မြန်မာဆိပ်ကမ်းအာဏာပိုင်မှ ရပ်နားထားသည့် အောက်ဆီဂျင်စက်ရုံပြန်လည်လည်ပတ်ဖြည့်တင်းမှု့များလုပ်ဆောင်နေပြီဟုဆို

မြန်မာဆိပ်ကမ်းအာဏာပိုင်မှ ရပ်နားထားသည့် အောက်ဆီဂျင်စက်ရုံပြန်လည်လည်ပတ်ဖြည့်တင်းမှု့များလုပ်ဆောင်နေပြီဟုဆို

ကိုဗစ်ရောဂါဖြစ်ပွားနှုန်း များပြားလာခြင်း၊ Oxygen လိုအပ်မှုများပြားလာခြင်းတို့ကြောင့် ရပ်နားထားသည့်မြန်မာဆိပ်ကမ်းအာဏာပိုင်၏

အောက်ဆီဂျင်စက်ရုံကို ပြန်လည်လည်ပတ်ကာကိုဗစ်စင်တာများနှင့်အများပြည်သူ ကို ဖြန့်ဖြူးပေးနေကြောင်း ဆိပ်ကမ်းအာဏာပိုင်မှ ဇူလိုင် ၉ရက်တွင် သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာန၊သိမ်ဖြူသင်္ဘောကျင်းရှိ အောက်ဆီဂျင် စက်ရုံသည်ယခုအခါ ပြန်လည် လည်ပတ်၍ တစ်ရက်ထွက်ရှိသည့် 220 cu-ft အောက်ဆီဂျင်အိုး ၁၅၀ လုံးခန့်ကို ဇူလိုင် ၆ ရက်နေ့မှစတင်၍

ကိုဗစ်ရောဂါ ရောဂါဖြစ်ပွားသောလူနာများအသုံးပြုသည့် အောက်ဆီဂျင်အိုးငယ် များနှင့် အင်းယားစင်တာနှင့် အစိုးရ ကိုဗစ်ရောဂါအထူးကုဌာနများတွင် အသုံးပြုသော အောက်ဆီဂျင်အိုးများအား မြဖြန့်ဖြူးပေးလျှက်ရှိပါသည်။

ထို့အပြင် အများပြည်သူသို့လည်းနေ့စဉ် နံနက် ၆နာရီမှ ညနေ ၆နာရီ အင်းယားစင်တာနှင့် အစိုးရဆေးရုံများသို့ ည နေ၆နာရီမှ-နံနက် ၆နာရီအထိလည်ကောင်း ဖြန့်ဖြူးပေးလျှက်ရှိသည်။

အောက်ဆီဂျင် လိုအပ်သူများအနေဖြင့် အောက်ဆီဂျင်စက်ရုံ၊ သိမ်ဖြူသင်္ဘောကျင်း၊ ကမ်းနားလမ်းသစ်၊ Toll Gate အနီး၊ ဗိုလ်တစ်ထောင်မြို့နယ်.Address on Google Map: 16.76836314365323, 96.16922739018533 သို့ သွားရောက် ဝယ်ယူဖြည့်တင်းနိုင်ကြောင်း ကြေညာထားသည်။








ခရက်ဒစ်
ဓါတ်ပုံ ဆိပ်ကမ်းအာဏာပိုင်

Facebook Comments Box