Home made Sandwich ပေါင်မုန့်လုပ်နည်

Home made Sandwich ပေါင်မုန့်လုပ်နည်း (ကြာချိန် ၄နာရီ)


ပါဝင်ပစ္စည်းများ


ပေါင်မုန့်ဂျုံ 330g


ရေခပ်နွေးနွေး 50g


နွားနို့ ခပ်နွေးနွေး 150g


သကြား50g


ရိစ် 7g၊


ကြက်ဥ 1လုံး


ဆား 5g


ထောပတ်(သို့မဟုတ်)ဆီ20g


မီးအား၂၀၀နှင့်၃၅မိနစ် ပြီးလျှင်


မီးအား ၂၂၀ နှင့် ၁၅ မိနစ် ဖုတ်ပါ။


ရေခပ်နွေးနွေးထဲသို့သကြား5gနှင့်ရိစ် 5gထည့်ပြီးမွှေပါ။၁၀မိနစ်စောင့်ပါ။ရိစ်ကအမြှုတ်ထရပါမယ်။ အမြှုတ်မထလျှင်ပေါင်မုန့်လုပ်လို့မရပါဘူး။ရိစ်သေနေလို့ပါ။ဇကာချထားသောဂျုံမှုန့်ထဲသို့ဆားသကြားထည့်ပြီးသမအောင်မွှေထားပါ။ ထို့နောက်ဂျုံဆားသကြားထဲသို့ကြက်ဥခလောက်ထည့်နွားနို့ထည့်ပြီးရိစ်ဖျော်ထားသောအရည်ထည့်ပြီးနယ်ပါ။ ၁၅မိနစ်အုပ်ထားပါ။ထောပတ်ထည့်ပါ။ထို့နောက်အဝတ်လျှော်သကဲ့သို့ရိုက်ပြီး၁၅ မိနစ်နယ်ပါ။သေချာချာနယ်ပါ။ဂျုံကိုဆွဲကြည့်ပြီးပိတ်စပါးပါးလေးကဲ့သို့ဖြစ်လျှင်ရပါပြီ။

ပြီးတနာရီပိတ်ပါးစရေစွတ်ပြီးအုပ်ထားပါ။တနာရီပြည့်လျှင်ထုတ်ပြီးဂျုံအားလေထုတ်ပါ။တစ်နာရီပြန်အုပ်ထားပါ။ထို့နောက်ပုံသွင်းပြီးတနာရီကြာ၂ဆပွလာလျှင်ပေါင်မုန့်မျက်နှာပြင်အားနွားနို့သုတ်ပါ။

၁နာရီပြည့်လို့ပွလာတဲ့အခါအတော်လောက်ပါဘဲ။Ovenအားပေါင်မုန့်မဖုတ်ခင်၁၈၀C ဖြင့်၁၀မိနစ်ကြိုတင်အပူပေးထားပါ။အပေါ်မီးအောက်မီးမီးအပူချိန်၁၈၀ဖြင့်၁၅မိနစ်မှ ၂၂မိနစ် Oven အောက်ဆုံးအဆင့်ထားပြီးဖုတ်ပါ။ သို့မဟုတ် ကိုယ်လိုချင်တဲ့ အရောင်ရသည်အထိဖုတ်ပါ။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *