ကိုဗစ်ရောဂါအား ခန္ဓာကိုယ်ထဲကနေ တိုက်ထုတ်ဖို့ အဓိကလုပ်ဆောင်ရမယ့်နည်းလမ်းတစ်ချို့အား ရေးသားဝေမျှပေးလာတဲ့ နီနီခင်ဇော်

ကိုဗစ်ရောဂါအား ခန္ဓာကိုယ်ထဲကနေ တိုက်ထုတ်ဖို့ အဓိကလုပ်ဆောင်ရမယ့်နည်းလမ်းတစ်ချို့အား ရေးသားဝေမျှပေးလာတဲ့ နီနီခင်ဇော်

လက်ရှိအခြေအနေမှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေဟာ အတော်ကိုဆိုးရွားနေပြီး လူတော်တော်များများ အောက်ဆီဂျင်ပြတ်လပ်တဲ့အခြေအနေများနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ဆရာဝန်များကလည်း အတတ်နိုင်ဆုံးထိန်းချုပ်ကာကွယ်နိုင်စေမယ့် နည်းလမ်းများကို ပြည်သူတွေ သိရှိကြစေဖို့အမြဲလိုလို ရေးသားဝေမျှပေးနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင်လောက်ကလည်း အဆိုတော် နီနီခင်ဇော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ကိုဗစ်ရောဂါကူးစက်ခံရပါက ပြုလုပ်ရမယ့် အရေးကြီးအချက်အလက်များကို ဗဟုသုတရရှိစေဖို့ ဝေမျှပေးလာတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေဆိုးမှာ ကိုယ်ခံအားကို အားကိုးပြီးရောဂါကို တိုက်ထုတ်ကြဖို့ အကြံပေးတိုက်တန်းထားတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်း ဆုံးရှုံးသွားတဲ့အသက်တွေအများကြီးရှိနေသလို လုံးဝနေပြန်ကောင်းလာတဲ့မိတ်ဆွေသူငယ်ချင်းတွေ အများကြီးရှိပါတယ်။

အိမ်တိုင်းနီးပါး ကိုစ်Pဖြစ်လာကြတဲ့အတွက် အားလုံးစိတ်ပူပင်နေကြတာကို မြင်တွေ့နေရတာ စိတ်မကောင်းဖြစ်ရတဲ့အတွက်သူမသိသလောက် ကျန်းမာရေးဗဟုသုတများကိုရေးသားဝေမျှပေးဖို့စိတ်ကူးရလာတာ ဖြစ်ပါတယ်။

အဓိက oxygenပြတ်တာလို့ မြင်နေကြတဲ့အပေါ် အိမ်မှာဘယ်လိုမျိုး Home Care Treatment ပေးနိုင်မလဲ၊ ဘယ်လိုနေထိုင်သင့်တယ် ဆိုတာတွေကိုလည်း အခုလို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ဖေ့စ်ဘွတ်ပေါ်က စိုးရိမ်စရာသတင်းတွေကြောင့် စိတ်ဖိစီးမှုတွေ စိုးရိမ်မှုတွေ လျှော့ချစေချင်ကြောင်း၊ စိတ်နဲ့ကိုယ်ခံအားနဲ့ အရင်တိုက်ရမယ့် ရောဂါဖြစ်တာကြောင့်

ချစ်ခင်ရတဲ့သူတွေနဲ့ မိတ်ဆွေတွေကို အားပေးစကား အမြဲပြောပေးဖို့နဲ့ အားလုံး ရောဂါကပ်ဆိုးတွေအဆိုးတွေကြားမှာစိတ်ဓါတ်ခိုင်မာစွာနဲ့ ကျော်ဖြတ်ကြရပါမယ်အားတင်းထားပါ မြန်မာဆိုပြီးတော့လဲရေးသားထားတာဖြစ်ပါတယ်။

နီနီရေးသားထားတဲ့အချက်အလက်တွေဟာ တကယ်ကို အသုံးဝင်လောက်မယ့် နည်းလမ်းတွေဖြစ်ပြီးရောဂါမဖြစ်ဖို့ ကြိုတင်ကာကွယ်ထားရန်လိုအပ်ပါတယ်။

ပြည်သူများအားလုံး ကျရောက်နေတဲ့ ကပ်ဆိုးကြီးဘေးမှအမြန်ဆုံးကင်းလွတ်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *