သိန်း လှူတာမရလို့ဆိုပြီးကျိန်စာမတိုက်ပါနဲ့ရှင် ? ကိုယ့်အပူမှပူတယ်မထင်ကြပါနဲ့ အခုကတနေရာထဲကွက်ဒုက္ခရောက်နေတာ မဟုတ်ပါဘူးတတိုင်းပြည်လုံးဖြစ်နေကြတာပါ မြတ်သူ ထက်ပိုချမ်းသာတဲ့သူတွေတောင်လူတိုင်းစေ့အောင်လုပ်နိုင်ဖို့ မလွယ်ကူတဲ့အခြေအနေပါ။

မနေ့ကပေးမယ်ပြောပြီး မပေးပဲလိမ်တယ်ဆိုပြီး ပို့ကြတာလည်းစိတ်မကောင်းပါဘူးတကယ်လှူခဲ့တာ မယုံရင်ဝင်ကြည့်ကြပါ။

မြတ်သူနိုင်တဲ့အားလေးနဲ့ အကုန်လုံးတော့ မြတ်သူ လည်းမလှူနိုင်သေးပါဘူးအလှူခံပြီးပြန်လှူတဲ့သူမဟုတ်တော့ကိုယ့်ထဲရှိတဲ့ထဲကပဲနိုင်သလောက်လှူရတာပါ အနုပညာအလုပ်မလုပ်ရတာတနှစ်ခွဲကျော်ပါပြီ။

မနေ့ကဆိုလည်း ခေါင်းတွေတအား ကိုက်ရင်းစာတွေမနည်းလိုက်ဖတ်နေရတာပါ ကိုယ်နိုင်တာထက် ပိုလှူချင်လို့လည်း ရင်တွေနာရပါတယ် ။အားကိုးတကြီးနဲ့အဆင်မပြေတဲ့သူတွေအများကြီးလာအလှူခံကြတာတကယ်ရင်တွေနာရစိတ်တွေမေကာင်းဖြစ်ရပါတယ်။

အခုချိန်မှာ ပြောနိုင်တာက မြတ်သူ လက်ထဲရှိတာနဲ့ ထပ် လှူပေးပါမယ်ရှင် ကျိန်စာတော့ မတိုက်ကြပါနဲ့ ???အခုထက်ပို ဘာသာ သာသနာအ ကျိုးသယ် ပိုးနိုင်တဲ့ တန်ဖိုးရှိသူ တယောက်ြ ဖစ်ပါရစေ ???.. ” ဆိူပြီး

စိတ်မကောင်းစွာ ရေးသား ထားသလို “edit- အရင်က ကိုယ့်ဝန်းကျင်ကလူေ တွပဲ လိုင်းပေါ်မတင်ပဲ လှူပါတယ် လစဉ်တာဝန်ယူထားရတာတွေလည်းရှိပါတယ်သိတဲ့သူတွေပဲရနေလို့ အခုကမသိတဲ့သူတွေပါ ခက်ခဲနေရင် ရအောင်လှူပေးလို က်တဲ့သဘောပါ..”

ဆိုပြီးတော့လည်းသူမရဲ့အလှူလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။အခုလို ခက်ခဲလွန်းတဲ့ အချိန်ကာ လကြီးမှာ အကူအညီလို အပ်နေသူတွေအတွက်တတ် နိုင်သလောက် လှူဒါန်းနေတဲ့အ =လှူရှင်တွေကိုချီးကျူးသာဓုခေါ် ရသလို

အလှူခံပုဂ္ဂိုလ်တွေဘက်ကလည်း တချို့သောအဆင်မပြေမှုလေးေ တွကို နားလည်ပေးကြဖို့ လည်း မေတ္တာရပ်ခံတို က်တွန်းလို က်ပါတယ်နော်..။

Credit

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *